လွှတ်တော်ကိုယ်စားလှယ် ဆိုတာ အခွင့်ထူးခံလား?

Monday, January 23, 2012


လားရှိုးမြို့၊အမှတ်(၅) အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းစည်းကမ်းအရ ကျောင်းတက် ခေါင်းလောင်းထိုးပြီးမှ ရောက်လာသည့် ကျောင်းသားများအား ၀င်ခွင့် မပေးသေးပဲ တံခါးပိတ်ထားပါသည်။ နေ့စဉ် ပြုလုပ်နေကျ ဖြစ်သည့် ကျောင်းသားများအားလုံး တန်းစီ၊ နိုင်ငံတော်အလံ အလေးပြု၊ နိုင်ငံတော် သီချင်းဆို၊ ကျောင်းသား အဓိဌာန်ဆို စသဖြင့် ဆောင်ရွက်ပြီးမှ နောက်ကျသည့် ကျောင်းသားများအား တံခါးဖွင့်ပေးပါသည်။

ထို့နောက် နောက်ကျသည့် ကျောင်းသားများ ကျောင်းဝင်းအတွင်း အမှိုက်ကောက်စေပြီးမှ တန်းစီ၊ နိုင်ငံတော် အလံ အလေးပြု စသဖြင့် ပြုလုပ်ပြီးမှ အတန်းသို့ သွားရပါသည်။

(၁၁.၁.၂၀၁၂) နေ့နံနက်က ထုံးစံအတိုင်း ကျောင်းနောက်ကျသည့် ကျောင်းသား (၂၀) ခန့် အား ထိုကဲ့သို့ပြုလုပ်ရန် ကျောင်းမှတာဝန်ကျသည့် ဆရာမများကပြောဆိုပါသည်။

ကျောင်းနောက်ကျသည့် ကလေးတစ်ဦး၏ မိခင်က " ၄င်း၏ အမျိုးသားသည် လွှတ်တော် ကိုယ်စားလှယ်ဖြစ်ကြောင်း၊ မိမိတို့ အဆင့်နှင့် ထိုကဲ့သို့ မပြုလုပ်နိုင်ကြောင်း၊ အမှိုက် မကောက်နိုင်ကြောင်း၊ အမျိုးသားက လွှတ်တော်တွင် တင်ပြပြီး ဆရာမများအား အရေးယူ၍ရကြောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ၀င်တွေ့မည်" ဟုဆူညံဆူညံ ပြောဆိုပါသည်။

နောက်တစ်နာရီခန့်အကြာတွင် ထိုအမျိုးသမီးသည် ကျောင်းရှေ့ရှိ ဈေးဆိုင်တန်းတွင် " ကျောင်းအုပ် ဆရာမကြီးအား ပြောခဲ့ကြောင်း၊ မိမိသည်လည်း ရန်ကုန်လို မြို့ကြီးတွင် ကျောင်းဆရာမ လုပ်ခဲ့ဘူးကြောင်း၊ ယခုလို နယ်မြို့မှ ကျောင်းနှင့် ဆရာမများအား အထင် မကြီးကြောင်း၊ မိမိယောက်ျားသည် လွှတ်တော် ကိုယ်စားလှယ်ဖြစ်၍ ဆရာမများ ကျူရှင်သင်သည့်အတွက် လွှတ်တော်တွင် တင်ပြ အရေးယူနိုင်ကြောင်း" ပြောခဲ့ပါသည်။

၎င်း၏ အမျိုးသား မှာ လားရှိုးမှ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ဖြစ်ကြောင်း သိရပါသည်။

သက်တမ်းမကြာသေးသော လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူကို ကိုယ်စားပြု၊ ပြည်သူ့ အကျိုးရှေ့ရှုရမည့်အစား ယခုကဲ့သို့ လူကြားတွင် လွှတ်တော်ကိုယ်စားလှယ်…ဘာမှတ်နေသလဲ.. လွှတ်တော် မှာ တင်ပြ အရေးယူလိုက်ရမလား ဆိုတာမျိုး ဖြစ်လာ၍ နောက်ထပ် ကြောက်စရာ လူတန်းစား တစ်မျိုး ထပ်တိုး လာသလား ထင်မှတ်မိပါသည်။

Su Myat Noe
Lashio

14 comments :

  1. Anonymous said... :

    မပြည့်တဲ့အိုးဘောင်ဘင်ခတ်တယ်ဆိုတာ ဒါပဲ..

  1. Anonymous said... :

    "လွှတ်တော်ကိုယ်စားလှယ်…ဘာမှတ်နေသလဲ.. လွှတ်တော် မှာ တင်ပြ အရေးယူလိုက်ရမလား ဆိုတာမျိုး ဖြစ်လာ၍ နောက်ထပ် ကြောက်စရာ လူတန်းစား တစ်မျိုး ထပ်တိုး လာသလား ထင်မှတ်မိပါသည်။"... You are f...... right... if i were there.. im gonna point my finger at her and say.. သောက်ရူးမ..and then အဆင့်မရှိတဲ့မိန်းမ.. And Then..အသုံးမကျတဲ့မိဘ ..ရှက်စရာကောင်းသော လူစားမျိုး...... .... ... idiot..

  1. Anonymous said... :

    ဆရာမ ကလဲ ပြန်ပြောလိုက် ဘို့ ကောင်းတယ်...လွှတ်တော်မှာ လူကြိးတွေ" ညာချ "နေတယ်လို့...ဟဟ...

    ဇာ၈နာ ပြောတဲ့...ခေါင်းပေါင်းနော်...

  1. sayar said... :

    အော်ဒီအမျိုးသမီးက ခေတ်နဲ့အညီလိုက်ပြောင်းတာပါ။ အရင်ကတော့ စစ်တပ်အရာရှိကတော်ဆိုပြီး ခြိမ်းခြောက်ခဲ့ဖူးပုံပဲ။ ဒီမိုကရေစီခေတ်ဦးဆိုတော့လည်း လွှတ်တော်ကိုယ်စားလှယ် ကတော်ဆိုပြီး ခြောက်တာပေါ့။ တင်ပြသင့်ပါတယ်။ လွှတ်တော်မှာ ဆရာတွေ လခနဲ့ ထမင်းမ၀ ဘ၀မလှလို့ ကျူရှင်သင်နေရပြီး ကျောင်းသားမိဘတွေရဲ့ စော်ကားမှုကို ခေါင်းငုံ့ခံနေရတယ်ဆိုတာကို။ ကိုယ်စားလှယ်တော်ကြီးများအနေနဲ့ ပညာရေးမှာ ဆရာတွေရဲ့ မှန်ကန်တဲ့ လုပ်ပိုင်ခွင့်ကို အပြည့်အ၀ကာကွယ်ပေးဖို့ တင်ပြကြပါလို့တိုက်တွန်းပါတယ်။ နောက်လွှတ်တော်ကိုယ်စားလှယ်များ မိမိတို့၏ ဇနီးသားသမီးများ ယခုလိုအောက်တန်းကျတဲ့ စိတ်ဓာတ်မျိုးမရှိစေဖို့သွန်သင်သင့်ပါတယ်။ ဒီလိုခြိမ်းခြောက်မှုမျိုး ရာထူးအရှိန်အ၀ါအသုံးချမှုမျိုးကို များများဖော်ထုတ်ကြပါ။ အခွင့်ထူးခံ လူတန်းစားများမပေါ်လာစေရေးအတွက် အားလုံးဝိုင်းဝန်းကာကွယ်တားဆီးကြပါ။

  1. Anonymous said... :

    ကျောင်း ဆရာမ လုပ်ခဲ့ဘူးပေမဲ့ အသိတရား မရှိတဲ့ လူတစ်ယောက်ရဲ့ စကားဆို တာ ဖေါ်ပြလိုက်တာပဲ ဒီခေတ်မှာ အာဏာပြချင်သေးတယ်။

  1. Anonymous said... :

    မင်း တို့ကလည်း ရေးတိုင်းယုံမနေနဲ့.... စစ်တပ်ကို စောက်မြင်ကပ်တိုင်း သူ့ဟာသူ ဇာတ်လမ်းထွင် ရေးချင်တာ ရေးနေတာကွ.... သောက်ပိုတွေ....

  1. Anonymous said... :

    How do we know that it was a true story?

  1. Anonymous said... :

    ဖွတ် မိကျောင်းဖြစ် မြစ်မချမ်းသာ လို့လဲဆိုကြတယ်။

  1. Anonymous said... :

    မယုံပါ။ စစ်တပ်မုန်းတိုင်း လိုက်ရေးနေတဲ့ အလိမ်တွေ။

  1. Anonymous said... :

    what is လွှတ်တော်ကိုယ်စားလှယ်? Who choose those people. What is qualified?
    What is Myanmar good things done in your life? Never done good things. After generl aung san dead, which army done good thins, why fight to borader(ka yin, shan..) myanmar people. If myanmar is qualified fight to other country when they are bully myanmar. Example Bangladeshi took our land, why no fight. because no qualified. Only fight to monks and students.

  1. Saw Naung said... :

    ပထမဦးဆုံးပြောရမှာကတော့ အမည်မဖော် တဲ့ နောက်ဆုံး comment တချို့၊ ၀မ်းနည်းပါသည် လို့ပဲ ပြောရမှာ။ ဒီနေ့ခေတ် လွှတ်တော်၊ အရပ်သား ကိုယ်စားလှယ် စစ်သားကိုယ်စားလှယ် စသဖြင့် အခင်းအကျင်း၊ တကယ် ဖြစ်နိုင်တဲ့ သဘာဝ လည်း ကျတဲ့ ဖြစ်ရပ် တစ်ခု ကို စစ်တပ်မုန်းလို့လျှောက်ပြော တယ်၊ ဘယ်လောက်မှန်လို့လဲ (သတင်းမှား၊ ညာပြောနေတာ) စသဖြင့် ပြောနေတဲ့ မိတ်ဆွေများ ကို ၀မ်းနည်းပါသည် လို့ပဲ ပြောရမယ်ဗျ။ ဆက်ပြီး ဆောင်းပါး/ သတင်းကို သုံးသပ်ရရင် ဒါက ဖြစ်တတ်ပါတယ်။ အထက်က sayar ဆိုတဲ့ စာဖတ်သူပြောတာ သဘာဝ ကျတယ်။ စစ်ဗိုလ် အစိုးရ ကို အစားထိုးတဲ့အခါ နိုင်ငံရေး စိတ်ရှိတဲ့ နိုင်ငံရေးသမား၊ နိုင်ငံရေး စိတ်ပြည့်တဲ့ စစ်ဗိုလ် တွေ ပါလာသလို စစ်ဗိုလ် စိတ်ရှိတဲ့ နိုင်ငံရေးသမား တွေ၊ စစ်ဗိုလ် အားကျ လို့ နိုင်ငံရေးဝင်လုပ် တဲ့ သူတွေ ပါလာပါတယ်။ စစ်အစိုးရက ပါတီဖွဲ့ ခဲ့မိလေတော့ အာဏာရအစိုးရတို့ဖွဲ့တဲ့ ပါတီတိုင်းရဲ့ ထုံးစံ၊ ဒါမျိုးတွေပါတာ မဆန်းပါဘူး။ ဟိုတုန်းက မဆလပါတီ၊ ဒီနေ့ကြံ့ခိုင်ရေး (ကြံ့ဖွံ့) အပြင် ၉၀ NLD မှာတောင် ပါသေးတယ်။ ဒါက မလွှဲသာပါဘူး။ အာဏာရှိပြီး၊ ဒါမှမဟုတ် အာဏာရဖို့သေချာတဲ့ အဖွဲ့က organize လုပ်မိတာကိုး။ နောက် တစ်မျိုးဖြစ်နိုင်တာကတော့ ခု ဖြစ်စဉ်ကို တကယ့် လွတ်တော်ကိုယ်စားလှယ်က သိချင်မှ သိပါမယ်။ သူ့မိန်းမ/မိသားစု ရဲ့ အမှားလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော့်အမြင်က တော့ ဒါဟာ ဖြစ်တတ်တာ ပဲဖြစ်တယ်။ တာဝန်ရှိတဲ့ သူ ဒီနေရာမှာ ကျောင်းအုပ်ကြီး) က ကိုယ့် စည်း အတိုင်း ကိုယ်လုပ်ရမယ်။ ဒါမျိုးတွေ ထပ်မဖြစ် အောင် ခုလိုပဲ သတိပေး တင်ပြသင့်တယ်။ လွှတ်တော်မှာ ထည့်ဆွေးနွေး လည်း မမှားပါဘူး။ ဒါက ပြည်သူတွေရဲ့ ပြဿနာ တစ်ခုပဲလေ။ ဘတ်ဂျက် လောက် အရေးမကြီး ဘူးလို့ ဆိုလို့မရဘူး။ ခြောက်ပါစေ၊ မှန်အောင် ထိမ်းပါ၊ တင်ပြချင်တင်ပြပါ။ ကာကွယ်ပေးကြပါ။ အများကြီးတော့ ကျင့်ယူရအုံးမှာ ဆိုတာ နားလည်ရမှာပါ။

  1. Anonymous said... :

    သူကိုယ်တိုင်ကျောင်းဆရာမဖြစ်ခဲ့ဘူးတယ်လည်းပြောသေးတယ်.။သူ.သားကကျြောင်းနောက်ကျလို့ဒဏ်ပေးခံရတာကိုများ..။ သူဆရာမဖြစ်ခဲ့တုန်းကစည်းကမ်းမလိုက်နာတဲ့
    ကျောင်းသားကိုဘယ်လိုလုပ်ခဲ့လဲ.။ထိုင်ရှိခိုးခဲ့တာလား။ တော်တော်ေုကာင်တောင်တောင်နိုင်တဲ့မိန်းမ..။ သူယောက်ျားလွှတ်တော်ကိုယ်စားလှယ်ကိုပါဝမ်နင်ပေးဘို.
    ကောင်းတယ်။ ကိုယ့်မိန်းမကိုယ်မထိန်းသိမ်းနိုင်လို.

  1. Anonymous said... :

    အဲ့ သတင်းသေချာရင် ကျောင်းရယ် ၊ ကျောင်းအုပ်ဆရာမကြီး နာမည်ရယ် ၊ အဲ့ လွှတ်တော် အမတ် ဆိုတဲ့ စစ်ဗိုလ်ရဲ့ နာမည်ပါ တင်ပြလေကွာ..မင်းရဲ့ သတင်းရင်းမြစ်က ဘယ်မှာတုန်း... မင်းကိုဘယ်သူက ဒီသတင်းပေးတာတုန်း

  1. Anonymous said... :

    လားရှိုးမြို့၊ အမှတ်(၅)၊ အခြေခံပညာ အလယ်တန်းကျောင်း ဆိုတာ တစ်နိုင်ငံလုံးမှာ တစ်ကျောင်းပဲရှိပါတယ်။ အဲဒီကျောင်းက ဆရာမတွေကိုမေးလို့ရပါတယ်။ ဘယ်သူပြောလို့မှမဟုတ်ဘူး။ ကိုယ်ရှေ့မှာတွေ့လို့ အမြင်မတော်လို့တင်လိုက်တာပါ။ စုံစမ်းကြည့်ကြပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved