အဂ္ဂမဟာ ဦးသိန်းစိန်

Wednesday, January 4, 2012

သမ္မတဂျီး ဦးသိန်းစိန်ရဲ့ ဘွဲ့တွေကို ဒီနေ့ထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်။

ဘွဲ့တွေ အများကြီးလို့ ထင်ရတယ်။

ဒါတောင် လူရွှင်တော်ကြီး ဇာဂနာက သူ့ကို ပေးထားတဲ့ ပင်လယ်ဓားပြဘွဲ့ကို မနေ့ညက ရုပ်သိမ်းလိုက်သေးတယ်။ မရုပ်သိမ်းရင် ဘွဲ့စာရင်းက ဒီထက် ပိုရှည်မှာပေါ့။



6 comments :

  1. Anonymous said... :

    အခုတလောအစိုးရပိုင်သတင်းစာအရေးအသားတော်
    တော်များများကိုဧရာဝတီဘလောက်မှာအားပါးတရ
    ထောက်ပြကြတာတွေ့ ရပါတယ်။ဗွေမယူပါနဲ့သမ္မတကြီး
    ခင်ဗျား။လူကြီးမင်းရဲ့လက်အောက်အရာရှိတစ်ယောက်
    ပြောသလိုမီဒီယာကိုမီဒီယာနဲ့တိုက်ခြင်းသာဖြစ်ပါတယ်။
    သဘောမကြည်ဘ၀င်မကျသူများမီဒီယာနဲ့ပဲပြန်တိုက်
    ခိုက်နိုင်ပါတယ်။

  1. KoTOE said... :

    ဟာ...အထင်လေးနဲနဲကြီးမလိုရှိသေးတယ်...
    သူလဲ...မဟာရူးပါဘဲလား။

  1. Anonymous said... :

    အချုပ်အနှောင်ခံရသူက ယခင်ဘ၀တ်ကျွေးလို့ပဲ မှတ်ပါဗျာ။ ဆက်လက်ချုပ်နှောင်နေသူကတော့ နောင်ဘ၀အတွက် အပါယ်ငရဲကို သွားဖို့ လမ်းဖောက်နေရသူတွေပဲ။ ဗုဒ္ဓသာသနာ စောင့်ရှောက်ထိန်းသိမ်းနေတဲ့ သံဃာတော်
    တွေကို နှိတ်စက်ညှင်းပန်းခဲ့တာပဲ။ နှစ်သစ်ကူးတွေမှာ ခိုစားကျွေးခြင်း၊ ငါးလွှတ်ခြင်း၊ စာကလေးလွှတ်ခြင်း လုပ်တာတောင် အသက်အန္တရယ်က လွတ်ငြိမ်းချမ်းသာ ရကြပါတယ်။ ချုပ်နှောင်ထားတဲ့သူတွေကို ပိုကုသိုလ်ရပါတယ်။ ဒီယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေဟာ တချိန်က အပစ်ဒဏ်ချမှတ်ခဲ့တဲ့ ပစ်ဒဏ်တွေဟာ ဥပဒေအရ ပစ်ဒဏ်ကျခံရတာမဟုတ်ပါဘူး။ စစ်အစိုးရ နဲ့ လက်ရှိ အရပ်ဝတ်အစိုးရရဲ့ ညစ်ပတ်တဲ့ စိတ်ထားတွေနဲ့ ယုတ်ညံ့တဲ့ စိတ်ထားတွေနဲ့ ပစ်ဒဏ်ချမှတ်ခဲ့တာ မဟုတ်လား။
    သမ္မတကြီး ဦးသိန်းစိန် သံသယာကို မကြောက်ဘူးလား။ တစ်ဘ၀စံ လုပ်တာလား။ တစ်ဘ၀စံ လုပ်တာဆိုရင်တော့ အတိတ်က ကုသိုလ်ကြောင့် ထူးခြားပြီး ရလာတဲ့ ဒီလူ့ဘ၀မှာ ရာထူးတွေ ဂုဏ်တွေ အကျိုးဖြစ်ခဲ့တာပါ။ ဒါကို နားမလည်ပဲ ငရဲအိုးကို ဆင်းမယ်ဆိုရင်တော့ သမ္မတကြီး မိသားစု ကောင်းရာသုဂတိလားပါစေပေါ့။
    ဂဋုန်ဦးစော မြေးတွေကို နမူနာထားပါအုံး။ ဒီနေ့မှာ ပြည်သူတွေကြားထဲမှာ လွန်စွာမျက်နှာငယ်ရပါတယ်။

  1. Anonymous said... :

    Age-old BS like Sir/ Dame,Datu, etc. Khin Nyunt was a master of freely giving away these useless BS to the idiots.

    Now they decided to swallow their own BS!

  1. Anonymous said... :

    ဦးစောက ဘယ်ကပါလာတာလဲ။ သူ့မြေးတွေတော့ မသိဘူး။ ကကပနဲ့ ဇဇပ ညီအကို ၂ယောက်ကတော့ တယောက်က မင်းသားလုပ်ပြီး တယောက်က အဆိုတော်ခင်ဗျ။ နှိမ်စေချင်လို့ ပြောတာမဟုတ်။ မျက်နှာ ငယ်တယ်ဆိုလို့ ဒါမျိုးလား မေးကြည့်တာပါ။ မင်းသား အဆိုတော်လို မျက်နှာငယ်ရတာမျိုးဆိုရင် သမ္မတကြီး မျိုးဆက်တွေ ပျော်နေဦးမယ်။

  1. KoTOE said... :

    ဟုတ်ပါ့ဗျာ.....ဦးစောနဲ့ ဒီsubjectနဲ့ ဘာဆိုင်လို့ လဲ...
    ဦးစောရဲ့ မြေးတွေက....ဆရာဝန်...အင်ဂျင်နီယာ...ကတော်တွေ.....ပညာတတ်တွေ....ဘာမျက်နှာမှငယ်တာမတွေ့ ရပါဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved