ကျောင်းသားခေါင်းဆောင်မျိုးဆက်များရဲ့ မိတ်ဆက်လက်ဖက်ရည်ပွဲ

Thursday, February 9, 2012


တာရာဝေယံ

ကျောင်းသားခေါင်းဆောင်များရဲ့ မိတ်ဆက်လက်ဖက်ရည်ပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ တောင်ဥက္ကလာပ၊ မြစ်သာရပ်၊ သံသုမာ လမ်းနဲ့ ရတနာလမ်းထောင့် လိုင်စင်ရုံးအနီးက စိတ်တိုင်းကျ စားရိပ်မြုံ ဒုတိယထပ်မှာ ကျင်းပခဲ့ပါတယ်။


Magin sayardaw, Ko min Ko naing, Dr. zaw min, U hla shwe


Ma zin mar aung ................... U hla saw


Ko took ki & Ko mya aye ...... ....Kyaw ko ko & Ko zeya


Ko si thu mg .......................... Ma nobel aye

အခမ်းအနားမှူးအဖြစ် မဇင်မာအောင်က ဆောင်ရွက်ခဲ့ပြီး ကျောင်းသားခေါင်းဆောင်မျိုးဆက်အသီးသီးမှ လူတစ်ရာကျော်ခန့်တက်ရောက်ခဲ့ ပါတယ်။ အခမ်းအနားမှာ မြန်မာနိုင်ငံ ဒီမိုကရေစီတော်လှန်ရေးအဆက်ဆက်မှာ ကျဆုံးခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်များကို ဦးညွှတ်လေးစားအောက်မေ့ခြင်းအားဖြင့် တစ်မိနစ်ငြိမ်သက်ခဲ့ကြပြီး၊ ၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် ဦးလှရွှေမှ အဖွင့်အမှာစကားချီးမြှင့်ခဲ့ပါတယ်။














၇၄ - ၇၅ - ၇၆ ကျောင်းသားခေါင်းဆောင်မျိုးဆက်များမှ ဦးလှစော၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ၉၆ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့ မနိုဘယ်အေး၊ ၂၀၀၇ ဗကသမျိုးဆက်များကျောင်းသားခေါင်းဆောင် ကိုစည်သူမောင်တို့က အမှစကားအသီးသီးပြောကြားခဲ့ပါတယ်။

အခမ်းအနားရဲ့ နိဂုံးချုပ်အမှာစကားကို ၆၂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေက ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများကို လက်ဖက်ရည်၊ မုန့်များနဲ့ဧည့်ခံကာ ကျောင်းသားခေါင်းဆောင် မျိုးဆက်များရဲ့ မိတ်ဆက်လက်ဖက်ရည်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။

U hla shwe speech



ညွှန်း - http://moemaka.blogspot.com/2012/02/news-and-media.html

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved