Twitter မှာ ဗန်းစကားသုံးမိသူ ပြည်ဝင်ခွင့်မရ

Tuesday, January 31, 2012


LA လေဆိပ်မှာ အဖမ်းခံရတဲ့ Emily Bunting (24) နဲ့ Leigh Van Bryan (26)

“destroy America” လို့ Twitter မှာ ရေးမိတဲ့အတွက် အင်္ဂလိပ် ခရီးသွား ၂ ယောက် လော့အိန်ဂျလိစ်လေဆိပ်အရောက်မှာ လက်ထိပ်ခတ် အဖမ်းခံလိုက်ရပါတယ်။ အရင်တပတ် တနင်္လာနေ့ကပါ။

အမေရိကန်တွေက အင်္ဂလိပ်ဘန်းစကား နားမလည်လို့ ဖမ်းလိုက်တာပါ တဲ့။

သူတို့၂ယောက်ကတော့ အသက် ၂၆ နှစ်အရွယ် အမျိုးသား Leigh Van Bryan နဲ့ အသက် ၂၄ နှစ်အရွယ် Emily Bunting ဆိုတဲ့ အမျိုးသမီးတို့ ဖြစ်ပါတယ်။

destroy ဆိုတာ ပျော်မယ်ပါးမယ် ပါတီတက်မယ်လို့ အဓိပ္ပာယ်ရမှန်း အမေရိကန်လုံခြုံရေးအရာရှိမင်းများ မသိကြဘူးလို့ သတင်းတွေက ဆိုပါတယ်။

အင်္ဂလိပ်အမျိုးသား ရေးခဲ့တဲ့ထဲမှာ “dig up Marilyn Monroe” ဆိုတာလည်း ပါပါတယ်။

အဲဒီတော့ အမေရိကန် လုံခြုံရေးအရာရှိတွေက ဟိုအမျိုးသမီးကို မေးပါတယ် မာရီလင်မွန်ရိုးရဲ့အုတ်ဂူကို ဖျက်ဆီးဖို့ မင်းက ကူညီအားပေးဖို့ စီစဉ်ထားတယ်မဟုတ်လား တဲ့။

သူတို့ရဲ့ ခရီးဆောင် သေတ္တာ တလာစီခံရတယ်၊ နာရီပေါင်းများစွာ ထိန်းသိမ်းခံခဲ့ရတယ် တဲ့။

ဒီအကြောင်း သတင်းတွေ အများအပြား တက်နေပြီး အမေရိကန် လုံခြုံရေးအရာရှိတွေကို ပြောင်လှောင် ရေးသားနေကြပါတယ်။

Twitter မှာ ရေးမိခဲ့တာက ဒီလိုပါ

အမေရိကန် ပြည်တွင်း လုံခြုံရေးဌာနက သူတို့ကို ထုတ်ပေးတဲ့စာရွက်တွေ၊ ခရီးဆောင်သေတ္တာတွေနဲ့ တွေ့ရတဲ့ အင်္ဂလိပ်ခရီးသွား ၂ ဦး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved