ခြိုးခြိုးခြံခြံ ပန်းစိုက်စားခဲ့တဲ့ အဘွားဒေါ်ခင်ကြည် (ဦးခင်ညွန့် ဖတ်ရန်)
Friday, January 20, 2012
အဂ္ဂမဟာ ဒီမိုဖက်တီး Facebook
ဗိုလ်ချုပ်မရှိတော့သည့် နောက်ပိုင်းတွင် ဒေါ်ခင်ကြည်သည် သူ့မိသားစုနှင့်အတူ ခြိုးခြိုးခြံခြံ နေထိုင်ခဲ့ပုံကို
ပေဖူးလွှာမဂ္ဂဇင်းတွင် ‘ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်၏ မျက်စိရောဂါ’ ဆောင်းပါး၌ သခင်အောင်ကြီး (ပေါင်းတည်) ကဤသို့ ရေးသားခဲ့ဖူးသည်။
‘နွေရာသီပူအိုက်သော သင်္ကြန် မတိုင်မီ ရက်တစ်ရက်ကဖြစ်ပါတယ်။ကျွန်တော်မာဇဒါ ဆလွန်းကားလေးကို
ကိုယ်တိုင် မောင်းကာ ယူနီဗာစီတီရိပ်သာလမ်းက ခြံကြီးဟာ အင်းလျားကန်စပ်မှာ ရှိပြီး အတော်ကျယ်တန်
သလောက်ကျယ်ပါတယ်။ သရက်ပင်၊ ငှက်ပျောပင်၊ အုန်းပင်တွေနဲ့ ပြည့်နှက်လျက်ရှိပြီး မာလကာပင်၊ သံပရို
ပင်တွေ၊ စက္ကူပန်းပင်တွေ အစုလိုက်၊ အစုလိုက်ရှိပါတယ်။ ပန်းမျိုး စုံရှိတဲ့ ငွေဖလားကြီးတွေနှင့် တင့်တယ်လှပ
တဲ့ ခေါင်းလောင်းပုံသဏ္ဍန်အဖြူပွင့်တွေသာပွင့်တဲ့လီလီဆိုတဲ့ အနောက်နိုင်ငံက ပန်းတစ်မျိုး ကိုသာ အခင်းနှင့်
အခင်းနှင့်စိုက်ပါတယ်။
အဲ့ဒီခြံကြီးတစ်ခုလုံးကို မာလီအိုကြီးတစ်ဦးနှင့် ဒေါ်ခင်ကြည်တို့ကိုယ်တိုင် စိုက်ကြပါတယ်။
ပန်း တွေဟာ ဈေးဖိုးကာမိသလောက် ကာမိပါတယ်။ ဗိုလ်ချုပ်ကတော်ဟာ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးစဉ်က အာဇာနည်ကြီးများရဲ့ ဇနီးကို ထောက်ပံ့တဲ့ ပင်စင်ကလေးနှင့် ငွေတစ်ထောင်ပေါ့ခင်ဗျာ။
အဲဒီခြံကရတဲ့ပန်းဝင်ငွေ ကလေးနှင့် မျှတအောင် နေခဲ့ပါတယ်။ တစ်ခါမျှ ညည်းတာမရှိခဲ့ပါဘူး။
အမေရိကန်မှာ အလုပ်လုပ်နေရှာတဲ့သူ့သားကြီး အောင်ဆန်းဦးနဲ့ အင်္ဂလန်မှာနေတဲ့ သမီးအောင်ဆန်းစုကြည်တို့ထံမှ ထောက်ပံ့တာလည်း လုံးဝ ဘူးပယ် လက်မခံ ရုံမက တစ်ခါက ဘဏ္ဍာရေးဒုဝန်ကြီး ဦးချစ်မောင် (ယခုရှေ့နေလိုက်သူ) ကလာရောက် ပြောပြသည့်အတွက် သူ့ရပိုင်ခွင့်ရှတဲ့ မိခင်နှင့် ကလေး စောက်ရှောက်ရေး ဌာန ညွှန်မှုး လုပ်သက်၊ အိန္ဒိယပြည်နယူးဒေလီမှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြိးအဖြစ် အလုပ်လုပ်ခဲ့တဲ့ လုပ်သက်များအရ ရရှိခဲ့တဲ့ ပင်စင်ကလေးကိုတောင် စွန့်လွှတ်ပြီး ကျစ်ကျစ်လျစ်လျစ်ကလေးပဲ နေထိုင်ခဲ့ရှာသူ ဖြစ်ပါတယ်။ နိုင်ငံဂုဏ်ရည်တွေ ပေးတဲ့အချိန် အရောက်မှာ ကျွန်တော်တို့တစ်တွေ နိုင်ငံဂုဏ်ရည် ပင်စင်နှင့် အစိုးရလုပ်သက်ပင်စင်နှစ်ခုတွဲရတဲ့ အခါမှ ပြန်လည် ရခဲ့ပါတယ်။
အဲဒီလောက်ခြိုးခြံပြီး နေနိုင်သူဖြစ်ပါတယ်။
ဒေါ်ခင်ကြည်၏ သမီး ဒေါ်အောင်ဆန်းစုကြည် ရော နေအိမ်အကျဉ်းသက်တမ်း ၁၆ နှစ်တွင် မည်ကဲ့သို့ နေထိုင်စားသောက်သည်ကို သင်သိပါသလော .... ဦးခင်ညွန့် ....
13 comments :
  1. သူရိယ said... :
    လာဘ်ယူထားတာမရှိဘူး ၊ စုမိဆောင်းမိတာမရှိဘူးဆိုတာ ဗိုလ်ခင်ညွန့်ပြောတာလား။
    ကျေးဇူးပြု၍ သမိုင်းကို အလိမ်မခံကြပါနဲ့။
    ခွင့်မလွှတ်ပါနဲ့လို့ မပြောလိုပါ။
    သို့သော် ပြည်သူ နဲ့ သမိုင်းကြောင်းကို လိမ်ညာရင်တော့ ဗိုလ်ခင်ညွန့်တို့မိသားစုကိုရော
    အားပေးအားမြှောက် ဂျာနယ်များကိုပါ ( Hot News Journal ) ပြင်းပြင်းထန်ထန် ဝေဖန်
    ပြစ်တင် ရှုံ့ချခြင်းဖြင့် ကမ္ဘာ့အလယ်တွင် နိုင်ငံနှင့် လူမျိုး ပြန်လည် တင့်တယ်စေဖို့ တထောင့် တနေရာမှ ပါဝင်ရွက်ဆောင်ကြပါစို့။
  1. Anonymous said... :
    It is better ....to take him back to Jail . ( house arrest )
    De Kaunt ........Ko .Pyan Pee 'Htein Tain ' Htar both loh Dae.
    that will make ' more peaceful ' for our country.
    Or there will be public reaction against him sooner than later.
    Release of K N is not helpful for anyone including himself.
  1. Anonymous said... :
    ဘာပဲပြောပြော မြန်မာပြည် စစ်ကျွန်ဖြစ်ရတဲ့ တရာခံတွေထည်မှာ အောင်ကြီးပါတယ်။
    လူနပ် ချမ်းသာ အောင်ကြီးပါ။
  1. KOKO said... :
    အော် လာဘ်မယူဘူးတဲ့လား။ အခုနေတဲ့အိမ်က ဘယ်က၀င်ငွေနဲ့ဆောက်ထားတာလဲ။မရှက်တက်လို့ ပြောနေတာနဲ့တူတယ်။ အခုအိမ်တစ်လုံးပဲဘယ်ကရတဲ့ပိုက်ဆံ နဲ့ဆောက်တယ်ဆိုတာလေးပြောပြပေးပါ။ ပုလဲအိမ်ကကော ခင်ညွှန့် အခုထိလိမ်နေတုန်းပဲနော်။ ပါးစပ်ပြောတော့တရာလုပ်တယ် နဲ့လိမ်နေတုန်းပဲ
    ကိုလေး
  1. Anonymous said... :
    စုမိစောင်းမိမရှိဘူးဆိုတာ ဟုတ်ပါ.မလား မင်းသားကြီး မောင်မောင်ခင်ရယ်
  1. ywarthar said... :
    ခင်ညွန့်အကြောင်းက ဒေါ်ခင်ကြည်အကြောင်းနဲ့ ယှဉ်ပြရမယ့်ကိစ္စတော့ မဟုတ်ပါဘူး။ ဦးပုညစကားနဲ့ ပြောရရင် မိုကြိုးနဲ့ အီးသံလိုဖြစ်နေပါမယ်။
    ဒေါ်ခင်ကြည်အကြောင်းဖတ်မိတော့ တော်တော်စိတ်မကောင်းဖြစ်မိတယ်ဗျာ။ တိုင်းပြည်အတွက် အနစ်နာခံသွားသူအတွက် အဲဒီအချိန်က တိုင်းပြည်ခေါင်းဆောင်တွေက ဘာမှလုပ်မပေးခဲ့ပါလား။ သမိုင်းကြောင်းတော်တော်မကောင်းခဲ့ပါလား။ လို့ခံစားရတယ်။ နောက်ကို ဒီလို သမိုင်းဆိုးမျိုးမကျန်ခဲ့စေချင်ပါ။
  1. Anonymous said... :
    ဦးခင်ညွန့်လွတ်လာတော့ ထွက်လာလိုက်တဲ့ဝေဖန်သံတွေ အများသား... သက်ရှိထင်ရှား ရှိနေသေးတဲ့ ဦးသန်းရွှေကိုတော့ ဘာမှ မပြောကြပါလား... အာဏာမရှိတော့ဘူးဆိုတဲ့လူကိုမှ လက်စားခြေချင်နေကြတာလား....အားလုံးကို အမိန့်နဲ့အုပ်ချုပ်ပြီး တိုင်းပြည်ကို ဆင်းရဲချောက်ထဲ ဆွဲချခဲ့တဲ့ အဓိကတရားခံကိုကြတော့ ဘာဖြစ်လို့ မပြောကြတာလဲ...မေ့နေကြတာလား.. မပြောရဲကြတာလား...
  1. Anonymous said... :
    Why??? Some people wrote some support comment about (Ex-Gen)Notorious Khin Nyunt.He is the one who puts Burma down to Bottom and Hell.the commenters, who praised him, may be his relatives.his former intelligents guys, or his sons Assisstants workers.He is totally resposible for many many bad things that he did. His house arrest,is comparing with the people who lost everything,even their lives,were nothing because all the events were happened totally because of his idea and orders.Everybody knows that how ,he and his 2 sons wealthiness are in Billion of Dollars. Don't lie and pretend,yourself,as a *THUTAWSIN*,Bullshit Khin Nyunt.
  1. Anonymous said... :
    Yes,you don't feel and suffered for Gen. Khin Nyunt.He,Than Shwe and nearly all of the Military Junta's are Multi Rich,and reponsible for what thy did badly to the worst to the country.Other 99% of pure civilians hates them. Except their relatives,friends and their followers will support and feel sympathy for them. All are self fish and Liars.quaticre
  1. Anonymous said... :
    ကိုသက်ခိုင်အကြောင်းရေးတဲ့ကိုမင်းဒင်ရေ
    ခင်ဗျားရေးတော့ ဖေါ်ကောင်သက်ခိုင်ဆို
    ခုတော့ဦးခင်ညွန့်ကြီးကသူ့မှာတပြားမှမရှိလို့ပန်းစိုက်စားနေရပါတယ်တဲ့။ခင်ဗျားပြောလေဗျာ။
  1. Anonymous said... :
    ခင်ညွန့်ကလဘ်မယူဘူးဗျ..ဟီးဟီး..၀န်ဆောင်ခပဲယူတာ..
    ခင်ညွန့်က မြန်မာပြည်မှာငွေတွေမရှိဘူးဗျ..
    ဘယ်ရှိမလဲ အကုန်သူများနာမည်တွေနဲ့သိမ်းထားတာ.
    နိုင်ငံခြားမှာပို့ထားတာ..ထောင်၇နှစ်အကျခံလိုက်တာနဲ့
    မီလီယံနာဖြစ်ပြီ...သူကဘယ် အပင်စိုက်စားမှာလဲ..
    အလကားပြောတာ..သူစိုက်တာက ဘိန်းပင်တွေ..
    မြန်မာပြည်မှာအပ်ကျတာတောင်ထောက်လှန်းရေးသိတယ်
    ..
    ရွှေတြိဂံကထွက်တဲ့ဘိန်းတွေမြန်မာပြည်ထဲဖြတ်သွားတာမသိကြတာ ခင်ညွန့်တို့လိုလူတွေရှယ်နေကြလို့ပေါ့..
    ဟုတ်ဘူးလား...
  1. Anonymous said... :
    အခုနေတဲ့အိမ်က သူများတွေအလှူငွေနဲ့ဆောက်တာပါကွယ်.
    မနာလိုမဖြစ်ကြပါနဲ့..အော်အဘက မလှူရင် ပါမစ်တွေ
    လုပ်ပိုင်ခွင့်တွေမပေးဘူးနော်..အဲဒါအဘ စတိုင်...
  1. Anonymous said... :
    ဦးခင်ညွန့်လွတ်လာတော့ ထွက်လာလိုက်တဲ့ဝေဖန်သံတွေ အများသား... သက်ရှိထင်ရှား ရှိနေသေးတဲ့ ဦးသန်းရွှေကိုတော့ ဘာမှ မပြောကြပါလား... အာဏာမရှိတော့ဘူးဆိုတဲ့လူကိုမှ လက်စားခြေချင်နေကြတာလား....အားလုံးကို အမိန့်နဲ့အုပ်ချုပ်ပြီး တိုင်းပြည်ကို ဆင်းရဲချောက်ထဲ ဆွဲချခဲ့တဲ့ အဓိကတရားခံကိုကြတော့ ဘာဖြစ်လို့ မပြောကြတာလဲ...မေ့နေကြတာလား.. မပြောရဲကြတာလား...
    like . . . .
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved