နိုင်ငံရေးသည်ပထမ၊ နိုင်ငံရေးသည် ဒုတိယ နှင့် တတိယ

Wednesday, January 4, 2012


ဧရာဝတီဘလော့နဲ့ အတန်အသင့် နီးစပ်သူတဦး ရေးလာတဲ့ စာတစောင်ပါ။
ဒီဘလော့မှာ ဘာတွေ တင်သင့်တယ်၊ ဘာတွေကိုတော့ ဦးစားမပေးသင့်ဘူး ဆိုတဲ့ သူ့အမြင်ကို ရေးထားပါတယ်။

"အိမ်က အင်တာနက်ကိုသုံးမရတာအတော်ကြာပြီ။ သက်ဆင်ရဲ့လက်ချက်လား၊ ဘာလားညာလား..မေးလည်း မရ။ အင်တာနက်ဆိုင်ကို လာသုံးရတာ အစစအရာရာ စိတ်မချရပါ။ အဆင်မပြေပါ။

(ပို့ထားတဲ့ စာမူကို ဘယ်လို ဆက်လုပ်မယ် ဆိုတာ) အကြောင်းအကျိုး အမြန် ချက်ချင်း ပြန်ကြားပေးပါလို့ အနူးအညွှတ် ပန်ကြားပါတယ်။ ဧရာဝတီ ကိုယ်တော်မြတ်များကို စိတ်နဲ့ရှိခိုး တောင်းပန် ပန်ကြားပါတယ်ဗျာ။

ငွေရလို့ ရေးနေတာမဟုတ်။ အချောင်သမားမဟုတ်။ နိုင်ငံရေး လုပ်နေတာဗျို့။ ကိုယ်တော်မြတ်တို့မှာ ကိုယ်တိုင်နိုင်ငံရေးလုပ်ဖို့..၊ ကိုယ်တိုင်လုပ်နေသူများကို ကူညီဖို့ တာဝန်ရှိပါတယ်။

ခင်ဗျားတို့ အစွန်းရောက် မီဒီယာဆရာသက်သက်မျှ မလုပ်ကြပါနဲ့။ ခင်ဗျားတို့ မြန်မာနိုင်ငံသားတွေပဲ။ မြန်မာနိုင်ငံ အရေးဟာ ခင်ဗျားတို့ အပါအ၀င် ကျုပ်တို့အားလုံးရဲ့ အရေးပါ။

ခုလို အချိန်မှာ ရတနာနတ်မယ်က ပိုပြီး အရေးကြီးသလား။

ဒီကာလမှာ ဘာအရေးကြီးဆုံးလဲ။ ခင်ဗျားတို့သိပါတယ်"

1 comments :

  1. Anonymous said... :

    ထောက်ခံပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved