တမူး ပေါက်ကွဲမှု ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာပြင်းထန်

Tuesday, January 31, 2012

တမူးမြို့မြင်ကွင်းတခု (ဓာတ်ပုံ - http://www.tongsan.org/)

ဒီနေ့ ညနေ ၃နာရီခွဲကျော်လောက်မှာ အိန္ဒိယ-မြန်မာနယ်စပ် မြန်မာဖက်ခြမ်း တမူးမြို့၊ စန္ဒကူး (၂) ရပ်ကွက်က နေအိမ်တခုမှာ ပေါက်ကွဲမှုဖြစ်ခဲ့လို့ ၀င်းကျော်ဆိုတဲ့ အသက် (၃) နှစ်အရွယ် ကလေးငယ်တဦး နေရာတင် ပွဲချင်းပြီးသေဆုံးပြီး သူ့ရဲ့ အမ ၀င်းဝင်းခိုင်၊ အသက် (၅)နှစ် ကတော့ ဒဏ်ရာပြင်းလို့ တမူး ပြည်သူ့ဆေးရုံမှာ တင်ထားရတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းရင်း အသေးစိတ်ကို မသိသေးတဲ့အကြောင်း၊ အဲ့ဒီနေအိမ်က မိခင်ဖြစ်သူဟာ အိန္ဒိယဖက်ခြမ်းက မဏိပူရ် ခွဲထွက်ရေး ကသည်းလူမျိုးတွေနဲ့ အဆက်အစပ်ရှိသူတယောက်ဖြစ်ပြီး တစုံတယောက်က လက်ပစ်ဗုံးနဲ့ ပစ်သွားတယ်လို့ မြို့ခံတွေက ယူဆနေတဲ့အကြောင်း၊ တမူးရဲစခန်းက စစ်ဆေးတာတွေ လာလုပ်သွားတဲ့အကြောင်း၊ အိန္ဒိယခွဲထွက်ရေးသူပုန်တွေ အမြဲတမ်း သွားလာလှုပ်ရှားနေတဲ့ နယ်စပ်မြို့ဖြစ်လို့ သူတို့အချင်းချင်းပစ်ခတ်မှုတွေ မကြာခဏ ဖြစ်တာကြောင့် မြို့ခံတွေက လုံခြုံရေးအတွက် ပူပန်နေကြတယ်လို့ ဧရာဝတီကို ပြောပါတယ်။

1 comments :

  1. ဒါမျိုးကြတော့ သတင်းတပ်ဖွဲ့ က ဘာလို့၁၇(၁)။၁၃(၁)။၅(၁)။တို့လက်နက်မှု တို့ ဖောက်ခွဲ တို့ စတဲ ပုဒ်မတွေ နဲ တရားမစွဲတာလဲ?အထက်အမိန့်မရလို့လား?ကိုယ်ကိုတိုင်က သူပုန် မွေးထားပြီး..............................................

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved