မလေးနယ်စပ် လူကယ်ရီအမှု နှင့် ထောင် ၇ နှစ်

Monday, February 13, 2012

ဘန်ကောက် - ပီနန် - စင်ကာပူ ရထားလမ်းများ (မြေပုံ - http://www.kuoni.co.uk)

မလေးရှားမှာ လူကုန်ကူးမှုနဲ့ တရားစွဲခံရတဲ့ မြန်မာပြည်သားတဦး ထောင် ၇ နှစ် ချခံရတယ်လို့ မလေးရှားသတင်းဌာန Bernama အင်တာနက်စာမျက်နှာမှာ ဒီကနေ့ ဖော်ပြထားပါတယ်။ ပီနန်ပြည်နယ် Butterworth မြို့က လာတဲ့ သတင်းပါ။

သူက Sungai Petani မြို့က အသက် ၄၀ အရွယ် ဆေးသုတ်၊ ကျောက်ပြားစီတဲ့ အလုပ် လုပ်ကိုင်တဲ့ ကိုချန်ဝင်း (Chan Win) ဆိုသူ ဖြစ်ပြီး လူ ၆ ဦး ခိုးသွင်းမှု၊ စာရွက်စာတမ်းအတု ကိုင်ဆောင်မှုတွေနဲ့ တရားစွဲခံရတာပါ။

ထောင်ဒဏ် စုစုပေါင်း ၂၃ နှစ် နဲ့ ကြိမ်ဒဏ် ၄ ချက် ကျခံဖို့ တရားသူကြီးက အမိန့်ချပါတယ်။ ပြစ်ဒဏ်တွေ တပေါင်းတည်း ကျခံစေဖို့လည်း အမိန့်ချတဲ့အတွက် ထောင်ဒဏ် ၇ နှစ် ဖြစ်သွားပါတယ်။ ကြိမ်ဒဏ် ပေးခံရခြင်း ရှိမရှိ သတင်းထဲ ရေးမထားပါ။

ပြီးခဲ့တဲ့လ ၁၀ ရက်နေ့က ပီနန်ပြည်နယ်၊ Sungai Dua မြို့ကို လူ ၆ ဦး ခိုးသွင်းခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ သတင်းမှာ ရေးထားပါတယ်။

သူ့ကို တရားစွဲ၊ စီရင်ချက်ချလိုက်တဲ့ အမှုတွေကတော့ ဒီလိုပါ -
မလေးရှားကို ၀င်ခွင့်လက်မှတ်မရှိဘဲ ၀င်ရောက်တဲ့အတွက် - လ၀က ဥပဒေ ပုဒ်မ 56(1)(c) နဲ့ ထောင် နှစ်
လူကယ်ရီမှု၊ လူကုန်ကူးမှု ဥပဒေ ပုဒ်မ 26A တို့နဲ့ ထောင် နှစ်
လူ ၆ ဦးကို နိုင်ငံတွင်း ခိုးသွင်းတဲ့အတွက် လ၀က ဥပဒေ ပုဒ်မ 55E(1) နဲ့ ထောင် နှစ်
လက်မှတ်အတု ၁၇ ခု လက်ဝယ်ထားရှိတဲ့အတွက် လ၀က ဥပဒေ ပုဒ်မ 56(1)(1) နဲ့ ထောင် နှစ်

သူ သယ်ခဲ့တယ်ဆိုတဲ့သူ ၆ ဦးကတော့
မသဇင်ထွေး (အသက် ၂၉ နှစ်)
ကိုမျိုးမင်းစိုး (၂၇)
ကိုမျိုးအောင်အောင် (၁၉)
ကိုနိုင်စိုး (၁၉)
ကိုမင်းသူအောင် (၁၅)
မောင်သက်နိုင်လင်း (၈)
တို့ ဖြစ်ပါတယ်။ သူတို့အကြောင်း ဒီထက်ပိုပြီး သတင်းထဲ ရေးမထားပါ။ ဒီ ၆ ဦးကို ထိန်းသိမ်းထားသလား၊ နေရပ်ရင်း သို့မဟုတ် လာရာလမ်းကို ပြန်ပို့လိုက်သလား မသိရပါ။

ကိုချန်ဝင်း နေထိုင်တဲ့မြို့၊ ဒီသတင်းရေးသားတဲ့မြို့တို့ဟာ မလေးရှား-ထိုင်း နယ်စပ်နဲ့ သိပ်မဝေးတဲ့ ပီနန်ပြည်နယ်ထဲက မြို့တွေပါ။ အဲဒီနယ်စပ်ဟာ မြန်မာပြည်သားတွေ မလေးရှားထဲဝင်ရောက်တဲ့ လမ်းကြောင်းကြီး ဖြစ်ပါတယ်။

ညွှန်း - http://www.bernama.com.my/bernama/v6/newsgeneral.php?id=645248

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved