အမေရိကန်က ပိတ်ဆို့မှု လျှော့ပေးမယ်

Wednesday, February 8, 2012



(ဓာတ်ပုံများ-ဧရာဝတီ)

တနင်္လာနေ့တုန်းက ရန်ကုန် တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ဖြစ်ပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေအရ ဒီရုံးခန်းထဲက မြင်ကွင်းတွေဟာ မထူးဆန်းပါဘူး။

ဒီအခြေအနေတွေကြောင့် အမေရိကန်က ပိတ်ဆို့မှု တချို့ကို ပြန်ဖွင့် လိုက်ပါပြီ။

ဒီအကြောင်း ဧရာဝတီ သတင်းထောက် လင်းသန့်က အမေရိကန်က မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတချို့ ရုပ်သိမ်း ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ် ရေးသားထားပါတယ်။
http://burma.irrawaddy.org/archives/5799 မှာ ဖတ်နိုင်ပါပြီ။

စစ်ဗိုလ်ချုပ်ကြီးတွေကို ဒဏ်ခတ်ဖို့ ပြဋ္ဌာန်းခဲ့တဲ့ ဒီပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကရော ဘယ်လိုပြောထားသလဲ။

“အချိန်ကျတယ်လို့ သူတို့ (အမေရိကန် အစိုးရ) က ယူဆရင် ပိတ်ဆို့အရေးယူမှုတွေ ရုပ်သွားပါလိမ့်မယ်။
ပိတ်ဆို့ အရေးယူမှု ဖယ်ရှားဖို့ ဘာတွေလုပ်ဆောင်ပေးဖို့ လိုတယ် ဆိုတာကို အမေရိကန်က သေချာ ရှင်းရှင်းလင်းလင်း ချမှတ်ပြီးသား ဖြစ်ပါတယ်။
ဒီ (သမ္မတ ဦးသိန်းစိန်) အစိုးရအနေနဲ့ ပိတ်ဆို့မှု ရုပ်သိမ်းစေချင်ရင် သူတို့က ကြိုးစားပြီးတော့ လုပ်စရာရှိတာတွေ လုပ်ပြဖို့ လိုပါလိမ့်မယ်”

ဝါရှင်တန်ပို့စ် သတင်းစာနဲ့ မကြာသေးမီက တွေ့ဆုံမေးမြန်းခန်း တခုမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာပါ။










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved