ဟိုတယ်ဝန်ထမ်းအမျိုးသမီး ပါးရိုက်ခံရခြင်း

Tuesday, February 7, 2012

(ဓာတ်ပုံ - Orchid Hotel 91, Anawrahta Street, Pazundaung TownshipYangon, Myanmar. Telephone : 399930,704740)

(ဖေ့စ်ဘုတ်မှာ အကြီးအကျယ် ဝေဖန်နေကြတဲ့ ပို့စ်တခုဖြစ်ပါတယ်။)

28.1.2012 ရက်နေ့မှာ ကိုယ့် သူငယ်ချင်း တာဝန်ယူနေတဲ့ ဟိုတယ်ရဲ့ လုပ်ငန်းခွင်မှာ တည်းခိုသူ ဂျပန်တစ်ယောက် ရဲ့ ရိုက်နှက် စော်ကားမှုကို ခံခဲ့ရပါတယ်။

ဟိုတယ် Management မှ အမှုဖွင့် အရေးယူဖို့ ဆောင်ရွက်တဲ့ အခါမှာ ရဲအရာရှိတွေ လာရောက်စစ်ဆေးပြီး နှိုင်ငံခြားသား နဲ့ပတ်သက်တဲ့ အမှုဖြစ်နေတဲ့ အတွက် ကြောင့် ရဲ အရေးမပိုင်တဲ့အမှုလို့ ပြောဆိုခဲ့ကြပါတယ်။ဒီအခါမှာ ကိုယ့်သူငယ်ချင်းရဲ့ တောင်းဆို မှုကြောင့် ဟိုတယ်

General Manager က ဂျပန် သံရုံးကို အကြောင်းကြားပေးခဲ့တယ်။

ဂျပန် သံရုံးက စကားပြန် တစ်ယောက်နှင့် ရဲ့ အရာရှိတွေ ရောက်လာပြီး တရားလို ကို တရားခံ တစ်ယောက် အဖြစ် ပြန်ဆက်ဆံသွားတယ် လို့ သိခဲ့ရပါတယ်။နှစ်ရက် လောက် ကြာမှာ အမှု လာဖွင့်ရန် အကြောင်းကြားသောကြောင့် ကိုယ့်သူငယ်ချင်း ကို ဟိုတယ်က ဆက်သွယ်ပြီး သွားခဲ့ကြတယ်။

ဟိုရောက်တော့ ရဲ့ အရာရှိများကပါးရိုက်ခံရတာ ဒါဏ်ရာရှိလား၊ သွေးထွက်လား ဆေးစာ လုပ်ပြီးပြီလားလို့ ဆီးကြိုမေးချင်ခံရတယ်လို့သိရပါတယ်။ မိန်းခလေး တစ်ယောက်ရဲ့ ကာအိနြေင်္အဇော်ကား ခံရတဲ့ ဖြစ်ရပ်ကို ဒီလို မေးချင်းခံရတာ ကြောင့် သြော် ငါ့တို့ နိုင်ငံမှာ ကိုယ့် နိုင်ငံသားတစ်ယောက် စော်ကားခံရတာကိုတောင် ဆေးစာလိုပါသလား လို့ မေးပြီး တိုင်းတပါးသားကို ကာကွယ်ဖို့စဉ်းစားနေသေးတယ်လို့ ရင်ထုမနာတွေးမိကြောင်း ပြန်လည်ဖွင့်ပြောခဲ့ပါတယ်။
ရှက်ရှက်နဲ့ ဖြစ်ရပ်မှန်ကို ပြောပြီးတော့ လည်း ပါးရိုက်ခံရတဲ့ ဆေးစာပါမှ အမှုဖွင့်လို့ ရတယ်ဆိုသော ကြောင့် ရန်ကုန် ဆေးရုံကြီးမှာ မျက်နှာ ငယ်စွာနဲ့ လူအများကြားမှာ ဆရာဝန်ထံပြောဆိုပြီး ဆေးစာ ယူခဲ့ပေးရပြန်ပါတယ်။

ခုအဖြစ်အပျက်နဲ့ပါတ်သတ်ပြီး ဒို့အမြင်မှာတော့ ကိုယ့် နိုင်ငံသား တစ်ယောက် ကိုယ်ထိလက်ရောက် ယစော်ကားခံရတာကို သုံးလေးရက် အချိန်ယူပြီး ရဲအရေးမပိုင်မှုလို့ကိုင်ထားတာကို ကြည့်ချင်းအားဖြင့် ခုလို့ လူတွေပြောနေကြတဲ့ လူ့ အခွင့်အရေးတွေ ပွင့်လာပြီဆိုတဲ့ အခွင့်အရေးထဲမှာ တို့ တိုင်းပြည်နဲ့ လူမျိုးကို ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့ အခွင့်အလမ်းလည်း ပါဟန်မတူသေးပါဘူး။

ဂျပန် တွေ ကလည်း ဒို့များတိုင်းပြည်မှာဒုတိယကမ္ဘာစစ်က ပြုကျင့်သွားတဲ့ ပါးရိုက်၊ မုဒိန်းကျင့်လို့ ရတယ်ဆိုတဲ့အကျင့်ကို အရိုးထဲထိ စွဲနေလို့များ ခုချိန် ထိ ဒို့ အမျိုးသမီးလေးတွေကို ကိုယ်ထိ လက်ရောက် စော်ကားရဲသေးတာလားရယ်လို့ ရင်နာနာနဲ့ တွေးမိပြန်တယ်။

ဒို့ များ သူများ တိုင်းပြည်မှာအလုပ်လုပ်ရတုန်း က ကျွန်သာသာပဲနေခဲ့ရတယ်။
ဒို့ များ သူများတိုင်းပြည်မှာ တိုင်းတပါးသားကို လက်နဲ့မပြောနဲ့ စွေကြည့် ရင်တောင် သံတိုင်နောက်မှာ ဘယ်နှစ်ရက်လောက်များ နေရမယ်၊ အသက်နဲ့ ကိုယ် မြဲပါ့မလားရယ်ဆိုတာ
အဝေးရောက်နေကြ တဲ့ ဒို့မောင်နှမသားချင်းများ အားလုံး သိပြီးကြမှာပါ။

**** အခုဖြစ်ရပ်မှာ တိုင်းတစ်ပါးသားတွေရဲ့ စော်ကားမှု၊ အလိုတော်ရိ တွေရဲ့ မျိုးချစ်စိတ် မရှိမှုတွေကို ဘယ်လိုဖော်ထုတ်ပြီး၊ ပြုပြင် ပြောင်းလည်းသင့်တယ် ဆိုတာကို ၀ိုင်းဝန်းစဉ်းစားကြပါစို့ ။

25 comments :

  1. Anonymous said... :

    အတော်ရိုင်းတဲ့အဖြစ်ပဲ..ဒါနဲ့ ဘာေုကာင့်ရိုက်ရတာတဲ့လဲ။

  1. Anonymous said... :

    ဘာဖြစ်လို့ ရိုက်လဲဆိုတာ ပြောပြအုံးလေ။ သူများကို ဘာတွေ သွားလုပ်လဲမှ မသိတာ။ အားအားရားရား ရိုက်မှာလား။ မမရယ်။

  1. Anonymous said... :

    ဒေါ်အောင်ဆန်းစုကြည်ပြောပြောနေတဲ့တရားဥပဒေစိုးမိုးရေးဟာတိုင်းပြည်အတွက်ဘယ်လောက်အရေးကြီးတယ်
    ဆိုတာဒီအဖြစ်အပျက်ကသက်သေပါ။

  1. Anonymous said... :

    It shows our Burmese mentality. Burmese people are generally very jealous of one another and bad to one another, especially our Burmese military government. But we have no courage in dealings with foreigners. We are cowards! But it is funny that we are always proud of our courage.

  1. KMT said... :

    No Person can be physically abused for whatever reasons. There is law to judge and no one can take advantages by solving the problems in their own hands. Especially this is the violent abuse by the foreigner and every citizens has responsible to protect their citizens.

  1. Anonymous said... :

    This is showed clearly that Myanmar didn't have HUMAN RIGHT until now even Government changes. I would like to advice Minister Khin Ye & other Minister that please check carefully for Foreigner who are coming for what...


    Nowadays, we saw some many Korean, Chinese & Japanese people at Business Field. Some are good and smart for their Business field but some are coming as Broker.

    That useless Broker are meet with Government High Ranking person and took business from our Myanmar Company. One of my friend who is working at Shipping Business with Korea shipping line. A few month later, one korea guy named Mr.Cho took my Myanmar friend business. That Korean didn't have any foreign register company so that no need pay tax to Myanmar Government.

  1. Anonymous said... :

    ကိုယ့်နိုင်ငံသားတွေကိုကာကွယ်မယ့်ဥပဒေပြဌာန်းပါ..
    နိုင်ငံခြားတွေမှာ ဥပမာ မလေးတို့ ထိုင်းတို့ စလုံးတို့မှာ
    နိုင်ငံသားနဲ့နိုင်ငံခြားသားပြသနာဖြစ်ရင် နိုင်ငံခြားသားက
    တပန်းရှုံးနိမ့်တယ်..ဥပဒေမှာ နိုင်ငံသားကို ဖက်လိုက်
    အကာအကွယ်ပေးထားတယ်..ဒါဟာတရားတယ်ထင်တယ်
    မြန်မာပြည်မှာဥပဒေရေးဆွဲတဲ့လူတွေ ဟာကိုလိုနီလက်
    ထက်တုန်းက လိုလူတွေသာဖြစ်ပြီး သူများအကြိုက်လိုက်
    ရေးဆွဲတယ်..မြန်မာခေါင်းဆောင်အဆက်ဆက်ဟာ
    ပညာအရည်အချင်းနည်းကြတော့နိုင်ငံခြားသားကို
    အထင်ကြီးလေးစားပြီး ကြောက်ရွံ့ကြတယ်..
    အဲဒီအခါဥပဒေကို နိုင်ငံခြားသားဘက်မှာ ရပ်တည်ပေး
    ထားတယ်.. နိုင်ငံခြားသားအဟွာမှချိုတယ်
    ထင်တဲ့ အစိုးရမြန်မာပြည်မှာပေါ်ပေါက်နေသည်လို့ပြော
    ချင်ပါတယ်..

  1. Anonymous said... :

    The Japanese guy want to call prostitute and the girl said it is against the rule, then the Japanese guy slap her.

  1. Anonymous said... :

    ကိုယ့်နိုင်ငံမှာတောင်ဒီလောက်ဖြစ်နေတာ သူများနိုင်ငံဆို မလွယ်ဘူး မလေးမှာလဲ မြန်မာတွေခံနေရတာ သံရုံးက လည်းမကူညီ အစိုးရကလည်းမကြည့်ပေးဘူး မြန်မာတွေ ခဏ ခဏ ဘဲ အသတ်ခံရတယ် ဓါးပြတိုက်ခံနေရတယ်

  1. Anonymous said... :

    ကိုယ့်နိုင်ငံ သားကိုနှိမ် နိုင်ငံခြားသားကို ကျတော့ ဦးစားပေး တော်လိုက်ကျတဲ့ မြန်မာ့ ခေါင်းဆောင်ကြီးတွေ English စကားမပြောတတ်တော့ နိုင်ငံခြားသားနဲ့ပြောရမှာ ကြောက်နေတယ်ထင်တယ်..ညံ့ပါ့ကွာ..မင်းတို့ အမေ ကို ပါးရိုက်ရင်ရော ဆေးစာတောင်းမှာလား ...

  1. Anonymous said... :

    လျှပ်တစ်ပြက်မှာ အဲဒီသတင်း ပါ ပါတယ်။ ဂျပန်က ဇယားခေါ်လာတာကို ဟိုတယ်က လက်မခံတဲ့အတွက်လို့ ဆိုပါတယ်။ ဆေးစာလိုသလား မလိုသလားတော့ မသိဘူး။ CCTV နဲ့ ရိုက်ထားတဲ့ vedio မှတ်တမ်းတော့လျှပ်တစ်ပြက်က နောက်ကျောဖုံးအပြည့်နဲ့ ပြထားတာပဲ။

  1. Anonymous said... :

    ငပု တွေကို လေးခွ နဲ့ပြစ်ကွာ။
    ဒီခေတ် မှာ ပါးရိုက် ဖြေရှင်းစရာ ဘာကိစ္စ မှမရှိ။

  1. Anonymous said... :

    စစ်တပ်က လူတွေ အုပ်ချူပ်နေတဲ့ အချိန်မှာဗမာပြည်သူ ပြည်သားတစ်ယောက်ကို ပါးရိုက်လို့ ရတယ်။ ကိစ္စမရှိဘူး။ တရုတ်ကလည်းရိုက်တယ်။ ဂျပန်ကလည်း ရိုက်တယ်။ မလေးကလည်း ရိုက်တယ်။ ကျွန်ပ်တို့ စစ်တပ်ကလည်း ဗမာတစ်ပြည်လုံး တစ်နိုင်ငံလုံးကို ဗိုလ်ကျနေတာ မဆန်းပါဘူး။ အာဏာရှိရင် ပိုက်ဆံရှိရင် လုပ်ချင်တာ လုပ်လို့ ရတယ်။ လွှတ်တော်ကလည်း မသိချင် ဟန်ဆောင်နေမယ်။ ကြံ့ဖွတ်တို့  စွမ်းအားရှင်တွေ အမျိုးသားရေးစစ်စစ်တွေးတက် မြင်တက်ပါစေ။

  1. Anonymous said... :

    ဘာဖြစ်လို့ရိုက်တာလဲဆိုတာမရေးထားဘူးနော်.
    ဘာလိုကနေ ပြသာနာစလဲ ရေးသင့်တယ်.
    ဒါမှပိုရှင်းသွာမယ်လေ. ဘာဖြစ်ဖြစ် အခုလို ကိုလူမျိုးချင်း ကာကွယ်စောင့်ရှောက်မှုမပေးတော့ .လူမဆန်တဲ့လုပ်ရပ်ပဲ. သူအဖေတော်မယ့်သူမို့လို့ ဘက်လိုက်တာဖြစ်မယ်. အသားထဲကလောက်ထွက်တွေ.

  1. Anonymous said... :

    ဘာဖြစ်လို့ ရိုက်လဲဆိုတာ မေးနေကြလို့ ပြောရအုံးမယ်။ တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံမှာ ရဲ ကတောင် အကြောင်းမဲ့ ရိုက်လို့ မရဘူး။ ၀န်ထမ်းက စပြီး ပါးရိုက် လက်သီးနဲ့ ထိုး စလုပ်သလား။ မလုပ်ဘဲနဲ့ မအေ နှမ ကိုင်တုတ်ပြီး ဆဲတယ် ဆိုရင်တောင် ပြန်ပြီး ကိုယ်ထိလက်ရောက်လုပ်ခွင့် မရှိဘူး။ ၀န်ထမ်းက ဆဲလို့ ဂျပန်က မိုးမွှန်အောင် ပြန်ဆဲတာ ကိစ္စ မရှိဘူး။ ပြန်အော်ဆဲတာ က ဘာမှ မဖြစ်၊ ကိုယ်ထိလက်ရောက်လုပ်တာ က criminal case ရာဇ၀တ်မှု ခေါ်တယ်။ ၀န်ထမ်း လုပ်တာ အချိုးမပြေဘူးလား မန်နေဂျာကို ပြောရမယ်။ မန်နေဂျာ အချိုးမကျဘူးဆို ပိုင်ရှင်ထိ ဆက်သွား။ ဒါမျိုးဘဲ သွားရမှာ ဖြစ်တယ်။

  1. Anonymous said... :

    we, most of our burmese people are slavery minded. there are a lot of slavery minded people in the opposition- so called revolutionary field. most of the burmese ethnic people see the white people and other foreigner as their second god. i totally can´t understand such kind of slavery minded people. They even call and write for white people BO (in burmese). what a slavery minded.

    i deal with burmese people via email for the better burma they never replied me even i emailed them the most respectful way. and next time i test with forigner´s name such as MR. SMITH or something else then they replied me as their THA KHIN. what a slavery mind?. in this field i trust burmese soldier the most even they treat burma unethically.

    as long as you have slavery minded, you will never get self confidence and self respect.

    i am cow boy ( nwar kyaung thar), i respect my self very much because i have no slavery minded.

  1. Anonymous said... :

    မန္တလေးမှာ တရုပ်က ရိုက်တယ်။ ရန်ကုန်မှာ ဂျပန်က ရိုက်တယ်။ ဗမာဆိုရင် ထိုင်းတွေ ကလည်း အနိုင်ကျင့်တယ်။ စစ်တပ်က စစ်သားကအရပ်ထဲက ပြည်သူ ကို ရိုက်တယ် ပစ်သတ်တယ်။ ကြံ့ဖွတ်၊ စွမ်းအားရှင်ကလည်း ကြုံရင် ကြုံသလို လက်သီးနဲ့ထိုး ခြေထောက်နဲ့ ကန် ရိုက်တယ်နိပ်စက်တယ်။ မိုက်ရိုင်းလိုက်ကြတာ။ အမျိုးသားရေး အမျိုးသားသွေး အမျိုးသားစိတ်ဓါတ် တွေ စစ်တပ်အုပ်ချူပ်ခဲ့တဲ့ ကာလမှာ အကုန်ပျောက်ကုန်ပြီး။ နိုင်ငံခြားသားဖြစ်စေ ဗမာဖြစ်စေ ဘယ်လူမျိုး ဘယ်ဘာသာဝင်မဆို ဥပဒေအောက်မှာ ရှိကိုရှိစေရမယ်။ ဒီတိုင်းပြည် ဒီမြေပေါ်မှာ လူရောတိရစ္ဆာန် အားလုံး လုံခြုံ စိတ်ချစွာ အစော်ကားမခံရအောင် နေနိုင်ရမယ်။ နိုင်ငံခြားသားကိုရော နိုင်ငံသူနိုင်ငံသားကိုပါ လူလို မြင် လူလို ကြည့်တက်ရမယ်။ ရဲဆိုတာ အသုံးမကျ စစ်တပ်ဆိုတာ အလကားဖြစ်နေတယ်။

  1. Anonymous said... :

    ဘာကြောင့်ရိုက်ရိုက်လေ မြန်မာအမျိုးသမီးတစ်ယောက်ကို မြန်မာ မြေပေါ်မှာ ကိုယ်ထိလက်ရောက်စော်ကားတဲ့ အပြစ်ကို အရင်ဆုံး အရေးယူနိုင်ဖို့ တာဝန်ရှိသူတိုင်းဆောင်ရွက်သင့်တယ်။ ပြီးမှ ဥပဒေကြောင်းအရ တရားရေးဆိုင်ရာ ကိုစဉ်းစားရမယ်။ Hotel customer မို့ ဟိုတယ် ၀န်ထမ်းကို နိုင်ထက်စီးနင်းလုပ်တာမျိုးဆိုရင်တာ နိုင်ငံရေးသမားတွေ အော်နေတဲ့ လူအခွင့်အရေးတွေဘာတွေနားမလည်ဘူး လူပိန်းတွေးပဲ တွေးပြီး ကျူးလွန်သူကို ထိုက်ထိုက်တန်တန် တုံ့ပြန်သင့်တယ်။
    အဲလိုမှ မဟုတ်ရင် ငါတို့ လည်းဂျပန်ကိုသွား၊ ဟိုတယ်မှာတည်း၊ ပြီးရင် အဲဒီက ၀န်ထမ်းကို ပါးရိုက်မယ်ကွာ ရမလား နောက်မှ ရဲနဲ့ ရှင်းမယ်။

  1. Anonymous said... :

    မင်းတို့ကလဲ ပြသနာက လူမျိုးရေး ပြသနာမဟုတ်ဘူးလေ ပါစန်နယ်လေကွာ ဟိုဂျပန်ကလဲ မြန်မာမို့လို့ရိုက်တာမှမဟုတ်တာကွာ မြန်မာအချင်းချင်းလဲ ဒီလိုပဲရိုက်နေကြပဲကွာ မန်းတလေးက ကေ့ကလဲ တရုတ်တွေက မြန်မာမို့လို့ရိုက်တာမှမဟုတ်တာ စီးပွါးရေးအငြင်းပွါးလို့ ဖြစ်တာပဲ မင်းတို့ဟာက ထစ်ကနဲဆို ဟိုလူမျိုးသိမ်းကြုံးစော်ကား ဒီလူမျိုးသိမ်းကြုံးစော်ကားနဲ့ နဲနဲအမြင်ကျယ်ပါကွာ ချီးတောထဲလသာမနေနဲ့ အဲဒီဂျပန်တို့တရုတ်တို့က သူတို့တိုင်းပြည်မှာလဲ ဒီလိုပဲရိုက်နေကြပဲကွာ မင်းတို့တွေ ဒီလိုအတွေးအခေါ်တွေနဲ့တော့ ဒီမိုကရေစီတော့ဝေးပါသေးတယ်ကွာ

  1. Anonymous said... :

    ပါးမ၇ိုက်ဘဲဝိုက်သွား၇င်လည်းငြိမ်နေမှာလား။
    ၇ိုက်တုန်းအနားမှာ၇ှိတာနဲ.ကောက်ထုလိုက်ပေါ.။

  1. Globally Thinking said... :

    Many a Myanmar people are very emotional and do not think globally.

    By saying such words does not imply patriotism.
    Ta Lwel ZaPin Kaung Nay Kya Tar.

    In fact, such event is posted here in Irrawaddy to assess ' the general reaction ' of the readers.

    1st . No one knows exacty.
    2nd.. This is personal dispute, nothing to do with racial. Do not raise racial issue. That is very delicate. Like in 60s. taSate Sheet, TaYote Tway Ko Cha kwa,
    Ka Lar Tway Ko Cha Kwa

    And finally we , Our Myanmar is the poorest.
    Again. .some illiterate, tunnel-visioned, ( Still a lot in this reading areas - that means they are still prevalent in the world ) said ." JaPu' . In fact that words had be vanished in the haze for a long long time. Noone is saying Japanese people as ' JaPu ' anymore.

    by saying so , again, some stupid people may say ' why are you standing on the side of foreigners ' ?

    OK .
    this is personal issue. They will sort this thing out by themselves.

    Here, Pa Soe Chone Htae Ka , Let Thee Pya MaNay Neth . Bae Thu Hma AhHtin MaKyee Bu.

    Work, get a good job. Learn new things. Keep in pace with other countries. Earn good money and feed your own face with good food and enjoy your good health.

    I noted , once in MyitSone Dam .. talking rubbish things to Chinese.
    like .......Thu doth ka Bae . 'tomorrow going to invade China "

    this time again . " going to invade Japan ' .
    ZaKar Pyaw Tawt.......Moe Lar, Kae Lar neth.

    Please look after your own health and wealth . Please look after your own domestic situation and find the ways to sort out our own problems.

    You all know what is the final aims?

    Do not instigate with this irrelevant issue here to make some more ' honest and humble ' myanmar people to 'become Lu Mite ' . Don't spoil our ' humble and honest, simple ' Myanmar with your ' Low Class ' comment . Do not let good people to get CONTAMINATED with you filthy mindedness.

    Repeat. This is not patriotism. This is ' pseudo patriotism ' and just ' Haung Pwar Haung Pwar ' .

  1. Anonymous said... :

    ကျုပ်တို့နိုင်ငံမှာက ၀န်ထမ်းတွေဟာ ကိုယ့်တမင်းအိုးကွဲမယ့်ကိစ္စမဟုတ်ရင် ဖာသိဖာသာဘဲလုပ်နေကြတဲ့အကျင့်ကစွဲနေတာကြာပါပြီ၊ ကိုယ့်နိုင်ငံသားတွေကို အကာအကွယ်ပေးမဲ့စိတ်လဲမရှိတော့ပါဘူး အထက်ကခိုင်းတာဆိုရင်တော့ တရားတာ မတရားတာအသာထား လိုက်လုပ်ပေးခဲ့ကြတာမဟုတ်လား။ အာဏာပိုင်တွေနဲ့ဆန်ကျင်ဘက် နိုင်ငံရေးအမြင်ရှိသူ
    တွေကိုတော့မျက်နှာလိုမျက်နှာရဖမ်းဖမ်းပေးခဲ့တဲ့သာဓကတွေရှိခဲ့တယ်လေ။

  1. ကိုကိုကြီး said... :

    ပါစင်နယ် ကိစ္စဆိုပေမဲ့...အရေးယူသင့်ပါတယ်... ဘယ်လိုအရေးယူထားလဲ..ဆိုတာကိုလည်း...ပြောသင့်ပါတယ်...နိုင်ငံခြားသားဆိုတော့လည်းခက်သား...။လူမျိုးရေးစိတ်ဓာတ်ကလေးတွေကောင်းပါတယ်...။ အေးပေါ့ဗျာ..ဒီနိုင်ငံသားတစ်ယောက်မကောင်းတာနဲ့...ဂျပန်တမျိုးသားလုံးကိုပြောတာတော့မဟုတ်ဘူးပေါ့..။အခုကိစ္စကလည်း..မြန်မာအမျိုးသမီးကိုစော်ကားတာ.။ ယောက်ျားအချင်းချင်းဆိုရင်..ထားဗျာ။ မိန်းကလေးဆိုတာ.အားနွဲ့သူပါ..နိုင်ထက်စီးနင်းကျင့် ချင်တဲ့ကိုယ်ထိလက်ရောက်စိတ်ကိုက မကောင်းပါ ဘူး.။ ဂျပန်အစိုးကလည်းမြန်မာနိုင်ငံကို ကူညီမယ်ဆိုပြီး..ဒီလိုရိုင်းစိုင်း တဲ့လူတွေလွှတ်လိုက် တာမကောင်းပါဘူး..။ မြန်မာ အမျိုးသား တရပ်လုံး..ဒုတိယကမ္ဘာစစ်ထဲက.. ဂျပန်ဆိုတာရိုင်းပါလားလို့..သိနေတာတွေရှိတယ်.. ခံခဲ့ရတာတွေလည်းရှိတယ်ဗျာ..။ဂျပန်အစိုးရအနေ နဲ့လည်းသိက္ခာရှိတယ်..ကူညီချင်တယ်ဆိုရင်.. အစိုးရအနေနဲ့..မြန်မာလူထုကိုတောင်းပန်စေချင်တယ်..။ဒါမှသူတို့က...တကယ့်ကူညီမဲ့လူတွေလို့ယုံကြည်မှာပါ..။အခုဆိုရင်တော့..ဂျပန်လည်းရိုင်းပါလားလို့ မြင်နေမှာပါ...။မြန်မာနိုင်ငံကတောင့်..ဂျပန်အမျိုး သမီးကိစ္စမှာ..သတင်းစာနယ်တွေအားလုံး..ဒီကိစ္စ ကိုရှုတ်ချပါတယ်..ကျွန်တော်တို့လည်းရှုတ်ချပါတယ်.။ မြန်မာအစိုးရအနေလည်းဝမ်းနည်းကြောင်း တောင်းပန်တယ်ဗျာ..။အခုကိစ္စလည်းဒီလိုဘဲ ဂျပန်အစိုးရ အနေနဲ့လည်း...သူတို့တစ်မျိုးသားလုံး.အဲဒီလူလို မရိုင်းဘူးဆိုတာပြဖို့...တောင်းပန်စေချင်ပါတယ်... တောင်းပန်ပေးဖို့လို့တောင်းဆိုလိုက်ပါတယ်... ဂျပန်အစိုးရအနေနဲ့ .တောင်းပန်ဖို့. တောင်းဆိုကြပါဗျို့ဗျာ..

  1. Anonymous said... :

    Myanmar ppl are very stubborn ppl.
    thy don't see d both side. So this kind of pblm will b happening in future.

  1. မျိုးချစ် said... :

    ဘာကြောင်.ဘဲ ရိုက်ရိုက်...ကို. အိမ်ပေါ်တက်စော်ကားတဲ့အကောင်...
    အသေ သာ ပြန်ဆော်ရမှာ....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved