သတင်းစာမှာ ပါဝင်တဲ့ နာရေးကြော်ငြာ

Tuesday, February 28, 2012

ဒီနေ့ ကြေးမုံသတင်းစာမှာ နာရေးကြော်ငြာ ပါပါတယ်။

(ဒီလင့် http://3.bp.blogspot.com/-pIvu9WJDvOY/T0yY2LMsm5I/AAAAAAAAS1o/b1a-xzmx2PE/s1600/00e.jpg မှာ ကြည့်ပါ)
ဒီကြော်ငြာက နေ့တိုင်း ပါတယ် ဆိုပေမယ့် အင်တာနက်မှာ PDF ဖိုင်နဲ့ တင်တဲ့အခါ ပါလေ့ မရှိပါဘူး။
ဒီနေ့ ထူးထူးခြားခြား ပါလာပြန်တယ် ဆိုတော့ ဖတ်ကြည့်မိတယ်၊ နာမည်ကြီးတဲ့သူ (နာရေးသတင်းရေးရလောက်တဲ့ ကြော်ငြာ) ကို မတွေ့ရပါဘူး။ ဒေါ်အေးသစ် အသက် ၁၀၃ နှစ် ဆိုတာကတော့ ထူးခြားပါတယ်။ အသက် တရာကျော် ဆိုတာ ရှားရှားပါးပါး မဟုတ်လား။ ဒေါ်အေးသစ်က ဒုဗိုလ်ချုပ်ကြီးဟောင်းရဲမြင့်ရဲ့ မိခင်လို့ နာရေးကြော်ငြာက ဆိုပါတယ်။

စာမျက်နှာအောက်ဆုံး ဘယ်ဘက်ထောင့်မှာတော့ ကြည့်မြင်တိုင် နတ်စင်လမ်းက ဦးချစ်ဝင်း ၆၃ နှစ် တဲ့။ သူကတော့ တချိန်က (NLD ဆိုရင် အနှိပ်ကွပ်ခံရစဉ် ကာလက) မိုးမိတ်မြို့ NLD အဖွဲ့ခွဲရဲ့ ထိပ်ပိုင်း တာဝန်ရှိသူ တဦးပါ။ ဓာတ်ပုံဆရာတဦးလည်း ဖြစ်ပါတယ်။

ဟိုတုန်းကတော့ နာရေးကြော်ငြာတွေဟာ သတင်းစာဖတ်ပရိသတ်တို့ စိတ်ဝင်စားတဲ့ စာမျက်နှာပါ။
သတင်းစာဖတ်ရင် တရုတ်စာအုပ်တွေလို နောက်ကလှန်ဖတ်ရတယ်လို့ တချို့က ပြောင်ကြရတဲ့အထိ သတင်းစာမှာ ပေါက်ကရတွေ ၀ါဒဖြန့်တာတွေပဲ ထည့်ခဲ့တာပါ။ အခုတော့ ပြုပြင်ပြောင်းလဲစ ပြုနေပါပြီ။

လတ်တလော အစိုးရအာဘော်သတင်းစာတွေမှာ လွှတ်တော်သတင်းတွေ ပါဝင်တဲ့အတွက် နိုင်ငံရေးစိတ်ဝင်စားသူများ အားပေး ဖတ်ရှုနေကြပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved