NLD ကိုယ်စားလှယ်လောင်းစာရင်း အပိုင်း ၁

Thursday, January 12, 2012


ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်းစာရင်း ထွက်လာပါပြီ။
၂၂ ဦးပဲ ရှိပါသေးတယ်။
လစ်လပ်နယ်မြေက ၄၈ နယ်မြေ ဆိုတော့ ၂၆ ယောက် ထပ်ရွေးရပါအုံးမယ်။

ကြိုတင်လေသံပစ်ထားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးက ၀င်မယ်။

မဖြူဖြူသင်းက မင်္ဂလာတောင်ညွန့်။
ဒေါက်တာဒေါ်မေ၀င်းမြင့်က မရမ်းကုန်း
သူ့ရဲ့ နယ်မြေဟောင်းပါ။ လွန်ခဲ့တဲ့ ၂၁ နှစ် တုန်းကတော့ သူ့ကို မရမ်းကုန်းဒေသခံတွေက တောင်ပြိုကမ်းပြို မဲပေးခဲ့ပါတယ်။

ဦးမန်းဂျော်နီ၊ ဒေါ်ခင်ဌေးကြွယ်တို့လည်း ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူတွေပါ။ သူတို့ကတော့ တခြား လစ်လပ်တဲ့ နေရာသစ်တွေမှာ သွားပြိုင်ပါမယ်။

ကိုသိမ်းဆွေက သူ့ဖခင် အနိုင်ရခဲ့တဲ့ ဒေသကနေ ၀င်မယ်။

NLD ရောက် ကိုဖြိုးမင်းသိန်း လှည်းကူးက ပြိုင်မယ်လို့ ဒီထုတ်ပြန်ချက်အရ သိရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved