လမ်းဆုံကဂျမ်းဘုံ ဦးရွှေမန်းနဲ့ တွေ့

Tuesday, February 21, 2012


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းအား RFA သတင်းဌာနက တွေ့ဆုံ တဲ့၊ ဒီကနေ့ သတင်းစာ မြန်မာ့အလင်းမှာ ဖော်ပြထားပါတယ်။

ဒီတွေ့ဆုံမှုမှာ နိုင်ငံရေးသမားတွေ၊ ပြည်တွင်းပြည်ပ သတင်းသမားတွေလည်း တက်ရောက်ကြတယ်လို့ သတင်းက ဆိုပါတယ်။

RFA သတင်းဌာန ကိုယ်စားလှယ်အဖွဲ့မှာ မြန်မာပိုင်း အစီအစဉ် ဌာနမှူး ဒေါ်ညိမ်းရွှေလည်း ပါဝင်ပါတယ်။

ဒေါ်ညိမ်းရွှေရဲ့ အပတ်စဉ် အစီအစဉ်တခုက RFA မြန်မာပိုင်းပရိသတ် အများအပြား နှစ်သက်ကြပါတယ်။
ဒီအစီအစဉ်အကြောင်းကို RFA အင်တာနက် စာမျက်နှာမှာ အခုလို တွေ့ရမှာပါ -
လမ်းဆုံက ဂျမ်းဘုံ အစီအစဉ်ကို လှည်းတန်းဈေးသူ မသဲအူ ရေးသားပြီး ဒေါ်ညိမ်းရွှေ ဖတ်ကြား တင်ဆက်ထားပါတယ်။ အပတ်စဉ် တနင်္လာနေ့ ညတိုင်း RFA မြန်မာပိုင်း အစီအစဉ်ကနေ တင်ဆက်နေပါတယ်။ ဒီအစီအစဉ်ကို ကြာသပတေးနေ့ မနက်ပိုင်းမှာ ပြန်လည် ထုတ်လွှင့်ပေးပါတယ်။
အင်တာနက်မြန်နှုန်း မနိမ့်ဘူး ဆိုရင် http://www.rfa.org/burmese/features/ns_weekly-09182009162332.html မှာ ရှိနေတဲ့ အစီအစဉ်တွေ နားဆင်ကြည့်ပါအုံး။ မျက်မှောက်ရေးရာတွေကို တင်ဆက်ထားတာပါ။




ဒီပုံက RFA က ၃ ဦး
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်က ရန်ကုန် လေဆိပ် ရောက်လာစဉ်ကပါ။ The Voice ဂျာနယ်က ရိုက်ကူးထားတဲ့ပုံ ဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved