ဓမ္မာရုံ ဘယ်လို ဇာတ်သိမ်းမလဲ

Monday, January 23, 2012


စည်ပင် က တရားစွဲ၊ ၀ရမ်း ကပ်ခံရတဲ့ ဆွမ်းလောင်းဓမ္မာရုံ

ရန်ကုန်၊ မရမ်းကုန်း၊ (၈)ရပ်ကွက်၊ ရွှေဝါလမ်းမှာ ၁၉၅၈ က စပြီးတည်ခဲ့တဲ့ စေတနာဆွမ်းလောင်းဓမ္မာရုံ ရှိတယ်။

အကျယ်က ၁၂ ပေx ၂၇ ပေ ပဲ ရှိတယ်၊ ရပ်ကွက်နှစ်ခုမှာရှိတဲ့ ကျောင်းတိုက်တွေက သံဃာတော်တွေကို ၀ါတွင်း စနေနေ့ မနက်တိုင်း အရုဏ်ဆွမ်း လောင်းလှူလာခဲ့တာ အနှစ် (၅၀) ကျော်လာပြီ။

ပြီးခဲ့တဲ့ ၂၀၀၈ နာဂစ်မုန်တိုင်း နှိပ်စက်လိုက်တော့ ပျဉ်ခင်းပျဉ်ကာ ဓမ္မာရုံလေးခမျာ တော်တော် စုတ်ပြတ်သွားတယ်။

ဒါနဲ့ ရပ်ကွက်ထဲကအလှူရှင်တွေ စုပေါင်းပြီး ရေရှည်ခံအောင် အုတ်ညှပ် အဆောက်အဦလေး ပြန်ဆောက်လိုက်ကြပါတယ်။ ဆောက်တာကလည်း မုန်တိုင်းသင့် ဒေသတွေ အထူး ပြင်ဆင်ခွင့်ပြုထားတဲ့ ကာလ အတွင်းမှာပဲ ဆောက်လိုက်တာ။

အရင်ဘုရားဆောင်ကိုတော့ ခေါင်းရင်းမှားနေတယ် ဆိုပြီး မြောက်ဖက်ကနေ တောင်ဖက်ကို ရွှေ့ဆောက်လိုက်ကြတယ်။ ဘုရားဆောင်ဆိုလို့ သိပ်အထင်မကြီးနဲ့ အကျယ်က ၅ ပေထဲရယ်။ သီးခြားအလှူရှင်ကလည်း ပေါ်လာတယ်လေ။

အဲဒီမှာ ဇာတ်လမ်း စတော့တာပဲ။ ဘယ်သူက ညှောင့်လိုက်တယ် မသိဘူး။ မရမ်းကုန်းက ကိုရွှေစည်ပင်တို့ကဘုရားခန်းကို ပြန်ဖျက်ခိုင်းတော့တာပဲ။

ဆောက်ပြီးသားကလည်းဖြစ်ပြန်၊ ဘုရားဆင်းတုတော်အသစ်ကလည်းကိန်းဝပ်နေပြန်တော့ အလှူရှင်တွေက ဘယ်ပြန်ဖျက်ချင်ပါ့မလဲ။

မဖျက်တော့ ထုံးစံအတိုင်း စည်ပင်ဥပဒေနဲ့အညီ ပုဒ်မ(၂၈)(၂၉)အရ တရားစွဲလေသတည်းပေါ့။ အဲဒီတုန်းက ဒဏ်ငွေက တစ်နေ့ ၂၀၀/က စတာဆိုတော့ ၂၀၀၈ အောက်တိုဘာကနေ ၃ လတစ်ခါဆောင် ၃ လ တစ်ခါတိုးနဲ့ ၂၀၁၁ အောက်တိုဘာလအထိဆိုရင် စုစုပေါင်း ၅ သိန်းကျော်လောက် ဆောင်ပြီးပြီ။

ဒဏ်ငွေဆောင်ဖို့အတွက် လူငယ်တွေက ရပ်ကွက်ကို ပတ်အလှူခံ, စု ပြီး ဒဏ်ပဒေသာပင် စိုက်ထူရတော့တာပေါ့။ ကြားဖူးကြရဲ့လားဗျာ ၊ ဆွမ်းပဒေသာပင်၊ ဆေးပဒေသာပင်တို့ထက် ခေတ်မှီတဲ့ ဒဏ်ပဒေသာပင်။ လှူတန်းတဲ့ ပုဂ္ဂိုလ်များတော့ ဘယ်လို အကျိုးပေးမလဲ ဆိုတာ ပိဋကတ်တော်တွေထဲတောင် ပါမယ့်ပုံ မပေါ်ဘူး။

၂၀၁၁ အောက်တိုဘာ နောက်ပိုင်းကျတော့ ပြင်ဆင်လာတဲ့ စည်ပင်ဥပဒေအရ ဒဏ်ငွေက တစ်နေ့ တစ်သောင်းက စမယ် ဆိုတော့ အလှူရှင်တွေလည်း မျက်ဖြူဆိုက်ရောဗျာ။

နီးစပ်ရာ တာဝန်ရှိပုဂ္ဂိုလ်များ(ရပ်ကွက် အုပ်ချုပ်ရေးမှူးကစလို့ တိုင်းဒေသကြီး လွှတ်တော်အမတ်ထိ) ကို အကူအညီ တောင်းတော့လည်း ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ကြတဲ့အတိုင်း ဘယ်သူမှ မဆောင်ရွက်ပေးနိုင်ကြပါဘူး။

ခု ဒဏ်ငွေမဆောင်နိုင်လို့ မဆောင်တာ ၃ လလည်းကျော်ရော ဒီနေ့(၁၆-၁-၂၀၁၂)မှာ စည်ပင်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပူးပေါင်းအဖွဲ့တွေနဲ့ သော့ခတ်ထားတဲ့ ဓမ္မာရုံလေးကို တရားရုံး ဆင့်စာ လာကပ်ပါလေရော။ လိပ်မူတာက အရင် ဓမ္မာရုံ ဥက္ကဋ္ဌဟောင်းနဲ့ ခုဥက္ကဋ္ဌသစ်၊ သူတို့ခမျာမှာ ကုသိုလ်ရေး လုပ်ရင်း အဖမ်းခံရမယ့်ကိန်း ဆိုက်နေပါတယ်။

ရပ်ကွက်ဆွမ်းလောင်း အသင်း တွေ ဆိုတာက ဆွမ်းလောင်း ရာသီရောက်မှ ၀ါတွင်း ၃ လ အတွက် အရေးပေါ် ဖွဲ့ရတာ ဆိုတော့ ၀ါပ ဆိုရင် တာဝန်ယူမယ့်သူက မရှိဘူးလေ။

ဆွမ်းသိမ်းအောင်ပွဲ လုပ် စာရင်းရှင်းပြီးတာနဲ့ တန်ဆောင်မုန်းလလောက်ဆို တာဝန်က ပြီးပြီ။ ရပ်ကွက် အလှူရှင်တွေကတော့ သမ္မတဆီပဲ အသနားခံစာ တင်ရမလား၊ ထွက်ပဲ ဆန္ဒပြရမလားနဲ့ တော်တော်ကို ပေါက်ကွဲနေကြပြီ။

ကဲ----ဘာဆက်လုပ်ရင် ကောင်းမလဲ။ ဒဏ်ငွေ မဆောင်လို့ အဖျက်ခံရမယ့်ကိန်း ဆိုက်နေတဲ့ ဓမ္မာရုံ နဲ့ အဖမ်း ခံကိန်းမြင်နေတဲ့ ဓမ္မာရုံ လူကြီးတွေ အတွက် ဘယ်သူတွေ ဘာလုပ်ပေးနိုင်ကြပါသလဲ။ ဒီဇာတ်လမ်းလေးကို ဘယ်လို သိမ်းရင်ကောင်းမလဲ ဆိုတာ ၀ိုင်း အကြံပြုကြပါဦးဗျာ။

13 comments :

  1. win tun said... :

    ကြက်တူရွေးက တော်တော်... မယ်ဘော်က ကဲနေတဲ့..ကိုရွှေစည်ပင်တို့ရယ်... ဗုဒ္ဓဘာသာဝင်တွေမှ ဟုတ်ကြသေးရဲ့လားကွယ်ရို့ ... ဒီဘုရားဆောင်ဖျက်ခြင်းမဖျက်ခြင်းကြောင့်... ဘယ်လောက်အတိုင်းအတာအထိ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ပြောင်းလဲမှုတွေ ဖြစ်မှာမို့လဲဗျာ... ပုဂ္ဂိုလ်ရေးခံစားချက်နဲ့ အာဃာတတွေကြောင့် ဘုရားဆောင်ကိုတောင် အမှုလုပ်ကြပြီလား... ကိုရွှေစည်ပင်တို့ကဖျက်ပီး ပြန်ရွှေ့လဲ စံမြန်းနေတဲ့ ရုပ်ပွားတော်ကတော့ ဘယ်လိုပဲ လုပ်လုပ်... ဦးပုညရဲ့ မေတ္တာစာထဲကလို... ရုပ်ပွားတော်သခင်မှာလည်း ၊ အသက်ရှင်သော ဂေါတမ ဘုရားစဉ်လျက် ၊ ရှေးသံသရာ ၊ ဝဋ်ဟောင်းပါ၍ ခါးနာ ခေါင်းခဲ ထားခွဲ ကျောက်ရှ ၊ ဒွါဒသအတိံ၊ ဝိပါက်တော်ရှိသေးသည် ၊ သက်ရှိမဟုတ် ရွှေရုပ်တော်ပွား ငါသစ်သားပေကိုး ၊ ကြိုးစား၍ခံရပေမည် ဟု ၊ စတုတ္ထဖိုလ်သမာ ဝင်စားဆဲအခါကဲ့သို့ မျက်လွှာကိုမှိတ်ပြီး အံကြိတ်လို့ ခံတော်မူရှာမှာပါ.... အသိတရား သတိတရားလေး လက်ကိုင်ထားပီး စဉ်းစဉ်းစားစားလေး လုပ်ကြပါ ကိုရွှေစည်ပင်တို့ရယ်... အရပ်ရပ် နေပြည်တော် ကြားလို့မှ မတော်ပါဘူးဗျာ....

  1. Anonymous said... :

    အမလေး...လွယ်လွယ်လေး...ထုံးစံအတိုင်းမီးရှို့လိုက်ပေါ့..။

  1. Anonymous said... :

    မိုက်ရိုင်းတဲ့စည်ပင်...မကြာခင်ကျဆုံးပါစေဗျာ..မြန်မာပြည်မှာကလဲ ကြားလို့မကောင်းတာတွေကြားရတဲ့ နေရာမှာတော့ ဘယ်နိုင်ငံမှယှဉ်လို့မရအောင်ကို များပြားတယ်..တကယ်ပါပဲ..

  1. shwe maung said... :

ုAnnonymousေ၇ အဖွဲ.အစည်းတစ်ချို.လုပ်လေ.လုပ်ထရှိပေမဲ.ဗုဒ္ဓဘာသာ ဆို၇င် အဲ.လို မပြောနဲ.။ နောက်ဘ၀ တစ်ခုမှာ ဘာသာခြားဖြစ်ခဲ.၇င် အဲ.လိုလုပ်ဖြစ်လိမ်.မယ်နော်။

    ကျွန်တော်လည်း ဗုဒ္ဓဘာသာ တစ်ဦးပါ၊ လွယ်ပါသည်။ အဆိုပါဘု၇ားခန်းပြုလုပ်ထားသောနေ၇ာမှာ ၇ပ်ကွက်နေပြည်သူလူထု၊ လမ်းအသုံးပြုသူများကို အနှောင်.အယှက် ဖြစ်တယ်ဆို၇င် ဖြုတ် ပြီး ဘု၇ားကို အတွင်းပြန်ရွေ.လိုက်ပါ။
    အကုသိုလ်လည်း မဖြစ်ပါ ဘု၇ားတိုင်းဟာ ကိုယ်.အကျိုးထက် အများကောင်းကျိုးကိုသာ လိုလားလေ.ရှိပါသည်။ မည်သည်.ပြသာနာ အနှေင်.အယှက်ဘယ်လိုမှ မဖြစ်နိုင်၇င် စာရွက်စာတမ်း အပြည်.အစုံနဲ.ခွင်.ပြုလိုက်ပါ။ ဥပဒေဆိုတာ ပြည်.စုံချင်မှပြည်.စုံပါမည်။ အားလုံးအတွက် တစ်ပြေးညီပဲ ဖြစ်သင်.သည်။

  1. အဓိကပြဿနာကတော့
    အဲဒီ ဓမ္မာရုံလေးရဲ့ ဘုရားခန်းအလှူရှင်ဟာ
    မရမ်းကုန်းNLD ဒုဥက္ကဋ္ဌ (နိုင်ကျဉ်းဟောင်း)
    ဦးဥာဏ်သောင်းမိသားစု ဖြစ်နေလို့ပါတဲ့ဗျာ။
    ကဲ ဘာပြောကြမလဲ?

  1. Anonymous said... :

    သာသနာရေးဦးစီးဌာန ဘာလုပ်နေတာ လဲ

  1. Anonymous said... :

    စည်ပင်တွေအတွက် သွားရမည့်ငရဲ တတ်တတ်ရှိတယ်လို့ ငရဲမင်းရဲ့ ဖေ့စ်ဖုတ်စာမျက်နှာမှာ တင်ထားသာတွေ့ရပါတယ်။ ငရဲမင်းကြီးရှင်းပါလိမ့်မယ်..ခုလောလောဆယ်တော့ လူပြည်က ကိစ္စအဝဝကို သမ္မတကြီးနဲ့လွှဲထားတယ်လို့ကြားရပါတယ်...

  1. Anonymous said... :

    လွယ်လွယ်လေး...ထုံးစံအတိုင်း မီးရှို့လိုက်လို့တော့ မပြောပါနဲ့ဗျာ.. မိတ်ဆွေက ဒင်းတို့တွေ တစ်လျှေက်လုံး မဟုတ်တာ လုပ်လာတာခြင်း အတူတူ၊ အခုလည်း အဲလိုပုံစံ နီးနီးဖြစ်အောင် လုပ်မှာဘဲလို့ မြင်ပုံရတယ်။ ဟုတ်လည်း ဟုတ်မှာပါ။ သူတို့တွေ အဲလို အရိုးစွဲနေတဲ့ လူယုတ်မာ အမူအကျင့်တွေကို ဟာသလိုလို လုပ်နေမယ့်အစား တတ်နိုင်သလောက် အပြုသဘောဆောင်တဲ့ အကြံဥာဏ်လေးတွေ၊ comments လေးတွေ ပေးရင်း ကူညီကြရအောင်လားဗျာ။

  1. Anonymous said... :

    ဓမ္မာရုံး ဆက်တည်နိုင်အောင် ရွေည၀ါ ဦးပညာသီဟ နားရေးကူညီမူ ဦးကျော်သူ ဇေကမ္ဘာ ဦးခင်ရွေ ဆင်သွယ်ပြီး ဖြစ်စဉ် သမိုင်းကို တင်ပြပါ
    နှစ်ကာလကြာရှည် ဆွမ်းလောင်းခဲ့သည့် ဓာတ်ပုံ မှတ်တမ်းများနဲ့ မြေဂရမ် ရှိသည့်ဖြစ်စေ မရှိရင်လဲ တရားဝင်ဖြစ်လာရေးအတွက် စာရွက်စာတမ်းလုပ်စေချင်တယ်၊ ဓမ္မာရုံ ဂေါပကအဖွဲများက သက်ဆိုင်ရာ အမတ်များကို တင်ပြပါ၊ ဆွမ်းလောင်းဓမ္မာရုံသည် သာသနာရဲ. အသက်ပင်ဖြစ်ပါတယ်၊ ဓမ္မာရုံ ဆက်တည်ရှိရေး လုပ်ပါ ကြောက်စရာမလိုပါဘူး၊
    မေတ္တာဖြင့်
    ဗုဒ္ဓေါဝါဒဆရာတော် အမေရိက
    ဆက်သွယ်နိုင်ပါတယ်
    shwebofive@gmail.com 001 270 904 1142

  1. ကဲတရပ်ကွက်လုံးလမ်းထွက်ပြီးဆန္ဒမပြရဲကြဘူးလား။လုပ်စ
    ရာကဒါပဲရှိပါတယ်။

  1. ဦးအောင်သိန်းလင်းကို သွားကပ်..ကျွန်တ်ေတို့ရပ်ကွက်သားအားလုံး ကြံ့ဖွတ်ကိုဝင်ကြပါမယ်ဆိုယင် ဓမ္မာရုံဒီထက်ကြီးတာ ပြင်ဆောက်ပေးကြလိမ့်မယ်.....

    စည်ပင်လား...ရပ်ကွက်ထဲမှာ အပ်ကျတာက အစ အသံကြားတယ် သိတယ် ရောက်တယ်...စက်မှုလုပ်ငန်းရပ်ကွက်ထဲမလုပ်ရဘူးတဲ့...
    စည်ပင်က ငွေယူပီး ခွင့်ပြုထားတယ်...သူတို့ကမှ တစ်ဆင့်လျှပ်စစ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရဲ ခွဲတမ်းလုပ်ပေးကြတာ....
    ပုံနှိပ်လုပ်ငန်း ရောင်စုံအော့ဆက် ပစ္စည်းသိုလှောင်ရုံ အကုန်လုံးဟာ ဈေးချိုတဲ့ လူနေရပ်ကွက်ထဲမှာ တံခါးပိတ်လုပ်နေကြတာ.....စည်ပင်လူကြီးတွေ ဒီငွေနဲ့
    ရပ်တည်နေကြတယ်.....ဒီလိုစိတ်တွေနဲ့ စင်္ကာပူလိုဖြစ်
    အောင်လုပ်မတဲ့..........စင်္ကာပူက လူကြီးတွေက ဒါကြောင့် ရီတာ......သောက်ရူးဘောင်းဘီချွတ်တွေ...

  1. MentorKoKoLwin said... :

    Lu Nay Chone Gyar, Sate Nay Bon-Phyar

    Even for many many years......

    In our country

    1. Lots of rubbish
    2. No discipline of Hygiene (Rubbish bin, Rubbish disposal , Sewage disposal )

    Ko " Par ' Deth chee taung . Ko BaeNayYar Soot Pyit Ya HMan Ma Teet Tar. ( how to dispose our own stools, daily )

    Daily toilet soaps.
    safe drinking water ( Potable water around country )
    25 hour full quality power supply

    Adequate commuting system in City , Urban areas .....

    Adequate efficient private transport system ( - Taxi )

    Basic food supply ( Pae Pyote, Nan Pyar, Rice and oil, and meat ( for only two meals a week for each one )

    Pee Tawt... Pyaw LIte Yin Moe Lar Kae Lar .........' Foundation ' Lote Lite. Lu Tat lite ( kill people )
    Disguise Lote LIte ( Use religion and charity as covering robe to disguise )

    Ah Myar Kyee Bae.
    Ah Myar Kyee Bae.

    Feed ur own face. Then feed the upper house and then feed the lower house and then feed the ' all people '

    Eliminate all trouble makers. Don't look around a lot. All are just near you. ( Ah Nee Lay Mar )

    Eliminate the corruption without delay and ' Take ' all money back to Myanmar Country revenue ......to pay back the people.

    Pyaw Ya Tar ......Maw Hla Pee.

  1. Anonymous said... :

    ဟိုအရင်မြ၀တီကလွှင့်ခဲ့တဲ့ စိန်သံမဏိတို့မောင်မောင်မြင့်တို့ပါတဲ့
    ဓမ္မာရုံဇာတ်လမ်းများလားလို့ဗျာ
    ခေါင်းစဉ်ကတိုက်ဆိုင်လိုက်တာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved