နတ်ရေကန်နောက်ဆက်တွဲ

Wednesday, January 11, 2012


ဧရာဝတီဘလော့ www.irrawaddyblog.com/2012/01/blog-post_9328.html မှာ ဖော်ပြခဲ့တဲ့ နတ်ရေကန် ဦးတေဇ နဲ့ ပူးတွဲ ဖတ်ရှုသင့်တဲ့ အိတ်ဖွင့်ပေးစာတစောင်ကို facebook မှာ ဒီကနေ့ တွေ့ရပါတယ်။

ဦးတေဇ သို့ အိတ်ဖွင့်ပေးစာ

ဦးတေဇ ကိုယ်တိုင် ရေးသားထားတဲ့ “ဝတိံဖျားက နတ်ရေကန်သို့ အသွား မရဏတရား၏ ခံတွင်းမှ အပြန်” ဆောင်းပါးကို ဖတ်လိုက်ရပါတယ်။ ရေးထားတာက ဖတ်လို့ အတော်ကောင်းပါတယ်။ သက်စွန့်ဆံဖျား ဝတ္ထုတပုဒ် ဖတ်နေရသလိုပါပဲ။ အားလုံး ဘေးမသီ ရန်မခ ပြန်လည်လွတ်မြောက်လာကြလို့လည်း ဝမ်းသာမိပါတယ်။

အခြား ထူးထူးထွေထွေ ပြောစရာ နောက်ထပ် နည်းနည်းရှိနေသေးလို့ လူချင်းတွေ့ဖို့ အဆင်မပြေတာနဲ့ အိတ်ဖွင့်စာ ပေးပို့ရပါတယ်။ ဦးတေဇရဲ့ ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာကို ထိခိုက်စေလိုတာ မဟုတ်မှန်း ဖတ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။

ဦးတေဇအနေနဲ့ စစ်အစိုးရ အားကောင်းစဉ်မှာ အောင်မြင်တဲ့ စီးပွားရေး သူကြွယ်ကြီးတဦး ဖြစ်လာခဲ့တာကြောင့် စစ်အာဏာရှင်ရဲ့ ဒဏ်ကို အကြီးအကျယ် ခံစားနေရဆဲ ပြည်သူတွေနဲ့ ပြဒါးတလမ်း သံတလမ်းမှာ ရှိနေပါတယ်။

ပူတာအို tourist plan ကလည်း ဦးတေဇ မျှော်လင့်သလို မီးခိုးတိတ် အောင်မြင်နိုင်မယ့် လူထုစီးပွားရေး အမှန်ပါပဲ။ ထိုင်းက သက်သေပြခဲ့ပါတယ်။ ဦးတေဇ အနေနဲ့ နာဂစ်တုန်းက ကူညီပေးခဲ့တာအပြင် အခု ဒီဆောင်းပါးကို အများသူငါသိအောင် ရေးပေးရုံနဲ့ မတူညီနိုင်သေးတဲ့ လမ်းကြောင်း ၂ ခုကို ဆက်လို့ မရနိုင်သေးဘူး ထင်ပါတယ်။

ဒီထက် ပိုကောင်းမယ့် သက်သေတွေ ထပ်ပြီးတော့ ပြသစေချင်ပါတယ်။ ဦးတေဇရဲ့ ဆောင်းပါးထဲမှာပဲ ဦးတေဇရဲ့ အရည်အချင်းကောင်းတွေကို သတိပြုမိပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ တွေးမိတာကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောရရင် ဦးတေဇဟာ ပြည်သူတွေဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးရင်း ဒီအရည်အချင်းတွေကို အပြည့်အဝ အသုံးချစေချင်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ အလိုအပ်ဆုံးက စီးပွားရေး မဟုတ်ပါဘူး။ စီးပွားရေးကို စိတ်ချလက်ချ လုပ်နိုင်တဲ့ နိုင်ငံရေးစနစ်သာ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရင် ဒီမိုကရေစီ အမှန်တကယ် ဖြစ်ထွန်းလာဖို့ပါ။ “နောက်ပြန် မဆုတ်တော့ပါ” ဆိုတဲ့ ကျနော့် ဆောင်းပါးမှာ ပြည်သူအများက မျှော်လင့်နေတဲ့ လောလောဆယ် မြန်မာနိုင်ငံမှာ အမြန်ဆုံးလုပ်ရမယ့် အရေးကြီးဆုံး အမျိုးသားရေးကိစ္စတွေ (National issues) အကြောင်း ထည့်ရေးထားပါတယ်။ ဦးတေဇ အချိန်ပေးပြီး ဖတ်စေချင်ပါတယ်။

စီးပွားရေးသမားဖြစ်လို့ နိုင်ငံရေးဘက်မှာ မကျွမ်းကျင်ဘူး ပြောလို့ မဖြစ်ပါ။ နိုင်ငံရေးကို အထောက် အကူ ဖြစ်စေတဲ့ လူမှုရေး အကျိုးပြုလုပ်ငန်းတွေမှာ တဘက်တလမ်းကနေ ပါဝင်ပေးနိုင်ရမှာ ဖြစ်ပါတယ်။ ပြာပုံဘဝက ဂျပန်နိုင်ငံဟာ ဒီလိုနည်းနဲ့ အုတ်တချပ်သဲတပွင့် ကူညီ ခဲ့ကြလို့ ပြန်လည်ဦးမော့လာရတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ အောင်မြင်နေတဲ့ မြန်မာ့စီးပွားရေးသမားကြီးတွေကိုယ်တိုင် ကိုယ်ကျိုးစီးပွား မပါဘဲ လူမှုရေး အကျိုးပြုလုပ်ငန်းတွေမှာ အားတက်သရော ပါဝင်စေချင်ပါတယ်။ စီးပွားရေးသမားတွေဟာ ဒီနည်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကူအညီ ပေးနိုင်စရာ ရှိပါလိမ့်မယ်။

ဘယ်သူမဆို မွေးလာကတည်းက အသက်ရှင်ဖို့ကိုသာ ရုန်းကန်ကြတာ ဖြစ်ပါတယ်။ ရည်မှန်းချက်နဲ့ ခံယူချက်တွေကို သိသိနဲ့ မွေးလာကြတာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင် စေ့ဆော်မှုအရသာ သိရှိလာပြီး လမ်းကြောင်းတွေ ပြောင်းလဲသွားကြရတာ ဖြစ်ပါတယ်။ အသိဥာဏ် ပွင့်လာသလောက် အကောင်းဆုံး ဖြစ်တယ်လို့ ခံယူထားချိန်မှာ အများပြည်သူတွေဘက်ကနေ ရပ်တည်ပြီး ကြိုးစားတဲ့ လမ်းကြောင်းဟာ ဘယ်တော့မှ မမှားသလို လက်ရှိ ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီရဲ့ သဘောအတိုင်းလည်း ဖြစ်နေပါတယ်။ ဦးတေဇအနေနဲ့ George Soros လို လမ်းကြောင်းမျိုးကို ရဲရဲရွေးချယ်ပါလို့ အကြံပေးချင်ပါတယ်။ ဒါဟာ သာကူး မဟုတ်ပါဘူး။

“.....ကျန်ရှိသေးတဲ့ သက်တမ်းတလျှောက်လုံး ကျွန်တော့်ကိုယ် ကျွန်တော် မြန်မာပြည်ရဲ့ တန်ဖိုးရှိသော လူတစ်ယောက်အဖြစ် ကျင့်ကြံနေထိုင်သွားပါမယ်။ လိုအပ်လျှင် မိမိအသက်ကိုပင် ပဓာနမထား၊ တိုင်းပြည်အတွက် စွန့်စားစွန့်လွှတ်ဖို့ အမြဲအသင့် ရှိနေပါမယ် ခင်ဗျာ....”

လို့ ဦးတေဇက ဆောင်းပါးအဆုံးမှာ ရေးသားထားကို အလွန်နှစ်ခြိုက်မိပါတယ်။ ဦးတေဇက ဒီလိုနိဂုံးမျိုး ရေးထားခဲ့လို့သာ ကျနော့်အနေနဲ့ အိတ်ဖွင့်ပေးစာ ရေးလိုက်ရခြင်း ဖြစ်ပါတယ်။

ပြည်သူများနှင့်အတူ ရွှင်လန်းချမ်းမြေ့ပါစေ။

လွင်အောင်စိုး

၁၁-၁-၂ဝ၁၂

9 comments :

  1. Anonymous said... :
    This comment has been removed by a blog administrator.
  1. Anonymous said... :

    တေဇလိုလူရဲ့စကားကိုအဟုတ်မှတ်‌နေတဲ့
    ‌ဆောင်းပါးရှင်ကိုသနားမိတယ်..အကုသိုလ်များတဲ့
    လူတိုင်း‌သေခါနီးမှာေ ကြာက်လန့်တကြားက‌ယောင်က
    တမ်းဖြစ်တတ်ကြတယ်..‌နောက်မလုပ်‌တော့ပါဘူးလို့
    ‌နောင်တ‌တွေရကြတယ်...‌သေ‌ဘေးကလဲလွတ်
ေ၇ာ‌ခွေးမြီး‌ကောက်ကျည်‌တောက်စွပ်သလိုဘဲ..
    တကယ်‌တော့‌ ဦးသန်းရွှေ ကန့်လန့်ကာ
    ‌နောက် ဝင်သွားတဲ့အချိန်မှာ ဂွင်‌ပျောက်စပြုလာလို့ ဂွင်
    သစ် ဆင်တာပါ..အဟုတ်မှတ်ပြီး နား‌ယောင်ရင်ဖွတ်
    ထွက်တဲ့တာင်ပို့ကြီးကို‌နောက်တခါကြုံကရအုံးမှာဘဲ..။

  1. Anonymous said... :

    ဘယ်ဝက်ဘ်ဆိုဒ်ပေါ်မှာမဆို အောက်ပါ ပုဂ္ဂိုလ်များရဲ့ အကြောင်းဆိုရင် လုံးဝမဖတ်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်။

    ၁။ သန်းရွှေ
    ၂။ ကျော်ဆန်း
    ၃။ အောင်သောင်း
    ၄။ ဦးခင်ရွှေ
    ၅။ အောင်သိန်းလင်း
    ၆။ တေဇ
    ၇။ လွင်မိုး
    ၈။ ရထားဝန်ကြီး အောင်မင်း
    ၉ ။ ကြံ့ဖွတ် အမတ်များ

    ဒင်းတို့အကြောင်းဖတ်ရင် အကုသိုလ်များလွန်းလို့။ ဧရာဝတီ နဲ့ တကွ ကျန် ဘလော့ နဲ့ သတင်းဆိုဒ်တွေကလည်း သူတို့အကြောင်းကို ဘယ်တော့မှ အကောင်းရေးမှာလည်း မဟုတ်ဘူးဆိုတာ သိတယ်လေ။ ဆိုတော့ ... မဖတ်တာပဲ ကောင်းပါတယ်။ အဲလိုမှ မဟုတ်ရင် ကိုယ့်ပစ္စည်း (ကွန်ပြူတာ) ကိုယ်သုံးပြီး အဘိဇ္ဖာ ဗျာပါဒ တွေ များနေရဦးမယ်။

  1. Anonymous said... :

    He wrote himself. Look his hair transplanted pig's hair. ThanShwe's daughter pushed him hair transplanted.
    Look again satire face. Saw him Malaysia
    casino hall on photos.
    If my comment is not true you could publish.

  1. Anonymous said... :

    ဘာပဲပြောပြောဗျာ .... ဦးတေဇဆိုတာ မြန်မာတွေရဲ့
    စံပြလူတစ်ယောက်ပါဘဲ .... သူတို့ ရေခဲတောင်မှာပိတ်
    မိနေတုံးကဆိုရင် လာကယ်မဲ့ chopper ကို အိနိယက လေကြောင်းဖြတ်သန်းခွင့်မပြုလို့ ... ဦးရွှေ နဲ့ ဦးအေး ကတောင် တင်းနေတယ်ပြောတယ် ... မြန်မာပြည်ရဲ့ အချမ်းသာဆုံးလူတစ်ယောက် အနေနဲ့ မနာလိုတဲ့သူ
    တွေ .... စီးပွားရေးပြိုင်ဘက်တွေက ရှိကြစမြဲဘဲ ...
    သာမန် လူတွေအဖို့ သူတို့ရဲ့အကြောင်းတွေကို ဘယ်လိုမှ အတွင်းကျကျသိနိုင်ဖို့မလွယ်ပါဘူး ...
    ဦးတေဇတို့ ရေခဲတောင်မှာပိတ်မိနေတုံးက ဓါတ်ပုံတွေ
    ရှိရင်ပြန်တင်ပေးပါအုံး ... အဲဒီတုံးက ရိုက်ထားတဲ့ခါကာ
    ဘိုရာဇီ ဓါတ်ပုံကိုကြည့်ချင်လို့ ...

  1. Anonymous said... :

    ပူတာအို က Malikha Lodge ကို အာဏာသုံးပြီး
    သူဆောက်သလိုနဲ့ ရွှေလေတံခွန်ပိုင်ကို ၀ယ်သလိုလုပ်
    လိုက်ပါတယ်။ ပူတာအို Trekking Tour တွေမှာ
    တခြားသူတွေ ပါမစ်ပါမှ သွားလို့ရပေမဲ့ တေဇcom:က
    ဆိုရင် ဘာမှမပါလဲရနေတယ် သူ့Chopper အပျက်ကို အကြောင်းပြပြီး တောင်တက်ခရီးစဉ်တွေ
    ဟိုမသွားရ ဒီမသွားရတောင်လုပ်ခဲ့သေးတယ်
    တခါတည်းသေသွားလည်း ပြည်သူတွေက ၀မ်းမနည်း ပါဘူး

  1. Anonymous said... :

    Very funny!!!!!
    Who is saying he is burmese idol ?

  1. Anonymous said... :

    In front of Taw Win Center in Yangon Lamborghini sports car hit 2 young boys.
    Who killed?
    Hey blog owner the truth you hidden again. False you dare publish.

  1. Anonymous said... :

    Tay Za is the one most blessed by favoritism and cronyism. He wins the race without any competitors.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved