ဘောလုံးသမားလေး ဖမ်းဆီးချုပ်နှောင်ခံရ

Tuesday, January 17, 2012

( သတင်း နဲ့ ဓာတ်ပုံ - မြတ်မိုး / ဧရာဝတီ )

သင်္ဃန်းကျွန်းမြို့နယ် အ.မ.က(၂၀) ကျောင်းအနီး ဘောလုံး လာရောက် ကစားသော
ကျောင်းသား တစ်ဦး ကြိုးတုပ်ရိုက်နှက်ပြီး ၄နာရီကျော်ကြာ ကျောင်းအတွင်း ချုပ်နှောင်ခံခဲ့ရကြောင်း ကာယကံရှင် မိသားစုထံမှ သိရသည်။

အ.ထ.က(၁)သင်္ဃန်းကျွန်းတွင် သတ္တမတန်း တက်ရောက်နေသော အသက် ၁၂နှစ်အရွယ်
ပြည့်စုံကို အ.မ.က(၂၀)သင်္ဃန်းကျွန်းမှ ကျောင်းအုပ်ကြီး ဦးဌေးလွင်
ရိုက်နှက် ချုပ်နှောင်မှုကြောင့် ကလေးငယ်သည် သင်္ဃန်းကျွန်း ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း ပြည်စုံ၏ အဒေါ်ဖြစ်သူက
ပြောသည်။

'' ကလေးက အကြောက် လွန်သွားတယ်၊ ကလေးကို တွေ့တာ နောက်ထပ် တစ်နာရီနောက်ကျရင်
အသက်တောင် မီမှာ မဟုတ်ဘူး၊ ဒဏ်ရာကြီးကြီးမားမား မရဘူး၊ အကြောက် လွန်ပြီး
ဖျားနေတာ" ဟု သင်္ဃန်းကျွန်းဆေးရုံတွင် တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောသည်။

အဆိုပါ ကျောင်းအနီးတွင် ဇန်န၀ါရီ ၁၄ရက်နေ့ နံနံက် ၉နာရီတွင် ပြည်စုံသည်
သူငယ်ချင်းများနှင့် အတူ ဘောလုံး ကန်နေစဉ် ကျောင်းအုပ်ကြီး ထွ က်အော်မှုကြောင့် ကလေးငယ်များ အားလုံး ထွက်ပြေးခဲ့ပြီး ထိုထွက်ပြေးသွားသော ကလေးငယ်များထဲမှ ပြည့်စုံကို ကျောင်းအတွင်းသို့
ကျောင်းအုပ်ဆရာကြီးသည် လိမ်ညာခေါ်ဆောင်ပြီး ကျောင်းစောင့်နှစ်ဦးကို
လက်ပြန်ကြိုးတုပ်ခိုင်းပြီး ရိုက်နှက်ခိုင်းခဲ့ကြောင်း ၎င်းက ဆိုသည်။

'' ကျန်တဲ့ကလေးတွေက အိမ်ကို လာပြောပြောချင်း လိုက်သွားတာ၊ ကျောင်း အပေါ်ထပ်ရောက်တော့ လက်ပြန်ကြိုးတုပ်ခံထားပြီး ကြမ်းပြင်မှာ ခွေခွေလေးလဲနေတဲ့ မောင်လေးကို တွေ့လိုက်တော့ ကလေးက သတိမေ့နေပြီ" ဟု ပြည်စုံ၏ အစ်မအရင်းဖြစ်သူက ပြောသည်။

ကြိုးဖြည်ပေးပြီး အိမ်သို့ပြန်ခေါ်ရန် ကျောင်းအုပ်ဆရာကြီးကို အစ်မဖြစ်သူ ပြောရာတွင် ကျောင်းထဲသို့
အခွင့်မရှိ ၀င်ရောက်မှုဖြင့် တရားပြန်စွဲမည်ဖြစ်ကြောင်း အ.မ.က(၂၀)ကျောင်းအုပ်ကြီး ဦးဌေးလွင်က ပြောဆိုလိုက်သည်။

''မောင်လေးကြောက်တယ် ကြောက်တယ်ပြောပြီး ရေပဲတောင်းနေတယ်၊ အဲဒီ ကျောင်းအုပ်ကြီးကလဲ မောင်လေးကို ပြန်မထည့်တော့ ကျွန်မထိုင် ရှိခိုးပြီး ပြန်ခေါ်လာရတယ်"ဟု အစ်မဖြစ်သူက ဆိုသည်။

ဤအမှုနှင့် ပတ်သက်ပြီး မိသားစုက
သင်္ဃန်းကျွန်းရဲစခန်းတွင် အမှုဖွင့်ထားပြီး
မြို့နယ်ပညာရေးမှူးများထံ တိုင်ကြားထားကြောင်း သိရသည်။

ပြည့်စုံသည် ကျောင်းအတွင်းသို့ ခိုးဝင်ခဲ့ပြီး ကျောင်းဝန်း အတွင်း ဗုံးလာထောင်မည် စိုးသဖြင့် ကျောင်းလုံခြုံရေးအရ ချူပ်နှောင်ရခြင်း ဖြစ်သော်လည်း ရိုက်နှက်ခြင်း မရှိကြောင်း
ကျောင်းအုပ် ဦးဌေးလွင်က မြို့နယ်ပညာရေးမှူးရှေ့တွင် ပြောဆိုခဲ့ကြောင်း သိရသည်။

ယင်း ဖြစ်ပွားမှုနှင့် ပတ်သတ်ပြီး အ.မ.က(၂၀)ကျောင်းအုပ် ဦးဌေးလွင်ထံ ဆက်သွယ် မေးမြန်းရာ တွေ့ဆုံခွင့်မရရှိခဲ့ပါ။

'' ကလေးတွေကလဲ ကျောင်းထဲဝင်ဆော့တယ်၊ ဆရာကြီးက ဆုံးမတာပါ၊ ရိုက်နှက် ချုပ်နှောင်ခဲ့တာ မဟုတ်ပါဘူး" အ.မ.က(၂၀)ကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။

ကျောင်းအကျိုးဆောင်များက ပြည့်စုံမိသားစုထံ လာရောက် ညိုနိုင်းပေးပြီး ကလေးငယ်အတွက် မုန့်များ လာရောက်ပေးခဲ့ကြောင်း ပြည့်စုံ၏ အဒေါ်ဖြစ်သူက ဆိုသည်။

''ကျွန်မတို့ လျော်ကြေးလိုချင်လို့လဲ တိုင်ထားတာ မဟုတ်ဘူး၊ ကလေးတစ်ယောက်ကို ဒီလောက်ထိ လုပ်စရာမလိုပါဘူး" ဟု ၎င်းက ပြောသည်။

21 comments :

  1. Anonymous said... :

    ကလေးတွေကို အကြောက်တရားနဲ့ဆုံးမတာမဖြစ်သင့်တော့ပါဘူး..
    ကလေးတွေ အနာဂတ်မှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုပျက်စီးစေပါတယ်..သနားပါတယ်..ပြန်တောင်းပန်သင့်ပါတယ်..ဒီကလေးက ဘယ်ကဗုံးရလို့ထောင်မှာလဲ..ဗုံးဆိုတာ မြင်တောင်မြင်ဖူးမှာမဟုတ်ပါဘူး..မခိုင်လုံတဲ့အကြောင်းပြချက်တွေကိုအာဏာရျင်စနစ်ဆိုးနဲ့အတူ လွင့်ပစ်သင့်ပါပြီ..အနိုင်ကျင့်တဲ့အလေ့အထတွေမြန်မာပြည်မှာအမြန်ဆုံးပျောက်ပါစေဗျာ..

  1. Anonymous said... :

    မြန်မာ့ အားကစား ကမ္ဘာကို လွှမ်းရမည်။ အဓိက ကတော့ တက်လူလူငယ်လေးတွေရဲ့ ဖြစ်ပေါ်နေတဲ့ body cell တွေကို အသုံးချဖို့ ကစားကွင်းမရှိဘူး။ brain cell တွေကို အသုံးချဖို့ စာကြည့်တိုက် မလုံလောက်ဘူး။ cell တွေက အလုပ်မလုပ်ရတော့ ဖြစ်အားနည်းလာမယ်။ နောက်လူငယ်တွေ အညွန့်တုံးလာမယ်။ လူငယ်တွေ အညွန့်တုံးတော့ အနာဂါတ်ကြီး အညွန့်တုံးသွားမယ်။ ဒါဟာနူကလီးယား ထက်ကြောက်ရတဲ့ စစ်အာဏာရှင်တွေရဲ့ အညွန့်တုံးတိုက်ကွက်။

  1. Myo said... :

    ကလေးတယောက်အပေါ်
    အကြင်နာတရားမရှိရက်ရက်စက်စက်လုပ်ရက်တယ် ။
    ဘယ်လိုဦးနှောက်နဲ့ များကျောင်းအုပ်ဆရာကြီးဖြစ်လာလဲမသိဘူး

  1. Anonymous said... :

    that headmaster is shitty brain.. what da hell he is thinking.. we should sue that kind of teacher.. how come he do that to a kids..

  1. Anonymous said... :

    ဟုတ်တယ် လုံးဝလက်မခံဘူး။
    ကျောင်းအုပ်မှာဒီလိုလုပ်ပိုင်ခွင့်လည်းမရှိဘူး။
    တရားဥပဒေအရထိထိရောက်ရောက်အရေးယူသင့်တယ်။

  1. Anonymous said... :

    ညိမ်မနေနဲ့ကလေး မိဘတွေရယ်...လူအခွင့်အရေး ချိုးဖောက်တာဖြစ်တယ်...ဘယ်နိုင်ငံ မှာ မှ ခလေးကို ရိုက်ပြီးမဆုံးမဘူးးးခလေးကိုရိုက်ရင်ဥပဒေက ညိမ်မနေဘူးးးမြန်မပြည်မှာ ပဲ ခလေးကို ရိုက်ပြီးစာသင်တာရယ် ဆုံးမတာရယ် ရှိနေသေးတယ်...အကယ်ရူ် ခလေးမှာ အပြစ် ရှိလျှင်ခလေးနဲ့ လိုက်မဲ့ ဒဏ်ခတ် မှူ့ မျိုးကို ပဲ ပြုလုပ်သင့်ပါတယ်...ဥပမာ...ဒူးထောက်ပြီးလက်မြောက်နေ ၁၅ မိနစ် ၂၀ လောက်ဒဏ်ပေးပြီး ဆုံးမလိုက်ရင် ခလေးက နားလည်သွားပါတယ်...ခု.ပိုစ့်ထဲ ကတိုင်းကျောင်းအုပ်ကြီးက ရိုက်တာ မှန်ရင် အဲ့ဒီ ကျောင်းအုပ် ကို စိတ်တဇ ဆေးရုံကို ပို့ ပြီးစစ်ဆေးသင့်ပါတယ်...

  1. Anonymous said... :

    ကလေးတွေကို ရိုက်နှက်ဆုံးမသင့်တယ် ဆိုတယ့်အတွေးတွေကို မိဘတွေရော ဆရာ၊ဆရာမတွေပါ ဖျောက်သင့်ပါတယ်။ကလေးတွေမှာလည်း ထိုက်သင့်တဲ့အသိညဏ်ရှိပါတယ်။သူတို့နားလည်တယ့်အထိသေသေချာချာ ရှင်းပြနိုင်ရင် ဘယ်ကလေးမှ မမိုက်ရိုင်းကြပါဘူး။အဲ့လို အသေအချာ မရှင်းပြနိုင်ဘဲ ကလေးတွေကို ရိုက်တယ့်လူကြီးတွေကတာ ဦးနှောက်မရှိဘဲ မိုက်ရိုင်းကြတာ။ဒါကြောင့် ကလေးတွေဟာ အနာဂါတ်မှာအကြောက်တရားတွေနဲ့ဖုန်းလွမ်းသွားခဲ့ရတာဘာ။

  1. Tomahawk said... :

    This is totally unacceptable for a person like principle, he intimidate and abused to under-age child. The kid has been tortured like a prisoner.There is still no justice in Burma.Burmese people who live in rural area are very simple and they really scare of any officials or people with uniformed.In this case, the kid's family should not scare of any intimidations by the stupid principle.

  1. Anonymous said... :

    အင်း ..အာဏာရှင်စနစ်တွေကို လွှင့်ပစ်ချိန်ရောက်ပါပြီ ..အခု ရန်ကုန်မှာ ..ဘိုကျောင်းတွေ အများကြီး ပေါ်လာတယ် ...ဘိုကျောင်းတက်တဲ့ ကျောင်းသား ခလေးတွေ က ပင်ကိုယ်ဥဏ်ရည်ဥဏ်သွေး မထက်သော်လည်း ...ဥဏ်ကောင်းလွန်းတဲ့ အစိုးရကျောင်းသားတွေထက် သာ နေတယ် ..အဲဒါ ..စနစ် တစ်ခုကြောင့်ဆိုတာကို ..နားလည်စေချင်တယ် ..ပညာရေးစနစ်မှမဟုတ်ဘူး ..အစအစအရာရာမှာ ဖိနှိပ်ချုပ်ချယ် ရင် ..နောက်လာမဲ့မျိုးဆက် က ..ကြောက်ပြီး တုန်းတဲ့ မျိုးဆက်ဖြစ်လာလိမ့်မယ် ....

  1. Anonymous said... :

    ဒီ ဟာ လဲ ပျောက် သွားမှာ ပါ ကျောင်းအုပ် လဲ ဘာဆို ဘာ မ မဖြစ် ပါ ဘူး ရိုးနေပြီး

  1. Anonymous said... :

    ရွာကျောင်းမှာဘုန်းကြီးတွေလူကြီးတွေတောင်ရိုက်ဆုံးမနေတာကွာ၊ငါဒို့ဗမာ့ဓလေ့ဘာကွ

  1. Yan said... :

    ကျောင်းအုပ်တစ်ယောက်လုပ်နေပြီး ဦးနှောက်မရှိဘူးလား။ ဒီ 12နှစ်အရွယ်မြို့ပေါ်က ကလေးတစ်ယောက်က ဘယ်ဗုံးကိုထောင်ရမှာလဲ။ အဲသလိုအတွေးအခေါ်မျိုးနဲ့ အနာဂတ်အတွက်အရေးပါတဲ့ သားကောင်းလေးတွေကို လေ့ကျင့်ပျိုးထောင်ပေးနေတဲ့ကျောင်းတော်ကြီးမှာ စီမံခန့်ခွဲနေရသေးတယ်။ ဥယျာဉ်ထဲက အညွန့်တလူလူအပင်လေးတွေတော့ ဒီအတိုင်းဆို အဆိပ်သင့်ကုန်တော့မှာပဲ.....

  1. Kokhat said... :

    '' ကလေးတွေကလဲ ကျောင်းထဲဝင်ဆော့တယ်၊ ဆရာကြီးက ဆုံးမတာပါ၊ ရိုက်နှက် ချုပ်နှောင်ခဲ့တာ မဟုတ်ပါဘူး" အ.မ.က(၂၀)ကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။ အဲ့ဆရာမကို ကျောင်းအုပ်ကြီးက ဘာပေးထားတာလဲ။ သူဆရာမ ဖြစ်ပြီးနားမလည်ဘူးလား။ ဆုံးမတာ ကလေးကိုပြန်တွေ့တော့ ကြိုးတုတ် ပြီးကြမ်းပြင်မှာ ခွေခွေလေးဖြစ်နေစရာလား။ သူ့သားသမီးဆို ရင်ကော သူဒီလိုမစာမနာပြောမလား။ တော်တော်တရားကျဖို့ကောင်းတာဘဲ

  1. Anonymous said... :

    အဲဒီကျောင်းအုပ်က ငယ်ငယ်တုန်းကအဲလိုအရိုက်ခံခဲ့ရတာလေ..
    ကောင်မလေးတေတွရှေ့ဘောင်းဘီချွတ်ဖင်လံပြီးတောင်
    အရိုက်ခံရတာ..အဲဒါ အခဲမကျေလို့ အခုလိုနောက်လူကို
    ပြန်နှိပ်စက်တာနေမှာပေါ့..သူ့သားသမီးကိုတော့လုပ်မှာ
    မဟုတ်ဘူး..စေတနာတွေ စေတနာတွေ..
    အဲဒါကြောင့်ကျောင်းဆရာ တွေက တပည့်တွေကိုပဲဆုံးမလို့ရတာ.သသမီးတွေဆိုတာတေလံအောင်ဆိုးကြတာ..ကိုယ့်သားသမီးကရိုက်နှက်မဆုံးမဘူး..
    သူများသားသမီးကျတော့ ရိုက်ဟယ်ပြုဟယ်..အနီကပ်ပြပြီး
    ကျောင်းဝင်းထဲကထုတ်သင့်တယ်..ထွီး...

  1. Anonymous said... :

    ၁၂ နှစ်အရွယ် ကလေးတစ်ယောက်ကို လုံခြုံရေးနှစ်ယောက်က ကြိုးတုပ်ပြီး ကျောင်းအုပ်ဆရာကြီးမှ(ရိုက်နှက်)ဆုံးမရအောင် ဘယ်လိုအရည်အချင်းများနှင့် မူလတန်းကျောင်းအုပ်တစ်ယောက်ဖြစ်လာပါသလဲ။ ဗုံးထောင်မှာစိုးလို့ အကြောင်းပြချက်ဖြင့်ဆင်ခြေပေးတာကို အဘယ်သို့သော ဦးနှောက်ပိုင်ရှင်များက လက်ခံကြသလဲ။

  1. Anonymous said... :

    အဲလိုသောက်သလွဲလုပ်တာကိုဒိုဗမာဓလေ့လိုပြောရင်
    ပြေတဲ့ကောင်သောက်ရှုးပဲ။ခေတ်တွေပြောင်းကုန်ပြီကွ။
    မျက်နှာသစ်ပြီးခပ်မြန်မြန်လေးထကြည့်။

  1. Anonymous said... :

    ဒီလိုမျိုးတစ်ကယ်သာဆိုရင် ကျောင်းအုပ်ကို အရေးယူသင့်တယ်။အရွယ်မရောက်သေးသူကလေး ငယ်အားညှင်းပမ်းနှိပ်စက်မှု၊ ပြည်သူတွေကပေးအပ်ထား တဲ့တာဝန်ကို အလွဲသုံးစားပြုမှုတွေနဲ့ အရေးယူသင့်ပါတယ်။ ကလေးကိုလဲ နိုင်ငံတော်က နစ်နာမှုအတွက် စောင့်ရှောက်ပေးသင့်ပါတယ်။

  1. ဇော် said... :

    မောင်ပြည့်စုံက အထက (၁) သင်္ကန်းကျွန်း ကျောင်းမှာ ပညာသင်ကြားနေတာပါ။ သတ္တမတန်း ( အိုင် ) ၊ အတန်းပိုင် ဆရာမ ဒေါ်သန်းသန်းအေး အခန်း ကပါ။ အခု ချိန်ထိ ( ဇန်န၀ါရီ ၁၈ ) စံပြဆေးရုံ ကလေးဆောင်မှာ တင်ထားဆဲပါ။ သတင်း မမှန်ရင် တိုင်တဲ့ မိသားစု အတွက် ဒုက္ခ အကြီးအကျယ်ရောက်နိုင်ပါတယ်။ ရဲ စခန်းမှာလည်း မောင်ပြည့်စုံရဲ့ အစ်ကို ၊ အစ်မ နှင့် ဘောလုံးကန်တဲ့ ကလေးတွေကို တရာခံလို စစ်ဆေးပါတယ်။ အမက (၂၀ ) ကျောင်းအုပ်ကြီး ဦးဌေးလွင် ကိုတော့ သီးသန့်  ခန်းမှာ အထူး ဧည့်သည် လို့ ထားပါတယ်။ ပြည်တွင်း ဂျာနယ်တချို့ က သတင်းထောက်များ လာရောက်မေးမြန်းလို့  မကြာခင် သတင်းများတွင် အပြည့်အစုံ ပါမည်လို့  ထင်ပါသည်။ ဧရာဝတီ ဘလောက် တွင်လည် ဖော်ပြထားလို့  သတင်းကို ပိုမို သိရှိရပါသည်။ စံပြ ဆေးရုံ (579890)၊ သင်္ကန်ကျွန်းရဲ စခန်း ( 562544, 562436 ) ၊ ဒုရဲအုပ် ဦးဇင်လင်းဟိန်း(၀၉၄၃၁၉၀၆၇၇ ) ပြည်စုံ ရဲ့  အဒေါ်ဖုန်း နံပါတ် - ၀၉၄၉၃၃၃၀၈၉ တို့ ကို ဖုန်းဆက်ပြီးလည်း မေးမြန်း နိုင်တယ် ။ ပ နံပတ် ( ၅၈ ) ၊ ပုဒ်မ ၃၄၂ ၊ ၃၂၅ ၊ ၁၁၄ နှင့် အမှု ဖွင့်ထားတယ်လို့ ဒုရဲအုပ် ဦးဇင်လင်းအောင် က ဆိုပါသည်။

  1. Francess said... :

    မိဘတွေဆရာတွေက ကလေးတွေကို ရိုက်တယ်ဆိုတာ ထုံးစံကြီးလိုဖစ်နေပီ.. မြန်မာနိုင်ငံမှာက..... ဒါပေမယ့် ထုံးစံဆိုတာက လူတွေကလုပ်ယူထားတာပါ..... ကျွန်တော်ငယ်၂ တုန်းကလဲ ဒီလိုပဲရိုက်ခံရတယ်.. ပီးရင်သူတို့ပေးတဲ့ Reason က နင်ကောင်းဖို့ငါတို့က အမုန်းခံပီးဆုံးမရတာဆိုတဲ့စကားပဲ... ထွက်လာတယ်.. အလိုရိုက်မှကလေးတွေက လိမ်မာလာမှာလား...ဥာဏ်ကောင်းလာမှာလား..... ဘာမှတော့မဆိုင်ပါဝူး... ကလေးဆိုတာမျိုးက ကောင်း၂ပြောရင် နားဝင်တဲ့အမျိုးပါ..ပီးတော့ ဒီလိုကိစ္စဆိုတာကလဲ *ဗုန်းထောင်မှာဆိုးလို့* ဆိုတဲ့စကားကြီးကတော်တော်ကိုရီစရာကောင်းပါတယ်.... ဒီလိုမူလတန်းကျောင်းကိုဘယ်သူကများအရေးတယူလာပီး *ဗုန်းထောင်* မှာတုန်း..... ဘာလဲ ကျောင်းအုပ်ဆရာကြီးဆိုတဲ့ *rank* ကိုအဲလိုချီးဦးဏှောက်နဲ့ ဘယ်လိုရောက်လာတာတုန်း....ေ-ာက်အဓိပ္ပာယ်မရှိတာ......:S

  1. Anonymous said... :

    ကလေးတွေ လာလာဆော့နေတော့ ကျောင်းရှုပ် ကြီးက ကျောင်းရုံခန်းကို ဟော်တယ်ခန်းလို တလွဲးသုံး(abuseလုပ်)နေတာ အနှောက်အယှက်ဖြစ်လို့ နေမှာပါ။

  1. Anonymous said... :

    မြန်မာပြည်ရှိ ကျောင်းဆရာ၊ဆရာမ များနှင့် မိဘများ သည် အကျိုးအကြောင်းမျှော်တွေးကာဆုံးမတာနှင့် ငါအတ်တဖုံးလွမ်းပြီး ဆုံးမတာကို ယခုအချိန်အထိ မခွဲခြားနိုင်သေးပါ။...
    ပထမဆုံးမခြင်းသည် တရားမစွဲထိုက်
    ဒုတိယဆုံးမခြင်းသည် တရားစွဲထိုက်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved