နဲနဲတော့ ရှင်းပါရစေ

Tuesday, January 17, 2012

ဖေဖေဆုံးတော့ အိမ်ကိုလာကတော့စဉ် အမှတ်တရပုံ။ (အိအိနှင့် သူ့မေမေ)

Ko Ye
/ Facebook မှာ ဖော်ပြထားတဲ့ ပို့စ်တခုကို ကူးယူ ဖော်ပြပါတယ်။
(ဆက်စပ် ဖတ်ရှုရန် ဦးခင်ညွန့်ကိုကျေးဇူးတင်သူ)

အေးအေးငြိမ်း၊ အိအိငြိမ်းဆိုတာ ကျနော့ညီမလေးတွေဆိုလဲ မမှားပါဘူး။ ဒီ Post ရဲ့ Comments (http://www.irrawaddyblog.com/2012/01/blog-post_6828.html) ကိုမြင်တော့ သူတို့လေးတွေကို အထင်မလွဲစေချင်တာရယ်၊ အများမသိသေးတာတွေကိုလဲ သိစေချင်တာကြောင့် သိသလောက် ရှင်းပြချင်ပါတယ်။

သူတို့လေးတွေကို ကျနော့ဖေဖေ Dr. ယဉ်ငြိမ်းက ဘီးလင်းမြို့မှာ ဗိုက်ခွဲပြီး မွေးပေးခဲ့ပါတယ်၊ အမွှာမှန်းသိပေမဲ့ ရင်ချင်းဆက်မှန်းတော့ မသိခဲ့ပါဘူး။ ဘီးလင်းလို (အဲဒီအချိန်က အညိုရောင်နယ်မြေ) မြို့နယ်လေးမှာ စစ်ဆေးဖို့ လုံလောက်တဲ့ ဆေးကရိယာကလဲ ရှိဘူးလေ။ ခလေးတွေမွေးလာတော့ ဆင်းရဲတဲ့ တောင်သူ မိဘ၊ မိသားစုခမျာ ခလေးတွေ အသက်ရှင်ရေးအတွက် ခွဲစိတ်ကုသဖို့ကို တွေးပြီး ငိုလိုက်ကြတာ...

ဖေဖေနဲ့ဆေးရုံဆရာဝန်၊ ၀န်ထမ်းတွေက အလှူငွေမတည်ပြီး စေတနာရှင်မိသားစုရဲ့ကားနဲ့ တမြိုနယ်လုံး လော်စပီကာနဲ့အော်ကာ အလှူငွေစုပြီး ရန်ကုန်ကလေးဆေးရုံကိုလွှဲအပ်ကာ နိုင်ငံတော်ဆီက အကူအညီတောင်းပေးခဲ့ပါတယ်။ အဲဒီလိုမိဘ ပြည်သူတွေရဲ့ကျေးဇူးကို သူတို့လေးတွေ လုံးဝမမေ့တာ အသေအချာပါ။

ဒါဆို ဦးခင်ညွှန့်ကို ဘာ့ကြောင့် "သမီးတို့ ကို လူလားမြောက်အောင်မွေးပေးခဲ့တဲ့ ကျေးဇူးရှင်ပါ။" လို့ပြောတာလဲ။ မိဘပြည်သူတွေရဲ့ ကျေးဇူးကိုမေ့လို့လား။

တကယ်တော့ အဲဒီအချိန်တုန်းက ခွဲစိတ်ကုသဖို့ နည်းပညာနဲ့ ကုန်ကြစရိတ်ကို ရရှိဖို့ ဦးခင်ညွှန့်က အသေးစိတ် ကူခဲ့တာပါ။ နောက်တခုက ခလေးတွေရဲ့မိသားစု။ အသက်နဲ့ရင်းပြီး မွေးထားတဲ့ မိဘက သမီးလေးတွေနားမှာ ရှိနေချင်တာပေါ့။ ဒါပေမဲ့ ခလေးတွေက နိုင်ငံတော်ခလေးတွ ဖြစ်နေပြီ။ မိဘတွေခမျာ တွေခွင့်တောင် အနိုင်နိုင်ရယ်ပါ။ ခလေးဆေးရုံ ၀န်ထမ်းတွေက ခလေးတွေရဲ့ အလှူငွေတွေကို လိုချင်လို့ လာတယ် ဆိုတဲ့ စာနာချက် ကင်းမဲ့တဲ့ စွတ်စွဲချက်နဲ့ ကလေးတွေရဲ့ ဆေးကုနေချိန် အကြောင်းပြကာ ပေးမတွေ့လို့ လွမ်းလွန်းလို့ တောကနေ လာကြည့်တိုင်း ငိုပြီးပြန်ခဲ့ရချိန်တွေက အကြိမ်ကြိမ်ပါ။ ဒီလိုနဲ့ စာနယ်ဇင်းတွေ ကျေးဇူးကြောင့် ဦးခင်ညွှန့် သိသွားပြီး မိဘတွေကို တွေခွင့်ရအောင် စီစဉ်ပေးခဲ့ပါတယ်။ နောက်ပြီးတော့ မကြာခဏတွေ့နိုင်အောင် ရန်ကုန်စည်ပင်သာယာမှာ မိဘတွေကို အလုပ်ပေးပြီး နိုင်ငံ့ဝန် ထမ်းဆောင်စေကာ ၀န်ထမ်းအိမ်ရအောင် ဘောင်အတွင်းက ကူညီခဲ့ပါတယ်။

ကဲ.. ဒီလောက်ဆို သဘောပေါက်လောက်ပါပြီ။ ကျေးဇူးရှင်ကို ကျေးဇူးရှင်မှန်း သိတာ မင်္ဂလာတပါးပါ။ သူတို့လေးတွေက အဖြူရောင်လေးတွေပါ။ နိုင်ငံရေးဆိုတာကိုလဲ နားမလည်ပါဘူး။ ပြည်သူတွေကို မေ့ပြီး ဦးခင်ညွှန့်ကိုမှ ကျေးဇူးသိတတ်ပြတာ မဟုတ်ပါဘူး။ အားလုံးဟာ သူတို့ရဲ့ မိဘတွေ၊ ကျေးဇူးရှင်တွေပါ။ အဲဒီကျေးဇူးကို သူတို့ရော သူ့မိသားစုကပါ မမေ့ဘူးဆိုတာ ကျနော် ရဲရဲ အာမခံပေးပါတယ် ခဗျာ။

13 comments :

  1. Anonymous said... :

    အင်းပေါ့။ဖြစ်သင့်တာပေါ့။ လူတယောက်ဟာလူတယောက်
    အပေါ်မှာဆိုးဝါးနေပေမဲ့ အခြားလူတယောက်အပေါ်မှာတော့ကောင်းနေနိုင်တာပေါ့။
    မျှတွေးရမှာပေါ့။

  1. Anonymous said... :

    ဒီလိုဆိုတော့လဲ ဖိုးခင်ညွန့်က ကိုကိုတို့ မင်းအောင်လှိုင်တို့ သွားလေသူ သာသနာဖျက် သန်းရွှေတို့ ငမူး မောင်အေးတို့ထက် တော်သားဘဲ လို့ ပြောရတော့မယ်။

  1. Anonymous said... :

    အေးအေးငြိမ်း၊ အိအိငြိမ်း
    ညီအမနှစ်ယောက်တွဲယှဉ်လျက်
    လတ်တလော ရိုက်ထားတဲ့ဓါတ်ပုံရှိရင်
    တင်ပေးစေချင်ပါတယ်၊
    ယခုအိအိငြိမ်းတစ်ယောက်တည်းပုံကိုသာမြင်ရလို့
    အေးအေးငြိမ်းပုံကိုလည်း ဖြစ်နိုင်ရင် မြင်ချင်ပါတယ်၊

  1. Anonymous said... :

    သူတို့လေးတွေရဲ့ ပုံတွေကို ဒီလင့်နှစ်ခုမှာ တွေ့မိလို့ တင်ပေးလိုက်ပါတယ်

    http://www.shwedarling.com/blog/wp-content/uploads/2007/09/aye-aye-ei-ei-nyein-2.jpg

    http://model.myanmarcelebrity.com/2009/08/myanmar-twin-star-aye-aye-nyein-and-ei.html

  1. yinhtwe888 said... :

    သိတ်မှန်တာပေါ့ဗျာအဖြူထည်သက်သက်ရှိနေတဲ့ကလေးတွေရဲ.ကျေးဇူးသိတတ်မှုကိုအရောင်မဆိုးကြပါနဲ.ကျေးဇူးရှင်ကိုကျေးဇူးသိတတ်တာဟာမင်္ဂလာတရားတော်နဲ.အညီပါဒီနေရာမှာဦးခင်ညွှန်.လို.မမြင်ပဲကလေးတွေရဲ.ကျေးဇူးရှင်လို.သာနားလည်ခံစားပေးကြပါဗျာ“

  1. Anonymous said... :

    လူပဲကွယ် ထမင်းစား တတ်ပြီပဲ အခြေအနေ အချိန်အခါ ကြည့် ပြောပေါ့ ..

  1. Anonymous said... :

    ဒီစစ်ဗိုလ်ချုပ်တွေဘုရားထီးတွေတင်၊ကျောင်းတွေဆောက်လုပ်ကြရုံနဲ့ သူတော်
    ကောင်းဖြစ်ချင်ယောင်ဆောင်ကြတာပါ။လူတွေစိတ်ဝင်စားတဲ့ရင်ချင်းဆက်လို
    ကိစ်စမျိုးမှာနာမည်ကောင်းဝင်ယူတာအလွန်ထိရောက်တဲ့စိတ်ဓတ်စစ်ဆင်ရေး
    ဆိုတာစစ်ဗိုလ်ကြီးတွေကနားလည်ပြီးသားပါ။ ဒီအချိန်မှာလုပ်ပိုင်ခွင့်ဆိုတာလဲ
    ခင်ညွန့်ကလက်ဝါးကြီးအုပ်ထာတာပါ။အင်တာနက်လိုတိုင်းပြည်အကျိုးရှိမဲ့ဟာ
    သူ့သားတယောက်ထဲလုပ်ပိုင်ခွင့်ရခဲ့တာမျိုးပေါ့။ တခြားတယောက်ယောက်က
    တတ်နှိုင်လို့ဒီကလေးလေးတွေကိုကူညီချင်ပါတယ်ဆိုရင်တောင်သှူ့ဆီကမှတ
    ဆင့်သူခွင့်ပြုမှကူညီလို့မဲ့အနေအထားပါ။ အဖြစ်ကိုပြောတာပါ။ ကလေးမလေး
    ရဲ့ထင်မြင်မှုကိုဘာမှမဝေဖန်ပါ။

  1. Anonymous said... :

    လူတွေက အဆိုးမြင်ဝါဒီ တစ်ဖက်စွန်းရောက်တွေ သိပ်များတာဘဲ။

  1. Min said... :

    ကျွန်တော့ကိုသူငယ်ချင်းတယောက်က
    ခင်ညွန့်နဲ့ပတ်သက်ပြီးအမြင်ကိုမေးတယ်
    "သန်းရွှေကဂျပန်နဲ့တူတယ်၊ခင်ညွန့်က
    အင်္ဂလိပ်နဲ့တူတယ်" လို့ပြန်ဖြေလိုက်ပါတယ်

  1. Anonymous said... :

    ကျေးဇူးရှိတယ်လို့ခံယူထားတယ်။ကျေးဇူးတင်ရုံပဲရှိပါသေး တယ်။ကျေးဇူးတောင်ဆပ်သေးတာမဟုတ်ပါဘူး။ဘာပဲဖြစ်သူတစ်ဦးကကောင်းတာပြောတာကောင်းတာလုပ်တာ သူခံစားချက်ပါ။ တစ်လွဲမတွေးပါနဲ့၊လိုရာစွဲမပြောသင့်ပါဘူး။
    လုပ်ပိုင်ခွင့်ရှိတယ်၊လုပ်ပေးတယ်၊ကျေးဇူးတင်တယ်။
    တစ်ချို့လုပ်ပိုင်ခွင့်ရှိတယ်၊လုပ်မပေးဘူး၊ဒါဆိုရင်ဘာပြောမလဲ။ အဓိကကဘယ်သူတရားပျက်ပျက်ကိုယ်မပျက်ဖို့ပါဘဲ။ ကောင်းတာလုပ်တယ်၊မကောင်းတာလဲပါတယ်။သို့သော်လည်း မကောင်းတာပဲပြောနေရင်တော့ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ဖို့လိုပြီထင်ပါတယ်။ ပြောချင်တာက ကလေးတွေကိုလွတ်လပ်စွာခံစားခွင့်ပေးလိုက်ပါ။
    ကျေးဇူးတင်ပါတယ်။

  1. eytukan2011 said... :

    နိုင်ငံရေးတွေနားမလည်တဲ့ အဖြူရောင်လေးတွေဆိုပါလား။ မင်းကပါ ဝင်ကာနေပြန်ပြီ။ နင်တို့ ကျေးဇူးရှင်ဘဘကြီးဟာ သန်းပေါင်းများစွာသော မြန်မာပြည်သူတွေကို အကြီးအကျယ် ဒုက္ခပေးခဲ့တဲ့ ပြည်ဖျက်မိစ္ဆာ၊ မကောင်းဆိုးဝါးလောက်ကောင်ကြီးတွေထဲက တစ်ကောင် ဆိုတာ နည်းနည်းပြောပြလိုက်ပေါ့ကွာ။

  1. Set Htun said... :

    We forgive to Bo Khin Nyunt and his fellows if they confess, but never forget.
    See below as one of the ruthless crimes they committed.
    ၁၉၈၈ ခု စက်တင်ဘာ ၁၈, သေနတ်မှန် ပြီး ဒဏ်ရာရနေတဲ့ အင်္ကျီအဖြူ လုံချည်အစိမ်းနဲ့ ကျောင်းသူ လေးကို ဂျူတီကုတ်အဖြူဝတ် ထားတဲ့ ဆရာဝန်နှစ်ဦးက ဆွဲပြေးနေတဲ့ပုံပါ။ ဒီဓာတ်ပုံကို မမြင်ဖူးတဲ့လူ မရှိပါဘူး။
    မြင်တဲ့ လူတိုင်း ခံပြင်းဒေါသ ဖြစ်ကြပါတယ်။ အဲဒီ ဓာတ်ပုံထဲက ဆရာဝန်နှစ်ဦး ဘယ်ကိုရောက်သွားတယ်ဆိုတာ သိတဲ့လူ နည်းမယ်လို့လည်း ကျမထင်ပါတယ်။
    ခင်ငြိမ်းသစ်
    (ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်)
    http://www.naytthit.net/?p=23487

  1. ThuWaNa Thar said... :

    ခင်ငြိမ်းသစ်
    (ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်)
    http://www.naytthit.net/?p=23487


    Thanks for sharing.

    I know him. very well. ' Min Thein ' ( From Thu WaNa Township and his father was from ' Myay Tine Htar Na - ka director ).

    It was reported that he died of cerebral malaria ' affecting to kidneys ' ....

    It is true what is in this article.

    He was in the state of ' Bae Thu Ko - Yone Ya Mar Lae ? ' attitude in his mind, as he was too scared of almost everyone he encountered. That was how his brain had been implanted. That must be the ' tricks/ Tactics ' M I used making him to be in such state/ situation.

    It just needs to be 'added' more facts. I am not intending to do so.

    This is one of the examples of atrocities. Lots of people need to know lots of things.

    " To follow the orders '
    " Just to do the jobs ' .. are not the excuses. Things have to be ' case by case ' basis.

    Just wait and see ..the time will come. There are 4 reasons to be taken for all crimes in Legal fields. These reasons of punishment are :

    * Deterrent
    * Retributive
    * Reformative
    * Rehabilitation

    ( correct me if I am wrong )

    In such kind of crimes.. deterrent action needs to be done. Or else, the whole world will be full of ' crimes '.

    Deterrent action does not imply ' revenge' . Saying ' sorry ' and ' Kan Kan Eet Ah Kyo ' and ' Kan C Mann Yar Khan KYa Ya Tar '.
    ...such words are usually coined by some ' medical negligent cases ' in Myanmar and also in this case - " Hnate Set NYinn Pan Thu "

    Myanmar Buddhists people are intrinsically ' forgiving ' kind of person. Abusing the ' Forgiving attitude of honest and simple Myanmar People is neither unforgiving and unforgettable.

    Don't get me wrong. This is not ' revenge ' . This is not ' Vendetta '.

    And people becomes ' not dutiful and irresponsible '.

    Likewise what they said, 'Justice', Justice has to be done. This is not ' singled out' case. There are numerous cases like this/ similar to this. Yes ! ......Numerous cases. pertaining to such responsible person alone.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved