သန်လျင်ကို ညဘက် ဒုက္ခပေးတဲ့စက်

Wednesday, February 29, 2012

google earth မှာ တွေ့ရတဲ့ သံလျင် ရေနံချက်စက်ရုံ

ဟလို
ဧရာဝတီ ခင်ဗျား

ကျွန်တော်ကသန်လျင်မြို.သားတစ်ယောက်ပါ။ တစ်ခါတုန်းက ဧရာဝတီသတင်းဝက်ဘ်ဆိုဒ်မှာရေးသားခဲ.
တဲ. သန်လျင်မြို.ကရေနံသူဌေးကြီးများအကြောင်းကိုလည်း ဖတ်လိုက်ရပါတယ်၊ အရမ်းကို သဘောကျခဲ.
ပါတယ်။ ဒီသတင်းယူပြီးရေးသားတဲ.သတင်းထောက်ကိုလည်း အလွန်လေးစားပါတယ် ခင်ဗျား။

အခုလည်း သန်လျင်ရေနံချက်စက်ရုံထဲတွင် ဘာမှန်းမသိရသော စက်ကြီးတစ်လုံးကို ညဘက်တွင်မောင်း
သောအခါ စက်ကြီးအသံမှာ ညဘက်တွင် သန်လျင်တစ်မြို.လုံးတွင် ဆူညံနေပါသည်။ တိတ်ဆိတ်သော
ညဘက်တွင် စက်ကြီးမောင်းသောအသံကြောင်. သက်ကြီးရွယ်အိုများနှင်. ကလေးများမှာ ကောင်းစွာအိပ်
စက်မရနိုင်တော.ပါ။ ယခင်ကဒီလို အသံကြီးကို စက်ရုံထဲတွင်တစ်ခါမှ မကြားခဲ.ရပါ၊ မြို.သူမြို.သားများကို အနှောင်.အယှက်ပေးနေသောအသံကြီး ထွက်ပေါ်နေသော စက်ကြီးအကြောင်းကိုလည်း သတင်းယူပြီး
တင်ပြပေးပါရန် ဧရာဝတီသို. အကြောင်းကြားအပ်ပါသည်။

ကျွန်တော်စာရေးဆရာတစ်ယောက်မဟုတ်ပါ၊ ဧရာဝတီကို အားကိုးကာ ယခုဒီစာကိုလည်း ကျွန်တော်နားလည်သလိုရေးလိုက်ပါတယ်။

သန်လျင်မြို.သား

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved