ကချင်ပြည်နယ်၊ လဂျားယန်မှာ တွေ့ရတဲ့ KIA ခေါင်းဆောင်များ။ ဗိုလ်မှူးကြီးသန်းအောင်တို့နဲ့ ဆွေးနွေးဖို့ စောင့်နေကြတာပါ။ ၂၀၁၁ ဇွန် ၃၀။ (ဓာတ်ပုံများ - ဧရာဝတီ)
လိုအပ်တဲ့အခါ ပြန်ရှာရလွယ်အောင်၊ လိုလိုမယ်မယ် သိမ်းလိုသူတွေ သိမ်းထားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
ရှာရတာ သိပ်တော့ မခက်ပါ။ ဒီဘလော့ ညာဘက်ကော်လံ Tag ဆိုတဲ့ နေရာမှာ Photo သို့မဟုတ် ဓာတ်ပုံကို ကလစ်လိုက်ရင် ဓာတ်ပုံတွေ တွေ့ရမှာပါ။
အင်တာနက်မှာ တွေ့ရတဲ့ KIA ဒေသ ပုံကောင်းကောင်းတွေဟာ ထိုင်းမှာ အချိန်အတော်ကြာ နေသွားတဲ့၊ နေထိုင်ဆဲဖြစ်တဲ့ ဓာတ်ပုံဆရာ နှစ်ယောက် သုံးယောက်ရဲ့ လက်ရာတွေချည်းပါပဲ။
တရုတ်ပြည်က ဘလော့တွေ ၀က်ဆိုက်တွေကလည်း အိမ်နီးချင်း KIA ဒေသ အကြောင်း ဖော်ပြရင် အဲဒီ နှစ်ယောက် သုံးယောက်ရဲ့ လက်ရာတွေပဲ ယူသုံးကြတာ များတယ်။ ကိုယ်ပိုင်ပုံ ရှိကြဟန်မတူပါ။
အထက်မှာ ပြောခဲ့တဲ့ ဆရာတွေကလည်း သတင်းဌာနများ သူတို့ပုံတွေ သုံးမသုံး စောင့်ကြည့်နေပုံရပါတယ်။ အခကြေးငွေ မပေးဘဲ၊ ခွင့်ပြုချက်မတောင်းဘဲ၊ နာမည်မဖော်ပြဘဲ သုံးလိုက်ရင် ကန့်ကွက်နေလို့ပါ။ ဒါဟာ သူတို့အလုပ် သူတို့လုပ်တာပါပဲ။
ဒီပို့စ်မှာ ဖော်ပြထားတဲ့ပုံတွေကိုတော့ ဧရာဝတီက ပိုင်ပါတယ်။ ဧရာဝတီ အမည်ကို ဖော်ပြပြီး ဘလော့ဂ်တွေမှာ၊ ဖေ့စ်ဘုတ်မှာ သုံးနိုင်ပါတယ်။
KIA ဒေသ ဓာတ်ပုံတချို့ကို မကြာခင် ထပ်မံ ဖော်ပြပါအုံးမယ်။
ကချင်အရာရှိပုံတွေကတော့ ဥပတိရုပ်ရည်အားဖြင့်ကောင်း
ကြပါတယ်..ကတိတည်ကြည်သစ္စာရှိတယ်ရိုးသားတယ်
ဖြောင့်မတ်တယ်မှန်ကန်တယ်ဆိုတဲ့ စကားတွေနဲ့ညီတယ်ဆို
တာ ဥပတိရုပ်ကိုကြည့်လိုက်တာနဲ့သိပါတယ်..
ဟော မြန်မာအစိုးရစစ်ဗိုလ်ပုံကတော့ နှာဘူးပုံပေါက်နေတယ်..တိုင်းရင်းသားတွေကိုအချိုသပ်ဖို့လာတဲ့ပုံပဲ..မျက်လုံး
တွေရဲ့နောက်ကွယ်က အကောက်ညဏ်ပါလာတယ်ဆိုတာ
ပုံကြည့်လိုက်တာနဲ့သိသာပါတယ်..တော်တော်ကောက်ကျစ်
မဲ့ရုပ်ပဲ..