ဂျပန် Mizuho ဘဏ် မြန်မာရုံးခွဲ ဖွင့်ခွင့်ရ

Friday, January 20, 2012

ဂျပန် Mizuho ဘဏ်ကို ကိုယ်စားလှယ်ရုံးဖွင့်ခွင့်လိုင်စင် ပေးလိုက်ပြီ တဲ့၊ ဒီနေ့ သတင်းစာမှာ ရေးထားပါတယ်။
Mizuho ဟာ ဂျပန်ရဲ့ ဒုတိယအကြီးဆုံး ဘဏ္ဍာရေးလုပ်ငန်းကြီး တဲ့။

ဒီဘဏ် ၂၀၁၁ ဧပြီကတည်းက မြန်မာပြည်မှာ ရုံးခွဲ ဖွင့်ဖို့ ကြိုးစားခဲ့ကြောင်း www.bbc.co.uk ရဲ့ သတင်းတပုဒ်မှာ ဖော်ပြခဲ့ဖူးပါတယ်။
တရုတ်ပြည်မှာတော့ ဘဏ်ရုံးခွဲပေါင်း ၁၃ ခု ရှိနေတယ်၊ လာမယ့်နှစ်တွေအတွင်း ရုံးခွဲ ၂၀ ဖြစ်လာမယ်လို့ Bloomberg စီးပွားရေးစာမျက်နှာက ဆိုပါတယ်။

ညွှန်း - ယနေ့ထုတ် အစိုးရသတင်းစာ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved