စစ်တပ်အင်အားတွေ တစိတ်တပိုင်း လှစ်ပြတဲ့ အိန္ဒိယ Republic Day

Thursday, January 26, 2012

Republic Day ဆိုတာက အင်္ဂလိပ်အုပ်ချုပ်မှုကနေ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း အိန္ဒိယသားတွေ ကိုယ်တိုင်ရေးဆွဲတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြဌာန်းပြီး အင်္ဂလိပ်အစိုးရရေးဆွဲထားခဲ့တဲ့ အခြေခံဥပဒေကို ဖျက်သိမ်းလိုက်တဲ့နေ့ရယ်ပါ။



ဒီနှစ်အတွက် အထူးဧည့်သည်တော်က ထိုင်းဝန်ကြီးချုပ် ယင့်လတ်ရှင်နာဝတ်ထ်ပါ။ တနှစ်တာအတွင်း လူမှုထူးချွန်ဆုရသူတွေ၊ ရဲစွမ်းသတ္တိဆုရတဲ့ စစ်ဖက်၊နယ်ဖက်က ပုဂ္ဂိုလ်တွေ၊ ထူးချွန်တဲ့ ကျောင်းသားလူငယ်တွေကို သမတ ပရာတီဘာပတေးလ်က ဂုဏ်ထူးဆောင်ဆုတွေပေးပါတယ်။


လွတ်လပ်ရေးကြိုးပမ်းမှု ကာလတွေမှာ ကျဆုံးခဲ့တဲ့သူတွေကို ပန်းခွေချ အလေးပြုနေတဲ့ ၀န်ကြီးချုပ် မာမိုဟမ်ဆင်း

ဒီနှစ် အိန္ဒိယရဲ့ ၆၃ နှစ်မြောက် Republic Day မှာ အိန္ဒိယ စစ်တပ်တွေမှာသုံးတဲ့ တာဝေးပစ် ဒုံးကျည်တွေ၊ မောင်းသူမဲ့ လေယာဉ်၊ တိုက်လေယာဉ်တွေကို ပြသခဲ့ပါတယ်။



Pinaka 214mm Multi Barrel Rocket Launcher System



Smerch 300mm Multi Barrel Rocket Launcher System



AGNI-4 Missile



Prahaar Missile



T-72 FWMP Tanks




Carrier Motar Tracked




TK T-72 M 1 Ajeya



Nuclear Biological Chemical Water Purification System



မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်


အိန္ဒိယလေတပ်က Republic Day လှည့်လည်ပြပွဲမှာ လေယာဉ် ၂၉ စီး ပါဝင်ပြသခဲ့ပြီး အဲ့ဒီအထဲမှာ MiG 29၊ MI-17IV နဲ့ MI-17 V5 ရဟတ်ယာဉ်တွေ၊ Sukhoi-30 MKI တိုက်လေယာဉ်၊ အမေရိကန်နိုင်ငံကနေ မနှစ်က ၀ယ်ယူခဲ့တဲ့ C130J Super Hercules ကုန်တင်လေယာဉ် စတာတွေ ပါဝင်ခဲ့ပါတယ်။
ဒီကုန်တင်လေယာဉ်ကြီးကို မနှစ် နှစ်ကုန်ပိုင်းက ဆစ်ကင်းဒေသမှာဖြစ်ခဲ့တဲ့ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကယ်ဆယ်ရေးပစ္စည်းတွေ၊ ၀န်ထမ်းတွေ သယ်ယူဖို့ သုံးခဲ့ပါတယ်။


ဒီနှစ်လေတပ်ရဲ့ ထူးခြားမှုကတော့ အမျိုးသမီးတွေရဲ့ စွမ်းရည်ကို အသိအမှတ်ပြုတဲ့အနေနဲ့ စစ်ရေးပြချီတက်တဲ့ တပ်ဖွဲ့ကို အမျိုးသမီး လေယာဉ်မှူးတွေကို ဦးဆောင်စေခဲ့တာပါပဲ။ ဒါဟာ Republic Day လုပ်ခဲ့တဲ့ ၆၃ နှစ်တာ ကာလအတွင်းမှာ ပထမဆုံးပါတဲ့။


နှစ်စဉ်နှစ်တိုင်း ပါဝင်နေကြ ၀န်ကြီးဌာနတွေရဲ့ သရုပ်ဖော်ပြကွက်ကားတွေမှာ မီးရထားဝန်ကြီးဌာနက နှစ် ၁၀၀ သက်တမ်းရှိပြီဖြစ်တဲ့ Punjab Mail ရထားစက်ခေါင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။


အိန္ဒိယရွေးကောက်ပွဲ ကော်မရှင်ကလည်း ဒီနှစ်မှာ ပထမဆုံးအနေနဲ့ သရုပ်ဖော်ပြကွက်တခု ပါဝင်ပြသခဲ့ပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေရဲ့ စတန့်


နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ကုလားအုပ်တပ်ခွဲ


ကျောင်းသူလေးများရဲ့ လှေလှော်ဟန်အက


အနောက်ဘင်ဂေါလ်ပြည်နယ်ရဲ့ ပြကွက်


အာသံပြည်နယ်ရဲ့ ပြကွက်

............




ဒါကတော့ ဒီပိုစ့်ရဲ့ ခေါင်းစဉ်နဲ့ မဆိုင်တဲ့ Republic Day Fashion ပါ။ အိန္ဒိယနိုင်ငံ အလံမှာပါတဲ့အရောင်တွေနဲ့ အခုလို ၀တ်ဆင်ပြီး Republic Day မှာ လျှောက်လည်ကြမယ်လို့ ဆိုကြလေရဲ့


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved