လွှတ်တော်ထဲ ၀င်မယ့် Hip Hop သမား

Wednesday, January 18, 2012




ရန်ရန်ချန်း၊ ဇေယျာသော်၊ သားစိုး။
ဇေယျာသော် ထောင်က လွတ်တဲ့နေ့က ရိုက်ကူးထားတဲ့ပုံပါ။

ရွေးကောက်ပွဲဝင်မယ်လို့ ပထမဆုံး လေသံပစ်ခဲ့တဲ့ Hip Hop အဆိုတော်က ရသ ဖြစ်ပါတယ်။

အခု တကယ်ဝင်ဖို့ သေချာနေတာက ဇေယျာသော် ပါ။
သူရွေးထားတဲ့ မဲဆန္ဒနယ်မြေက ဒုက္ခသီရိ အဲ - ပုဗ္ဗသီရိ လို့ ဆိုပါတယ်။

အဆိုတော်နဲ့ လွှတ်တော်နဲ့ ဘာဆိုင်သလဲလို့တော့ မေးခွန်းထုတ်သံ ကျယ်ကျယ် မကြားသေးပါ။
စစ်သားတွေတောင် လွှတ်တော်ထဲ ခပ်တည်တည် ၀င်ထိုင်နေချိန်မို့ မမေးတာလည်း ဖြစ်နိုင်ပါတယ်။

ကြိုတင်မဲဒဏ် မခံရဘူးဆိုရင်တော့
အဆိုတော် ဇေယျာသော်ကို ခေါင်းပေါင်းနဲ့ တွေ့နိုင်ကောင်းပါရဲ့။

အသေးစိတ်ကို ဇေယျာသော် ရွေးကောက်ပွဲဝင်မည် ဆိုတဲ့ သတင်းမှာ ဖတ်ရှုနိုင်ပါတယ်။

4 comments :

  1. Ko Agga said... :

    အားပေးလျက်ပါ။

  1. true said... :

    မြန်မာပြည်ကို အရည်အချင်းရှိတဲ့လူတွေ အုပ်ချုပ် တာပဲ ကောင်းလိမ့်မယ်။

  1. Anonymous said... :

    အကျဉ်းသားပါတီဝင်ပေါ့။

  1. Anonymous said... :

    ဆေးမှုနဲ့ထောင်ကျတဲ့ကောင်က လွှတ်တော်အမတ်ဝင်အရွေးခံပြီး ခါတော်မှီ နိုင်ငံရေးသမားလုပ်တာ ထောက်ခံစရာ မရှိပါဘူး မြန်မာ နိုင်ငံက နိုင်ငံရေးသမားဆိုတာ ဒါမျိုးလား

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved