ဒိန်းမတ် ၀န်ကြီးရဲ့ မြန်မာပြည်ခရီး

Thursday, January 5, 2012

ဓာတ်ပုံ - um.dk

ဒိန်းမတ် ၀န်ကြီးတယောက် မနက်ဖြန် သောကြာနေ့ မြန်မာပြည်ကို ရောက်ပါမယ်။
ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး Christian Friis Bach ဖြစ်ပါတယ်။
သူ့ရဲ့ ဇန်နဝါရီ ၆ - ၉ ခရီးစဉ်အတွင်း နေပြည်တော်က အစိုးရခေါင်းဆောင်တွေ၊ ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးသမားတွေနဲ့ တွေ့မယ်၊
ဒိန်းမတ်က ထောက်ပံ့တဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းတွေကို လေ့လာဖို့ ရှမ်းပြည်နယ်ကိုလည်း ၀င်ပါမယ် တဲ့။

မြန်မာပြည်က အပြန်ခရီးမှာတော့ ဘန်ကောက်ကို ၀င်ပြီး ဧရာဝတီသတင်းဌာန အယ်ဒီတာ အောင်ဇော် အပါအ၀င် ထိုင်းနိုင်ငံရောက် မြန်မာပြည်အရေး ဆောင်ရွက်နေသူတချို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ယခင် ၀န်ကြီး Ulla Tørnæs လည်း မြန်မာပြည်ကို ရောက်ဖူးပါတယ်။ ၂၀၀၉ နှစ်ဆန်းမှာပါ။

ဥရောပနိုင်ငံတခုဖြစ်တဲ့ ဒိန်းမတ်နဲ့ မြန်မာပြည်အရေး ဆက်စပ်မှုတချို့ကို ဘန်ကောက်မြို့ ဒိန်းမတ်သံရုံး ၀က်ဆိုက် http://www.ambbangkok.um.dk/en/menu/DevelopmentDanida/DanidainBurma-Myanmar/ActivitiesInBurma-Myanmar/ မှာ ဖတ်ရှုနိုင်ပါတယ်။ ဖွံ့ဖြိုးရေး အကူအညီတွေပေးတဲ့အကြောင်း ဖော်ပြထားတာပါ။

ဒိန်းမတ်က မြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ပြစ်မှုများကို ကုလသမဂ္ဂက စစ်ဆေးဖို့ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး ဆိုတာကို ထောက်ခံထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ (ပြီးခဲ့တဲ့ မတ်လအထိ ထောက်ခံထားတာ ၁၆ နိုင်ငံ ရှိပါတယ်)

နှစ်ဆန်းပိုင်း ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သားအစိုးရ တက်မလာခင် ရက်ပိုင်းအလိုမှာ ဒိန်းမတ်က ထောက်ခံလိုက်တာပါ။

1 comments :

  1. Anonymous said... :

    ဒိန်းမတ်မှာရှိတဲ့ ရွှေ တွေကျတော့ ဖွံ့ဖြိုးမှုဆိုင်ရာ မလုပ်ဖူး ပိုက်ဆံတွေ ပြန်တောင်တယ်၊ အလုပ်အချိုန်ပိုလုပ်လို ဘဏ်မှာငွေဆုထားလဲ ဝင်ငွေများတယ်ဆိုပြီး ပြန်တောင်တယ် မပေးရင် အလုပ်လစာကဖြတ်တယ်၊ ဒိန်းမတ်က ဒီမိုကရေစီနိုင်ငံမဟုတ်ဘူး ကွန်မျြူနှစ် နိုင်ငံအဆင့်လောက်ပါ။ ကျားကြောက်လိုရှင်ကြီးကိုး ရှင်ကြီးကကျားထက်ဆိုး အဲဒါ ဒိန်းမတ်။
ိတတိယနိုင်ငံဆိုတာအကြောင်းပြပြီး ငွေဝယ်ကျွန်အဖြစ် ဒီမှာထားတယ်၊ EU အများစုဟာ ထိုင်း၊မလေး က လူတွေဝယ်ပြီး ခိုင်းနေကြတာ။ အပြင်ကကြည့်ရင် ကယ်တင်ရှင်လိုလို အထဲမှာတော့ သတောင်းစားသာသာ ရှိတော့တယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved