"ရေစက်ရှိလို့ တွေ့ကြတယ်"

Friday, February 24, 2012

KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ဝင်များ နဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-ဧရာဝတီ)

ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် ရောက်နေစဉ်မှာပဲ ပြန်လည် တွေ့ဆုံခြင်း၊ ပြည်ထောင်စု အပိုင်း ၁ လို့ ခေါင်းစဉ်တပ်ထားတဲ့ ဆောင်းပါးတပုဒ် ဂျပန်နိုင်ငံ Mainichi သတင်းစာ အွန်လိုင်းက ဒီကနေ့ ရက်စွဲနဲ့ ဖော်ပြလိုက်ပါတယ်။

နှစ်တနှစ်မှာ အကြိုက်ဆုံးလက ဖေဖော်ဝါရီပဲ ဆိုပြီး ဆောင်းပါးကို အစချီထားပါတယ်။ ဖခင်၊ အဘိုး (အမေဘက်က)၊ လင်ကွန်း၊ ဂျော့ခ်ျဝါရှင်တန် အပါအ၀င် သူလေးစား ချစ်ခင်သူတွေဟာ ဖေဖော်ဝါရီဖွားတွေချည်းပဲ တဲ့။ ပြီးတော့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ဟာ မြန်မာပြည်မှာ ဘယ်လို အဓိပ္ပာယ် ဆောင်တယ် ဆိုတာတွေ ရေးထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် ထားဝယ်ဒေသခရီးစဉ်အကြောင်းကိုတော့ ဒုတိယပိုဒ်မှာ တွေ့ရမှာပါ။ မန္တလေးသွားဖို့ စီစဉ်ထားတာ ဟောပြောမယ့်နေရာ အခက်အခဲကြောင့် ရက်ရွှေ့လိုက်တယ်၊ ဒါပေမယ့် မိခင်ဖြစ်သူရဲ့မြို့ မြောင်းမြ နဲ့ ဧရာဝတီခရီးကိုတော့ စီစဉ်ထားတဲ့အတိုင်း သွားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဧရာဝတီခရီးစဉ် မြင်ကွင်းတွေကိုတော့ ပိုပြီး အသေးစိတ် ဖတ်ရမှာပါ။ သူသွားမယ့်အချိန် စာမေးပွဲရုတ်တရက်စစ်တဲ့အကြောင်းကိုပါ ထည့်ရေးထားပါတယ်။ ကျောင်းသူကျောင်းသားတွေ NLD ကို ထောက်ခံမှု မပြနိုင်အောင် စီစဉ်လိုက်ပုံရတယ် တဲ့။

မြောင်းမြသူ မြောင်းမြသားတွေက သူ့ကို ကွဲကွာနေတဲ့မိသားစုဝင်တယောက်နဲ့ ပြန်တွေ့ရသလို ကြိုဆိုတယ်လို့ ရေးထားပါတယ်။

အသေးစိတ် ရှင်းပြထားတာကတော့ မြန်မာစကား "ရေစက်ရှိလို့ တွေ့ကြတယ်" ဆိုတဲ့အကြောင်းပါ။

မြောင်းမြက ကရင်တိုင်းရင်းသားများနဲ့ ရေစက်ဆုံအပြီးမှာ KNU/KNLA ကိုယ်စားလှယ်အဖွဲ့နဲ့ ဆုံရပါတယ် ဆိုပြီး စာကို အဆုံးသတ်ထားပါတယ်။

ကရင်လက်နက်ကိုင်များနဲ့ သူနဲ့ ဘယ်လောက်ပဲ ဝေးကွာနေကြပေမယ့် ခဏတာ တွေ့ကြဆုံကြရာမှာ သိလိုက်ရတာကတော့ နှလုံးသားချင်း၊ ခံယူချက်ခြင်း မဝေးပါဘူး တဲ့။

ညွှန်း - Letter from Burma: Reunion, Union - 1
http://mdn.mainichi.jp/perspectives/news/20120224p2a00m0na001000c.html

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved