ဦးခင်ညွန့် Facebook သုံးပါ
Saturday, January 21, 2012
ဦးခင်ညွန့် Facebook သုံးပါ လို့ စာဖတ်သူတဦးက အကြံပြုထားပါတယ်။
အရင်က တီဗီ မင်းသား၊ အခုတော့ ဂျာနယ်မင်းသား ဆိုတဲ့ မစပ်စုရဲ့ စပ်စုချက်မှာ ပရိသတ်တဦးက အကြံပြုတာပါ။
Bo K. Nyunt should have FB account to fully understand public votes. တဲ့။
နောက်တယောက်ကလည်း "သူ့ကို ဦးခင်ညွန့်ဟာ ယုန်တစ်ကောင်မဟုတ်ပါ၊ ကျားတစ် ကောင်ဖြစ်ခဲ့ တာတော့ မမေ့သင့်ပါဘူး" လို့ မှတ်ချက်ရေးထားပါတယ်။
31 comments :
  1. Anonymous said... :
    ဦးခင်ညွှန့်စပြီးလွတ်လာတဲ့နေ့ကစပြီး ယနေ့အထိ ပြောတဲ့ စကားတွေထဲမှာ ရှေ့နောက်မညီတာတွေအများကြီးပါနေပါတယ်။ ပထမကနိုင်ငံရေးလုံးဝစိတ်မ၀င်စားပါဘူး၊ နိုင်ငံရေးအတိုင်ပင်ခံအဖြစ်လည်း စိတ်မ၀င်စားပါဘူး။ ဒါက ပထမဆုံးနေ့ကပါ။ နောက်ပိုင်းအင်တာဗြူးတွေမှာတော့ တကယ်လို့ လိုအပ်မယ်ဆိုရင် စိတ်စေတနာကောင်းနဲ့အကြံပေးချင်ပါတယ်လို့ပြောပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ်ဦးခင်ညွှန့်ဟာယုံကြည်စရာမရှိပါဘူး။ ၈၈ နောက်ပိုင်းမှာလည်း တိုင်းပြည်ရဲ့သမိုင်းကိုပြောင်းပြန်လှန်တဲ့သမိုင်းစာအုပ်တွေကို သူပဲ ဦးဆောင်းပြီးထုတ်ခဲ့တာပါ။ အဲဒီတော့ သူ့ကို ဒီအတိုင်းပဲထားလိုက်ကြပါ။ ကျားသေကို အသက်မသွင်းကြပါနဲ့၊ သူ့ဘာသူလေးထားလိုက်ကြပါ။
    ကိုဇာဂနာလည်း ကျားသေကို ပြန်အသက်သွင်းနေသလိုဖြစ်နေပါတယ်။ဦးခင်ညွှန့်ဟာ ဘယ်လိုလူစားလဲဆိုတာ ကိုဇာဂနာအသိဆုံးပါ။ ကိုဇာဂနာရေ ဒီတစ်ခါဆိုရင်တော့ ......
  1. Anonymous said... :
    can come back as a snake again.Be careful. we can forgive him but we cannot forget his cold -blooded atrocities on our own citizine
  1. Anonymous said... :
    ဦးခင်ညွန့်ဆိုတဲ့ပုဂ္ဂိလ်က စားနေကြကြောင်ပါးအကြီးစားဗျ သူ့ကြောင့်ဘ၀ပျက်သူတွေ အသက်ဆုံးရှုံးရတာတွေ တိုင်းပြည်ရဲ့ ရတနာသားကောင်းတွေ အဖိုးတန်တွေ အများကြီးဆုံးရှုံးခဲ့ရတဲ့အပြင် စာပေနှံ့စပ်ကျွမ်းကျင်တဲ့ ဆရာတော်တွေကိုလဲ ထောင်ထဲပို့ခဲ့တာပါ သူ့လိုပုဂ္ဂိက ခုမှ သူများကြားကောင်းအောင် ဘုရားတရား တွေလုပ်ပြနေတာ သူဝဋ်လည်တာ နားလည် ပေမဲ့အချိန်မမှီတော့ပါဘူး သူလိုကောက်ကျစ်တဲ့လူမျိုး ကို ချောင်ထဲမှာဘဲထားသင့်ပါတယ်
  1. Anonymous said... :
    ဦးခင်ညွန့် ပြည်သူလူထုအကျိုးလုပ်တော့မယ်ဆိုတော့။
    ပဋိပက္ခအလွန် ရင်ကြားစေ့ရေး လုပ်ငန်းတွေကို သူကိုယ်တိုင် ဦးဆောင်ရင် တော်တော်ကောင်းလိမ့်မယ်။
    သူကနေတဆင် နိုင်ငံတကာကို တောင်းဆိုမယ်ဆိုရင် အင်မတန် မွန်မြတ်တဲ့ ပညာရှိဗိုလ်ချုပ်ဟောင်းလို့ သတ်မှတ်ရမှာပါလေ။
  1. Anonymous said... :
    ဒီကောင်ကကျားတော့ကျားပဲ..ဒါပေမယ့်ဖွတ်ကျားဖြစ်နေ
    တာဗျ..ဒီကောင်လုပ်ခဲ့လို့ တိုင်းပြည် ဖွတ်ဖြစ်ခဲ့တယ်..
    နိုင်ငံရေးသမားတွေ အနှိပ်စက်ခံခဲ့ရတယ်..
    ဘုန်းကြီးတွေ ကျောင်းသားတွေ လယ်သမားတွေကလေး
    တွေ အကုန်ဒုက္ခရောက်ခဲ့တယ်..အဲဒီလိုလုပ်ပိုင်ခွင့်တွေကို
    ဘောင်ကျော်လုပ်ခဲ့တယ်..သူ့လူတွေလုပ်တာကိုအားပေး
    အားမြောက်လုပ်ခဲ့တယ်..
    အဲဒါကြောင့်တိုင်းပြည်ဟာ မှောင်ခိုစီးပွါးရေးစနစ်နဲ့အတူ
    ဖွတ်ဖြစ်ခဲ့တယ်..အဲဒီလိုဇာတ်ခင်းခဲ့တဲ့ဒီကောင်ကို
    ဖွတ်ကျားလို့ခေါ်သင့်ပါတယ်..ဖွတ်ကျားဖြစ်တဲ့အတွက်
    စာရေးတဲ့အခါမှာလည်း တစ်ကောင် ဒီကောင်စသဖြင့်
    ရေးတာပါ..
  1. Anonymous said... :
    U Knin Myunt!!
    We can forgive you but we cant forget what the past was happened in our counrty...
    You should be more concentrated on Dhama in stead of involving in country affair...
    It would be good for country and yourself...
    Life is too short...
    Try not to repeat same mistake again...
    Thanks!!!
  1. Anonymous said... :
    မုဒိတာပွါးကြပါ သူ့  အကုသိုလ် သူ့  နောက်လိုက်ပါလိမ့် ကိုယ့်ဆီကို မကူးဆက်မိစေနဲ့ ။
  1. chou said... :
    I wonder why some are giving a place to U Khin Nyunt. His way of Politics is very very cruel. Please do not forget How many people suffered and died under him.
    Let him be a religious person that he wants to be.
  1. Anonymous said... :
    ဦးခင်ညွန့်ဘယ်လိုပဲ တွေးတွေးပြောပြော သူ့လွတ်လပ်ခွင့်မဟုတ်လား သူ့မှာ နိုင်ငံရေးလုပ်ပိုင်ခွင့်မရှိသင့်တော့ဘူးလား။ ဗုံလုံတလှည့် ငါးပျံတလှည့် လုပ်ချင်နေကြပြီလား။ အဲ့လို စိတ်မျိုးတွေရှိနေလို့ကတော့ မြန်မာ့နိုင်ငံရေး သံသရာကြီးကတော့လည်နေမှာ သေချာတယ်
  1. ငဘ said... :
    ကျားသေကို အသက်မသွင်းကြပါနဲ့၊ သူ့ဘာသူလေးထားလိုက်ကြပါ။
  1. Anonymous said... :
    Hahaha
    All the NLD supporters fear U Khin Nyunt because they know majority of ordinary public still like U Khin Nyunt. I like him too.
  1. Anonymous said... :
    နတ်ရူးကိုဘုံပြန်ပြီးမမြောက်ချင်ကြစမ်းပါနဲ့။ကျားသေကိုလဲ အသက်မသွင်းချင်ကြပါနဲံ့။ ဒေ၀ဒတ် အလောင်းနဲ့ တခြားတပည့်တွေကို သူ့ဆရာက သူသေတွေကို အသက်သွင်းတဲံ့ ၈ါထာ သင်ပေးဘူးပါတယ်။ ဒေ၀ ဒတ်ဟာဒီဂါထာတကယ်စွမ်းမစွမ်းသိချင်တြာေ့ကာင့် ကျားသေကို သူအသက်သွင်းဘူးပါတယ်။ ပြန်ရှင်လာတဲ့ကျားဟာ သူ့ ကိုအရင်ဆုံးကိုက်သတ်စားတယ်လို့ စာတွေမှာဖတ်ရဘူးပါတယ်။ ဒါကြောင့် ကျောင်းသား/သူ ပေါင်းမြောက်များစွာနဲ့ သံ ဃာတော်တွေကိုထောင်သွင်းအကျင်းချခဲ့တာ ငြှင်း ပန်းနှိပ်စက်ခဲ့တာမမေ့ကြပါနဲ့ဦး။ ပူပူနွေးနွေးကြီ့းပဲ ရှိပါသေးတယ်။ အဲ့ ဒီအဖြစ်မျိုးကိုပြန်မ်ြင် ချင်နေကျ ကပါသလား မိတ်ဆွေတို့...
  1. Anonymous said... :
    ကျားသေကိုအသက်သွင်းရလောက်အောင် ကျုပ်ကမညံ့သေးဘူး။ ကျားမှအရှင်ကြီး အလတ်ကြီးရှိသေးတယ် ဒါကြောင့်လက်တွဲထားလိုက်တာမမြင်ဘူးလား..မသိသူကျော်သွား၊သိသူဖော်စားဘဲပေါ့။
  1. remabivaEverybody make mistake some time in their life including Buddha.U Khin Nyunt had stuied Buddha's doctorine
    in duration of aressting.so he owe to the peoples how he gave tortures to the peoples.Evey actions has an equal reactions,that't Pascal law.He has to suffer for his bad performance
    before he die and other site according by the Buddha's dectorine.
    That why he need to cooperate with democracy's leaders for the peoples
    and for our country.
  1. Than Shwe said... :
    Let us not forget
    - Khin Nyunt headed the MI apparatus which had killed, tortured and destroyed tens of thousands of innocent lives in Burma
    -Khin Nyunt destroyed Sasana by jailing, torturing and disrobing Buddhist monks
    -Khin Nyunt repeatedly jailed and mentally tortured DawSuu while pretending he was all for negotiating
    -KhinNyunt was a mastermind behind the 1988 military coup and was responsible for creating chaos and confusion in the middle of the 88 uprising (for example, the MI operatives spiked the drinks and food handouts for demonstrators with poison killing quite a few and instilling fear among the demonstrators)
    -KhinNyunt granted citizenship to thousands of opium and Met producers of Chinese ethnicity along the border area
    -KihinNyunt successfully orchestrated the breakup of ABSDF, KNU, MonTai Army and other powerful organizations he saw as a threat to survival of the dictatorship
    If he is truly repentant, he should apologize to the people of Burma for all the sins and crimes he commited.
  1. Anonymous said... :
    သစ်ကျုပ်ဥပုတ်စောင့်တဲ့ပုံပြင်လေးကြားဖူးကြမှာပေါ့
  1. Anonymous said... :
    လူမှု့ရေးယောင်ယောင်
    နိုင်ငံရေးယောင်ယောင်နဲ့
    လူထုရှေ့ပြန်ထွက်လာရင်တော့
    ဒီတခါ ဘယ်တော့မှ
    ပြန်ထွက်မလာနိုင်တဲ့
    နေရာကိုပို့ဖို့
    ကျုပ်တို့ကလည်း
    ပြင်ဆင်နေပါတယ်
    တရုတ်ကဗျား မျိုးမစစ်
    မောင်ခင်ညွန့်
  1. Anonymous said... :
    ဝေဖန် အကြံပြုလိုပါသည်…….
    “မြန်မာသံ တေးသီချင်းတွေကို နှစ်သက်မြတ်နိုးသူလို့ လူအများပြောကြတဲ့ ဦးခင်ညွန့်ဟာ မြန်မာ့ရိုးရာ ဆိုကရေးတီး ပြိုင်ပွဲတွေကိုလည်း စတင်ဖော်ထုတ် ကျင်းပပေးတဲ့ ပိုင်အိုးနီးယားကြီး ဖြစ်တဲ့အပြင် မြန်မာသံ အနုပညာသမားတွေကို နေရာပေး လုပ်ကိုင်ခွင့်တွေ ပေးထားသူလို့လည်း ဆိုနိုင်ပါတယ်။”
    ……အနည်းဆုံးတော့ ဦးခင်ညွန့်ဟာ မြန်မာ့ရိုးရာကို ချစ်မြတ်နိုးသူလိုပြောလို့ရပါသေးတယ်…
    တိုင်းတပါးကို လည်း ထွက်မပြေးခဲ့ပါဘူး..(အဖမ်းခံရမယ်ဆိုတာသိသိကြီးနဲ့).. တရုပ်ပြည်က ပြန်လာခဲ့တယ်လေ…လုပ်ရဲရင် ခံရဲတယ်……
    ဦးခင်ညွန့် ဆိုတာရှိခဲ့လို့ မြန်မာပြည်သူတွေ အင်တာနက်ဆိုတာ သိခဲ့ရတယ် မဟုတ်လား… သူ့မိသားစု စီးပွာရေး ဆိုပေမယ့်.. တိုင်းပြည်အတွက်တော့ အကျိုးရှိခဲ့ပါတယ်…. ဘယ်အရာမဆို ယုံကြည်မှုရှိတဲ့သူ ကိုဘဲ လုပ်ခိုင်းရမှာပေါ့……. သား သမီးဆိုတာ ကိုယ့်အတွက် အယုံကြည်ရဆုံးပဲလေ….
    မြန်မာပြည်သူတွေကလဲသိခဲ့ကြပါတယ်….ဗိုလ်ချုပ်ခင်ညွန့် ကနေ ဦးခင်ညွန့် လို့တောင် ပြောင်းခေါ် ခဲ့သေးတာဘဲ…..
    တချိန် တခါကတော့.. ဆရာပေါင်းမှားခဲ့တာပါ…. အဇာတသတ်တောင်မှ ဒေ၀ဒတ်ကို ဆရာတင်မိလို့ မှားခဲ့တာဘဲ…… ခွင်လွှတ်သင့်ရင် ခွင်လွှတ်ရမှာဘဲ……
    ဦးခင်ညွန့်လောက် တော်တဲ့သူ… နိုင်ငံရေးကျွမ်းကျင်တဲ့သူ… နိုင်ငံတကာမှာ ၀င်ဆံ့တဲ့သူ.. ယခု နိုင်ငံရေး သမားတွေထဲမှာ ဘယ်လောက်ရှိလို့လဲ…. တယောက် ၂ ယောက်လောက်နဲ့ တိုင်းပြည် တခုလုံးကို ဦးဆောင် လို့ မရနိုင်ပါဘူး… တော်တဲ့သူကို လက်တွဲခေါ်ရမှာဘဲ…. တတ်တဲ့သူကိုလုပ်ခိုင်းရမှာဘဲ.. ကိုယ် ကိုယ်တိုင် ဘာမှ မတတ်ဘဲနဲ့ ဆရာကြီး ၀င်လုပ်လို့မရဘူး….
    ဇေယျာသော်လို နို့နံ့ မစင်သေးတဲ့သူမျိုးကို ခေါင်းဆောင်ခိုင်းကြမှာလား… သူက ဘာတွေလေ့လာထားလို့လဲ..
    နိုင်ငံရေးနဲ့ပတ်သက်လို့ကော… ဘာတွေသိထားလဲ…. သူ့အတွက် နိုင်ငံရေးကို လေ့လာဖို့ လိုပါသေးတယ်… အထင်သေးလို့ ပြောတာမဟုတ်ပါဘူး…. ရင့်ကျက်မှု အတိုင်းအတာတခုအထိ လိုသေးပါတယ်….
  1. Anonymous said... :
    ခင်ညွန့်ရဲ့ Image နိုင်ငံတကာ မှာလည်း မကောင်းတော့ပါ။ အပေါ်က Comment ပေးတဲ့သူ ခင်ညွန့် အကြောင်း သေချာပြန် လေ့လာစေချင်ပါတယ်။ ကောက်ကျစ် ယုတ်မာ ရက်စက် ညစ်ပတ် တဲ့ နေရာသာ မမှီမယ် - ခင်ညွန့်ထက်တော်သူတွေ မြန်မာပြည် မှာ အများကြီးပါ။ သွေးစွန်းနေတဲ့ သားသတ်သမားကြီး ရဲ့ လက်တွေ နဲ့ ကျနော်တို့ နိုင်ငံ အရေး ကို မကိုင်တွယ်စေချင်တော့ပါ။
    ဇာဂနာ ပြောသွားတဲ့ စကားကလည်း သူ့ကို သို့လော သို့လော တွေးစရာပါ
  1. Zo Khup said... :
    The Second men in Burma,
    1. Letya
    2.Aung Gyi
    3. Tin Pe
    4. San Yu
    5. Khin Nyint
    6. Maung Aye
    7. Tin Aung Myint Oo
    Are all Chinese- Bamar.
    It is a very interesting things.
    All these people are very cruel and ruthless, except Let Ya.
    So no one should give oxygen to a dying vipper Khin Nyint.
  1. Anonymous said... :
    ဦးခင်ညွန့်ကို ဒီအတိုင်းဘဲ ထားလိုက်ကြပါဆိုတဲ့ကွန်မန့်ကို တွေကို တော်တော်သဘောကျတယ် ..ဟုတ်တယ် ဒီအတိုင်းဘဲ ထားသင့်ပါတယ်..သူ့ခေတ်သူ့ခါက ပြည်သူတွေ ဘုန်းကြီးတွေ စစ်သားပါမကျန်ပါ စစ်ထောက်လှမ်းရေးတွေ နှိပ်စက်သွားတာ အခုထိ ရင်နာလို့မဆုံးသေးဘူး..ပြီးတော့ တာဝန်မဲ့စကားဆိုခဲ့သေးတယ် ခင်ညွန့်မလေးရောက်တော့ မလေးဝန်ကြီးချုပ်ကမေးတယ် ခင်ဗျားနိုင်ငံကလူတွေ အိုဗာစတေးတွေ ဘယ်လိုလုပ်လဲ???? ဒါငါ့နိုင်ငံသားတွေမဟုတ်ဘူးတဲ့..သူ့ခေတ်ကကောင်းစားသွားတာကတော့ သူ့သားသမီးနဲ့ ထောက်လှမ်းရေးတွေဘဲ...သေခါနီးတော့ ဘုရားတရားတ ပါစေဗျာ သူသတ်ခဲ့တဲ့ဘုန်းကြီးတွေပြည်သူတွေ တရားထိုင်တော့ လာလာထင်နေတာကိုး ..သူသေခါးနီးပြီဘဲ ဒီအတိုင်းဘဲ ထားလိုက်ပါ..
  1. Anonymous said... :
    ဦးခင်ညွန့်က ပညာရှိတာမဟုတ်ဘူးဗျ ဥာဏ်နီဥာဏ်နက် များတာ ကောက်ကျစ်တာ သူလိုလူ မျိုးကို လက်တွဲရင် ငါးပါးမကဘူး ဆယ်ပါးပါမှောက် လိမ့်မယ် သတိထားကြပါ
  1. Anonymous said... :
    သြော်.. အပေါ်နားကတယောက်ကတော့ နားမလည်ပါးမလည်နဲ့ ဓားပြသူခိုးကို ဘုရားတကာထင်ပြီး ခင်ညွန့်ဘုန်းတော်ဘွဲ့တွေ လျှောက်ပြောနေတယ်။ မသိသေးရင် ပြန်လေ့လာ။ ၈၈ ကိုသိမီသူတွေကိုသေချာမေးကြည့်ဦး။ ကိုယ်တိုင်ခင်ညွန့်ရဲ့ ကျေးဇူးခံ ကျေးဇူးစားဆိုရင်တော့ မပြောတတ်ဘူးပေါ့။ နိုင်ငံတကာဝင်ဆန့်တယ်... အောင်မလေး.. ဗြဲ.. လို့ပဲ ဆိုရတော့မှာပဲ... ခွေးအ လှည်းနင်း အင်္ဂလိပ်နဲ့။ တကယ်တော့သူဟာ ကောက်ကျစ်စဉ်းလဲသူပါ။ မျက်နှာကို သေသေချာချာကြည့်ပါ။ အခုလဲ ဒီအချိန် ဘာစကားပြောရမယ်ဆိုတာ ကောင်းကောင်းသိတယ်။ ကျူးလွန်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ရလိမ့်မယ်။
  1. Anonymous said... :
    Ohh!
    Human being....Be well think, Be well do, Be well live,then will get well country!!!!!!!!
  1. Anonymous said... :
    ပေါ်နားက ကျွန်တော့်ကို နှိပ်ကွတ် သွားတဲ့ ညီကိုရေ...
    ငါတို့တိုင်းပြည် လမ်းကြောင်းမှန်ပေါ်ရောက်နေတဲ့ အချိန်မှာ ပုဂ္ဂလိက ခံစားချက်တွေကို ခဏ (အချိန် အတိုင်း အတာ တစ်ခုလောက်အထိ)မေ့ထားပြီး နိမ့်ကျနေတဲ့ ပြည်သူလူထု သန်းခြောက်ဆယ်ကျော်တို့ရဲ့ ဘ၀တွေ နေရာ မပြိုင်ဘဲ စေတနာပြိုင်ကြပါဆို့လား...
  1. ကိုထွန်(တိုကျို) said... :
    အပေါ်ကကွန်မင့်ပေးသွားတဲ့အထဲမှာ ကိုဇေယျာသော်ဟာနို့နံ့တောင်မစင်သေးဘူး၊
    နိုင်ငံရေးအကြောင်းဘာနားလည်လို့လဲ?အစရှိသဖြင့်နိမ့်ကျတဲ့အမြင်နဲ့နှိမ့်ချတဲ့အတွေး
    နဲ့မကြည့်ပါနဲ့မတွေးပါနဲ့၊ရိုးသားတဲ့စိတ်ဓါတ်၊အများအတွက်ကိုယ်ကျိုးစွန့်နိုင်တဲ့စိတ်ဓါတ်
    အများကောင်းကျိုးအတွက်ကြိုးစားလုပ်ကိုင်လိုစိတ်၊အဲဒီလောက်ရှိယုံနဲ့တင်လောလော
    ဆယ်လုံလောက်ပါပြီ၊ဥပမာနှစ်ခုနဲ့တင်ပြပါရစေ။ လွန်ခဲ့တဲ့၂ နှစ်ထိကမ္ဘာ့စီးပွားရေးအဆင့်
    ၂ ဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံဟာ အာရှမှာတော့ဒီမိုကရေစီကို အမေရိကန်ခင်းပေးတဲ့လမ်းအတိုင်း
    လျှောက်ခဲ့ပေမဲ့ရှေးရိုးစွဲလူကြီးတွေကြီးဘဲလွှတ်တော်ထဲမှာကြီးစိုးခဲ့ပါတယ်၊အခုနောက်ပိုင်း
    မှာလူငယ်လေးတွေအများကြီးဝန်ကြီးတာဝန်တွေကိုထမ်းဆောင်နေကြပါပြီ၊ဘာကြောင့်လဲလို့
    မေးတဲ့အခါမှာနာမည်ကြီးဂျာနယ်လစ်ကပြန်ဖြေတာဟာအရမ်းစိတ်ဝင်စားဘို့ကောင်ပါတယ်၊သတိထား
    မိကြမှာပါ၊အခု ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာပြည်သူတွေရွေးချယ်လို့ရတဲ့တိုင်းပြည်ခေါင်းဆောင်တွေဟာ
    အသက်ငယ်တဲ့လူငယ်တွေဖြစ်လာပြီဆိုတာလေ။အချိန်မရတော့လို့အဖြေကိုနောက်မှဆက်ရေးပါရစေ
    ခင်ဗျာ။
  1. Anonymous said... :
    ဟိုအပေါ်က မောင်ခင်ညွှန့်ကိုအထင်ကြီးနေတဲ့ ကလေးက၊ ၈၈ တုန်းက လူမဖြစ်သေးဘူးထင်တယ်၊ နောက်ပိုင်းခင်ညွှန်ထုတ်တဲ့စာအုပ်တွေဖတ်မိထားပြီး မှိုင်းမိနေပုံရတယ်။ မပြောတော့ပါဘူး ... မှီတဲ့လူကြီးတွေကိုမေးကြည့်ပေါ့။ မောင်ခင်ညွှန်ဘယ်လို လူမျိုးဆိုတာ။ ကြောက်စရာကောင်းကြောင်းသိလာပါလိမ့်မယ်။ သူက မင်းသားလဲဖြစ်ချင်တဲ့သူဆိုတော့ အမူအရာလည်းကောင်းတယ်။ အပြောအဆို စတိုင်ကလည်း နည်းနည်းကောင်းတယ်။ မတွေ့ဘူးလား လွတ်မယ်လို့ သတင်းရထားပုံရတယ်။ ခေါင်းကိုဆေးဆိုးထားတယ်။ အရင်က သူ့ကိုခေါ်သွားတဲ့ ဗွီဒီယိုထဲမှာဆံပင်တွေဖွေးလို့။ ဟောအပြင်ရောက်တော့ ဘာပြောလဲဆိုတော့ လွတ်မယ်ဆိုတာသိကိုမသိဘူးတဲ့။ ဒီလောက်ပါပဲ ... အဲဒီလူက လိမ်ခြင်းနဲ့အသားကျနေတာ။
  1. Anonymous said... :
    ဒီဘဲကြီးကိုအင်တာနက်ကိစ္စကျေးဇူးတင်ရမယ်ဆိုတာလွဲနေပြီ။အင်တာနက်ကိုပြည်သူတွေကိုစေတနာထားပြီးလုပ်ခဲ့တာမှမဟုတ်တာ။ဒီမိုကရေစီရေးလှုပ်ရှားသူတွေကိုဖမ်းချင်လို့
    ထောင်ချောက်တခုအနေနဲ့တပ်ဆင်ပေးလိုက်တာ...သူ့ရဲ့ဥာဏ်နီဥာဏ်နက်တခုပေါ့။..
    ထားသင့်တဲ့သူကိုထားခဲ့လိုက်ပါ။
    သူ့ထက်တော်တဲ့ပညာရှိတဲ့ပြည်သူတွေအပေါ်စေတနာထား
    နိုင်မဲ့တပ်မတော်ထဲကလူလတ်ပိုင်းတွေရှိနေပါတယ်။
    တခုတော့အကြံဥာဏ်ပေးချင်တာကတပ်မတော်သားတွေကိုပြည်သူကိုချစ်တဲ့စိတ်ကလေးထည့်ပေးသင့်တယ်။
    သူတို့သိထားတာအဘပေးတာအဘကြည့်တာအဘကျွေးတာ..အဘလစာပေးတာစစ်သင်တန်းဆင်းကတည်းကအဲ့သလိုပဲသိနေကြတယ်။ပြည်သူတွေကို၅၄မျက်လုံးနဲ့
    ကြည့်နေတက်တဲ့အကျင့်ဆိုးကိုပြင်သင့်ပြီ။
    ပြည်သူတွေကိုစစ်မြေပြင်ကတိရစ္ဆာန်လို...ရန်သူလိုလို
    သဘောထားတက်တာကိုလည်းစာသင်ဆောင်ကတည်းကချေဖျက်ပေးပါ။တပ်မတော်သည်အမိ..တပ်မတော်သည်အဖဆိုတာထက်ပြည်သူသာအမိပြည်သူသာအဖဆိုရင်ပိုအဆင်ပြေမယ်လို့အကြံပြုပေးကြပါ။
  1. Anonymous said... :
    ဦးခင်ညွန့်ကိုသံသရာအတွက်တရားများများထိုင်ခိုင်းလိုက်.
    အကျယ်ချုပ်နဲ့အေးရာအေးကြောင်းနေရတာကိုပဲညီးထွားပြနေတယ်။သူထည့်ခဲ့တဲ့ကျောင်းသားကျောင်းသူတွေ..သေဆုံးသွားတဲ့သူတွေအတွက်တော့ကိုယ်ချင်းစာနာကြည့်မယ်ဆိုရင်သူဒီစကားကိုပြောမိမယ်မထင်ဘူး။နောင်တလည်းရပုံ
    မပေါ်သေးဘူး။သစ်ပင်စိုက်ရတာလက်တွေအသားမာတက်နေပြီတဲ့။တိုက်ပိတ်ရိုက်နှက်ခဲ့တဲ့ကျောင်းသားတွေက
    တိရစ္ဆာန်တွေမှမဟုတ်တာ။
    ဦးခင်ညွန့်ကတရားဝင်မှားတာရှိရင်တောင်းပန်ပါတယ်ဆိုရင်တောင်..ရင်ဘက်ကြီးကနာနေတာ...
    သေရာပါဒဏ်ရာတွေကြောင့်ပဲ..
    အပိုတွေမပြောချင်ဘူး။အသွင်မတူတဲ့သူတွေပေါင်းစည်းလို့မရဘူး။
    ခုလိုအခြေအနေကလည်းအမေစုရဲ့အောက်ကျို့မာန်
    လျှော့ခြင်းရဲ့ရလာဘ်။
    ဒီတော့စားစရာမရှိရင်လာလှူပေးမယ်။နိုင်ငံရေးမှာဝင်မပါပါနဲ့...တောင်းပန်ပါတယ်။ကျမတို့လူငယ်ကပဲ။
    ကြောက်လွန်းလို့ပါအန်ကယ်ကြီး...
  1. Anonymous said... :
    အား..........ကြောက်တယ်..ကြောက်တယ်..
    မင်းသားခေါင်းဆောင်းထားတဲ့ဘီလူးကြီးကို...
    မပင့်ပေးကြပါနဲ့။၈၈မျိုးဆက်တခုလုံးကိုတစစီကြွေလွင့်
    အောင်ရက်စက်ခဲ့သူကြီးကို..သားသမီးချင်းမစာနာ...
    သူတို့ပါးစပ်ကလက်တလုံးကြားတာဝန်အရတဲ့..
    သူတို့စစ်ဗိုလ်ချုပ်သားသမီးတွေအခွင့်အရေးတွေယူပြီး
    တာဝန်အ၇ဆိုပြီးဘယ်အာဏာရှင်တွေကဖမ်းရဲလို့လဲ..
    ဥပမာ..ဇွဲနေ၀င်းတို့လို...ဖိုးလပြည့်တို့လိုလို...ပေါ့။
    နှာစေးနေကြတယ်လေ။သူတို့ကိုယ်သူတို့အခွင့်ထူးခံလူတန်းစားတွေလို..ပြည်သူတွေကခွေးတကောင်လောက်တောင်တန်ဖိုးထားရကောင်းမှန်းသိကြတာမဟုတ်ဘူး။
  1. Anonymous said... :
    ဘယ်လိုဖြစ်တာလဲရေးချင်တာလည်းရေးမရပါလား
    ၃ခါရှိပြီ။ဆဲဆိုတာမပါအမှန်ပြောတာတောင်ကွန်မန်းမတင်ပေးဘူး
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved