ရန်ကုန်သားများ မြောက်ဝန်ရိုးစွန်း နေ့ချင်းပြန် သွားနိုင်ပြီ

Saturday, February 25, 2012

ဟုတ်ပါတယ်၊ ရန်ကုန်သားတို့ မြောက်ဝန်ရိုးစွန်းကို နေ့ချင်းပြန် သွားလို့ရပါပြီ။ မြေပဒေသာကျွန်းမှာရှိတဲ့
ပြခန်းတခုထဲ ၀င်လိုက်ရင် ၀န်ရိုးစွန်းရောက်သွားသလို ခံစားရမယ်လို့ ဆိုတယ်။
အဲဒီပြခန်း ဒီနေ့ ဖွင့်ပါပြီ တဲ့။

လူကြီး ၄၀၀၀
ကလေး ၃၀၀၀

ဝင်ကြေးက မများဘူးလို့ ဆိုနိုင်ပါတယ်။ အစိုးရရုံးပိတ်ရက်များမှာတော့ ၀င်ကြေး ၅၀၀၀ လို့ သတင်းစာက ဆိုပါတယ်။

ကဲ - ရန်ကုန်သူ ရန်ကုန်သားများ လည်စရာ တနေရာ တိုးပြီပေါ့။


ညွှန်း - သောကြာနေ့ ကြေးမုံသတင်းစာ

1 comments :

  1. Anonymous said... :

    အရှေ့တောင်အာရှနိုင်ငံတွေက ရေခဲနန်းတော်တွေလုပ်ပြီး ငွေရှာတာဘာမှမပြောလိုပါဘူး။သူတို့မှာ မြန်မာပြည်မြောက်ဖျားလို ရေခဲဖုန်းနေတဲ့တောင်တန်းတွေ၊နောက်ပြီးချင်းပြည်နယ်ကလိုရေခဲဖုန်းနေတဲ့တောင်တန်းတွေမှမရှိဘဲကိုး။ မြန်မာပြည်တစ်နိုင်ငံတည်းမှာသာထူးခြားစွာရှိနေတာဘာ။ သဘာဝအရင်းအမြစ်တွေကို သေချာစွာစီမံခန့်ခွဲပြီး အကျိုးရှိစွာငွေရှာနိုင်ရင်...မြန်မာပြည်ဟာတကယ့်ကို...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved