ဖြတ်ပိုင်း

Tuesday, January 24, 2012


ဧရာဝတီသတင်းဌာန ခင်ဗျာ

ကျွန်တော်က အဝေးပြေးကား မောင်းသမား တစ်ယောက်ပါ။ အခု ကျွန်တော် ဂိတ်တွေကို မကျေနပ်လို့ ဘယ်လို တိုင်ရမှန်းမသိလို့ စာရေးလိုက်တာပါ။

၁၄ .၁.၂၀၁၂ ညနေ ၄နာရီကျော်မှာ ကျွန်တော်တို့ ကားမူဆယ် ၁၀၅ မိုင်က ကုန်စစ်ဆေးပြီး လားရှိုးဘက်ကို ထွက်ခွာပါတယ်။ ၁၀၅ မိုင်အထွက်က မောင်းတံတစ်ခုရှိပါတယ်။ ပို့ ဆက်နဲ့  ရဲဌာနတို့ က အဲဒီမောင်းတံ ဖွင့်ပေးတာပါ။ အဲဒီမှာ ထုံးစံအတိုင်း ဖြတ်ပိုင်းပြပြီး ထွက်ရပါတယ်။

အဲဒီနေ့ က ကားတွေများနေလို့  ဖြတ်ပိုင်းပေးပြီး ရဲက သွားခိုင်းပါတယ်။ မောင်းတံကျော်ပြီး အေးရှားဝေါလ်ဂိတ်နား ရောက်တော့ ပို့ ဆက်က လာစောင့်ပြီး သူတို့ကို စာရွက်မပြလို့  စည်းကမ်းပျက်တယ် ဆိုပြီး ဒဏ်ရိုက်ပါတယ်။ ကားတိုင်းကို ငွေငါးထောင်စီတောင်းပါတယ်။

ကျွန်တော်တို့ က ဘာမှ မဟုတ်တာ လုပ်တာလဲ မဟုတ်ဘူး.. သတ်မှတ်ကုန်ချိန် ၂၅ တန် မှာ ၂၄.၃ တန် အထိပဲ တင်ပြီး သူတို့ စည်းကမ်းအတိုင်း သွားတာပါ။ စာရွက်စာတမ်းတွေလည်း ပြပါတယ်။ အဲဒါ ဒဏ်ရိုက် ရင် ဖြတ်ပိုင်းပေးလို့  ပြောတော့ စာရွက်အဟောင်း တစ်ခုပေါ်မှာ ဖြစ်သလို နဲ့ စည်းပျက်လို့ စာရေးပြီး ပေးပါတယ်။

ဒါနဲ့ နာမည်နဲ့ လက်မှတ် ထိုးပေးလို့ ပြောတော့.. အင်တင်တင်နဲ့ စာရွက်နောက်မှာ နိုင်ဝင်းဆိုတဲ့နာမည်ပဲရေး ပေးလိုက်ပါတယ်။ ကျွန်တော်တို့ က စည်းကမ်းပျက်နေတာလဲမဟုတ်ဘူး..ခင်ဗျားတို့ မောင်းတံကရဲကိုလည်းပြပြီးပြီ၊ ပို့ ဆက်ကိုလည်း စာရွက်တွေပြပြီးမှ သွားစေချင်ရင် ခင်ဗျားတို့ ညွန်မှုးကို ညွန်ကြားချက်ထုတ်ခိုင်းပါလားလို့ ပြောတော့..မလိုဘူး အဲဒါသူတို့ အလုပ်လို့ ပြောပါတယ်။

ကျွန်တော် အပါအ၀င် ကားသမားတိုင်းက မကျေနပ်ကြပါဘူး။ အချိန်ကိုလည်း အတိအကျမှတ်ထားတယ်။ ညနေ ၄နာရီ ၄၈ မိနစ်မှာ ပိုက်ဆံပေးရပါတယ်။ အဲဒါ ဘယ်ကို တိုင်ရမှန်း မသိလို့  နိုင်ငံတော်လူကြီးများနဲ့ ပြည်သူ လူထု သိအောင် ဧရာဝတီသတင်းဌာနက တစ်ဆင့် တင်ပြတာပါ။

ကားသမားတစ်ဦး ပေးပို့သည့်စာ။
ဓာတ်ပုံ - အလဲဗင်းမီဒီယာ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved