ရှားပါးမျောက် အရှင်ရိုက်မိ

Wednesday, January 11, 2012

(ဓာတ်ပုံများ - FFI/BANCA/PRCF)

ဒီမျောက်တွေအကြောင်းကို Elvis မျောက် မျိုးစိတ်သစ် မြန်မာတွင်တွေ့ ဆိုတဲ့ ခေါင်းစဉ်နဲ့ http://burma.irrawaddy.org/archives/3533 မှာ ဖော်ပြပြီးဖြစ်ပါတယ်။


မြန်မာပြည်မြောက်ပိုင်း နှာခေါင်းတိုမျောက်တွေကို တောထဲမှာဆင်ထားတဲ့ ကင်မရာတွေက ဓာတ်ပုံရိုက်ထားလိုက်နိုင်ပါပြီ။

သူတို့ရဲ့ နှာခေါင်အနေအထားကြောင့် မိုးရွာတဲ့အခါ နှာခေါင်းထဲ ရေ၀င်တာနဲ့ကြုံရတဲ့မျောက်မျိုးပါ။

ရှားပါးတိရိစ္ဆာန်ဖြစ်လို့ သတင်းတွေထဲ ပါနေတာပါ။

ခါတိုင်းတော့ သူတို့ကို အရှင် မရိုက်မိပါဘူး။

ပြီးခဲ့တဲ့နှစ် ဧပြီကတည်းက ကချင်ပြည်နယ် တောထဲမှာ ကင်မရာတွေ သွားဆင်ထားတဲ့အတွက် အခု ပေါ်လာတဲ့ ပုံတွေထဲ နှာခေါင်းတိုမျောက်ပုံတွေကို တွေ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ရှားပါးမျောက် ရှားသထက်ရှားလာရတဲ့အကြောင်းရင်းတွေထဲမှာ သူတို့ကို ပစ်ခတ်၊ ထောင်ချောက်ဆင် ဖမ်းဆီးတာ၊ သစ်တောပြုန်းတီးတာတွေ ပါဝင်ပါတယ်။

ပုံတွေထဲ မျောက်သားအမိပုံတွေ ပါတာကြောင့် သိပ္ပံပညာရှင်တွေ အားတက်နေပါတယ်။ အခု ထုတ်ပြန်ထားတဲ့ပုံတွေထဲမှာတော့ မိသားစုပုံတွေ မပါသေးပါဘူး။

3 comments :

  1. Anonymous said... :

    မျိုးတုန်း ပျောက်ကွယ် သွားတယ်ဆိုတာ နိဗ္ဗာန်ရောက်သွားတာပဲ ဖြစ်ရမယ်၊
    ဘာဖြစ်လို့ သံသရာကို စွဲဆန့်ဖို့ လုပ်နေကြတာလည်း။

  1. Anonymous said... :

    LOL very funny comment =))

  1. Anonymous said... :

    ဟီး. ဟုတ်ပ . သံသရာကိုဆွဲစန့်တဲ့သူတွေတောင် မှားနေပါရောလား ..း)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved