ဂင်းနစ်စံချိန်တင်ခဲ့တဲ့ ဂန္ဒီ မျိုးဆက်သစ်လေးတွေ

Monday, January 30, 2012

အိန္ဒိယနိုင်ငံ ကာလကတ္တားက ကလေးငယ်လေးတွေဟာ ဂင်းနစ်စံချိန်မှတ်တမ်း စာအုပ်မှာ၊ အိန္ဒိယ ငြိမ်းချမ်းရေးဖခင်ကြီး မဟတ္တမ ဂန္ဒီလို ၀တ်ဆင်စုဝေးတဲ့သူ အများဆုံး ကမ္ဘာ့စံချိန်ကို ချိုးလိုက်ကြပါတယ်။



ဆင်းရဲတဲ့ မိသားစုက ကလေးငယ်တွေ၊ ဖခင်မဲ့ ကလေးငယ်လေးတွေကို ကူညီစောင့်ရှောက်တဲ့အဖွဲ့အစည်းကလုပ်တဲ့ ဒီစုဝေးမှုမှာ အသက် ၁၀ နှစ်ကနေ ၁၆ နှစ်ကြား ကျောင်းသားလူငယ် ၄၈၅ ယောက်ဟာ ဂန္ဒီကြီးဝတ်ဆင်ခဲ့သလို ပိတ်ဖြူပုဆိုးပိုင်း၊ မျက်မှန်ဝိုင်း၊ လမ်းလျှောက်တုတ်ကိုယ်စီနဲ့ ပါဝင်ခဲ့ပါတယ်။



ဇန်န၀ါရီ ၂၉ ရက်နေ့က ကာလကတ္တားမြို့၊ မာယို လမ်းမှာရှိတဲ့ ဂန္ဒီကြီးရဲ့ ရုပ်တုနားမှာ စုဝေးလမ်းလျှောက်ခဲ့တာကို ဂန္ဒီရဲ့ မြေးဖြစ်သူ Usha Gokani လည်း တက်ရောက်ပါဝင်ခဲ့ပါတယ်။



အရင်က တင်ထားတဲ့ စံချိန်ကတော့ ၂၀၁၀ခုနှစ် ဂျူလိုင် ၁၃ ရက်နေ့တုန်းက တမီနာလ်ဒူးပြည်နယ်က ကျောင်းသားလူငယ် ၂၂၅ ယောက်ရဲ့ စုဝေးမှုဖြစ်ပါတယ်။


Source - IANS

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved