ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်မှု ခရိုင်ကော်မရှင် ပယ်ချ

Saturday, February 11, 2012


ဖေဖော်ဝါရီ ၆ ရက်နေ့က ရန်ကုန် တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-ဧရာဝတီ)

ဒေါ်အောင်ဆန်းစု ကြည်ကို ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့်ကိုက်ညီမှုမရှိဟုဆိုကာ ကန့်ကွက်ခဲ့သည့်ယှဉ်ပြိုင်အရွေး ခံမည့် ဦးတင်ရီ၏ ကန့်ကွက်လွှာအား တောင်ပိုင်းခရိုင် ကော်မရှင်ရုံးက ဇန်နဝါရီ(၁၁)ရက်နေ့က ပယ်ချလိုက် ကြောင်း ကန့်ကွက်ခဲ့ သည့် ကိုယ်စားလှယ်လောင်း ဦးတင်ရီထံမှ သိရသည်။

ထိုသို့ ခရိုင်ကော်မရှင်အဖွဲ့ခွဲက ကန့်ကွက်လွှာအား ပယ်ချ လိုက်သည့်အပေါ် တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲသို့ ဇန်နဝါရီလ ဒုတိယပတ်တွင် အယူခံတင်သွားမည်ဖြစ်ကြောင်း ကန့်ကွက်လွှာ ပယ်ချခြင်း ခံခဲ့ရသည့် ကိုယ်စားလှယ်လောင်း ဦးတင်ရီကဆိုသည်။

''ဒီနေ့ခရိုင်ကော်မရှင် အဖွဲ့ခွဲကပယ်လိုက်တယ်။ ဒါကြောင့် နောက်တစ်ပတ်ထဲမှာ တိုင်းကော်မရှင်ကို အယူခံဆက်ဝင်မယ်။ တိုင်းကော်မရှင်က ပယ်ရင်၊ ဗဟိုကို တက်မယ်။ ဗဟိုက ပယ်ရင် လွှတ်တော်တင်မယ်။ ကျွန်တော့်က အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေအရ ကန့်ကွက်ခဲ့တယ် ။ မကိုက်ညီတာတွေကို တင်ပြကန့်ကွက်ခဲ့တယ်။ ဒေါ်အောင် ဆန်းစုကြည်ဘက်ကလည်း ပြန်ပြီး ဖြေရှင်းတာ ကျွန်တော်တို့ဘက်က မပြည့်စုံဘူးဆိုပြီးလေ။ ခရိုင်ကတော့ ပယ်လိုက်တယ်'' ဟု ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ကော့မှူးမြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးတင်ရီက ဆိုသည်။

''ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အနေနဲ့တော့ ပြည် သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ၊ နည်းဥပဒေမှာ ပါတဲ့ အတိုင်းပဲ လွတ်လပ်စွာပဲ ဆုံးဖြတ်ခဲ့တယ်။ နောက် တည်ဆဲဥပဒေတွေကိုလည်း ကိုးကားပြီး စိစစ်ပေးခဲ့တယ်။ လက်ခံသင့်တာ လက်ခံ၊ ပယ်သင့်တာပဲ ခဲ့တယ်။ ကျွန် တော်တို့အနေနဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်း ဥပဒေအပိုဒ်-၂၈(က)အရ ဆောင်ရွက်ခဲ့ပါတယ်'' ဟု တောင်ပိုင်းခရိုင် ကော်မရှင်အဖွဲ့ ခွဲမှ တာဝန်ရှိသူက ဆိုသည်။

ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်အား အဆိုပါမဲ ဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီမှ ဦးတင်ရီမှ ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် ညီညွှတ်မှုမရှိကြောင်း ဇန်နဝါရီ(၆)ရက်နေ့ကတောင်ပိုင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ သို့ကန့်ကွက်လွှာ တင်သွင်းခဲ့ကြောင်း သိရသည်။အဆိုပါကန့်ကွက်လွှာအားတောင်ပိုင်းခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှပြည်သူ့လွှတ်တော်ဥပဒေ၊ နည်းဥပဒေများနှင့်တည်ဆဲဥပဒေ ဖြစ်သော စကားရပ် များအား အစားထိုးခြင်းဥပဒေ (၁၉၇၃)စသည့်ဥပဒေများကိုအခြေခံကာ စိစစ် သုံးသပ် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကန့်ကွက်မှုတွင် ကန့်ကွက်ခြင်း ခံခဲ့ရသည့် ကိုယ်စားလှယ်လောင်းကလည်း ဇန်နဝါရီ(၉)ရက်နေ့က ချေပလွှာ ပြန်လည် တင်သွင်းခဲ့ကြောင်း သိရသည်။

ထုကန့်ကွက်လွှာ၊ ချေပလွှာများကို ခရိုင်ကော်မရှင် အဖွဲ့ခွဲက သုံးကြိမ်တိုင် သေချာစိစစ်ကာ ဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ကန့်ကွက်လွှာတွင် မြန်မာ နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ-၁၂၁၊ ပုဒ်မခွဲ(င)၊ (စ)၊ (ဆ) အရ လည်းကောင်း၊ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ-၁၀၊ ပုဒ်မခွဲ(စ)၊ (ဆ)၊ (ဇ)၊ (ဍ) အရ လည်းကောင်း၊ ၂၀၁ဝပြည့်နှစ် နိုင်ငံရေးပါ တီမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ-၄၊ ပုဒ်ခွဲ(စ)၊ ပုဒ်မ-၁၀၊ ပုဒ်ခွဲ(စ)အရ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်းဦးတင်ရီက ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က မြန်မာတစ် ပြည်လုံးရှိ လစ်လပ်(၄၈)နေရာတွင် ဝင်ရောက် ယှဉ်ပြိုင် အရွေးခြယ်ခံ ကြမည့် ကိုယ်စား လှယ်လောင်းများ၏ အမည် စာရင်းကို မကြာမီ ထုတ်ပြန် ကြေညာတော့မည် ဖြစ်သည်။

ကော့မှူးမြို့နယ်တွင်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ဒေါ်အောင်ဆန်းစုကြည်၊
ညီညွှတ်ရေးနှင့်ငြိမ်းချမ်း ရေးပါတီမှ ဦးတင်ရီနှင့်
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာဦးစိုး မင်းတို့က ဝင်ရောက် ယှဉ် ပြိုင်ကြမည် ဖြစ်သည်။

ညွှန်း - http://www.yangonmedia.com/news/2012/02/nld-political-party-and-peace-and-unity-party-commission-dismiss တွင်
ဝေမာသိမ့် ရေးသည့် သတင်း

20 comments :

  1. Anonymous said... :

    အမှန်တော. မယှဉ်ပြိုင်၇ဲလို.၊ အ၇ည်အချင်းမပြည်.လို.၊ ကြံမိကြံ၇ာ ကြံနေတာလို. မြင်တယ်။ မနိုင် မှီ၇ာလှမ်း ကိုက်နေတာပဲ ဖြစ်၇မယ်။ မိန်းမကျင်. မိန်းမကြံပဲ၊ လူကြီးပီသ၇င်။ ဘယ်သူ.မှ တိုင်နေစ၇ာမလိုပဲ။ ဖာသာမဲနိုင်အောင် ဖာသာကြိုးစားသင်.တယ်

  1. Anonymous said... :

    ကိုယ်စားလှယ်လောင်း ဦးတင်ရီ ရေ..

    ဘာရည်ရွယ်ချက်နှင့်ကန့်ကွက်တာလဲ။ ပွဲဆူချင်လို့လား။ နာမည်ကြီးချင်လို့လား။ တစ်ယောက်ယောက်က မြှောက်ပေးလို့လား။၊။

    တောင်ပိုင်းခရိုင် ကော်မရှင်ရုံးက ပယ်ချပြီး ပြီ။ ထက် တက် ရင်ပို အရှက်ကွဲဦးမှာ..

  1. Anonymous said... :

    ထူးဆတ်းပေစွ ငတင်ရီ

  1. Anonymous said... :

    မိုက်ပါ့ တင်ရီ ရာ..........

  1. Anonymous said... :

    ဦးတင်ရီ ခင်ဗျာအဆင့်ဟာ တော်အောက်တန်
    ကျပါလာ ခင်ဗျာကဒေါတ်တာဆိုလို အတွေအခေါ် မြင့်မယ်လိုထင်ခဲ့တာ တက်တက်
    စင်လွဲတာဘဲ ခင်ဗျာဘွဲ့ ကဝယ်ထားတာလား
    ညစ်ပတ်တဲ့ အလုပ်ကအဆင့်အတန်မမှိးသေးဘူး
    သင်တန်တတ်လိုက်နော်......
    မမကတော့ ပန်းပန်လျက်ပါ။

  1. Kyaw said... :

    U Tin Ye, Don't u have any work other than this kind of bullshit? U must try good work to get vote from people. I hope , if u do like that and u will get vote from ur family only. Ha ha very funny thing, pity u tin ye. you must learn more about myanmar people. Today all the villagers have wide knowledge than you. Don't still in pond, go and see the sea.

  1. Anonymous said... :

    မနိုင်တော့မယ်မှန်း သေချာပြီဆိုတော့ မဲဆွယ်စည်းရုံးလို့ ကုန်ကျမည့်ငွေတွေကို အိပ်ထဲဘုန်းပြီး ကြံမိကြံရာ အချစ်တော်ဆုမရလဲ ချဉ်ဖတ်တို့စရာဆု ရအောင်လုပ်နေတာလား။ ခင်ဗျားလည်း သားစိုးတို့ ငါးမင်းဆွေတို့ ဌေးဦးတို့ ရှစ်လုံးတို့လို ကျပ်လည်းမပြည့် အရှက်လည်းမရှိကြပါလား။ မင်းတို့အားလုံးကို ရောသမမွှေပြီး ထမနဲလုပ်ပစ်ရမယ်။

    ပုံ - သူကြီး

  1. Anonymous said... :

    ရာဇ၀င်မှာ ဦးစောပြီးရင် တင်ရီတို့တန်းစီနေလေပြီ။

  1. စနိုး said... :

    ဦးတင်ရီ။
    အာဏာရူးပြီးပြည်သူတွေကိုဒုက္ခပေးဖို့ဆက်လက်ပြီးမကြံ
    စည်ပါနဲ့လို့တောင်းပန်ပါ၇စေ။
    တကယ်ဆိုရင်ပြည်သူကရွေးချယ်ခဲ့တာအမေစုကို
    ရှင်တို့တွေကမတရားနေရာလုထားပြီး
    အမေစုကပိုင်ရှင်အစစ်ကြီးပါ။မရှက်ဘူးလား။
    နောက်ပြီးရှင်တို့ကိုဘယ်ပြည်သူမှရွေးထားတာမဟုတ်ဘူး။
    ရှင်တို့ဘာသာအာဏာနဲ့ယူထားတဲ့နေရာအသီးသီးတွေကို
    မပြောလိုက်ချင်ဘူး။
    ယောကျာင်္းတွေဖြစ်ပြီးအရှက်မရှိလိုက်တာ။
    ဆရာဝန်ဂုဏ်ပုဒ်နဲ့တောင်မတန်တဲ့
    အောက်တန်းကျကျလူပါလား။
    ဆိုးပါ့။ဦးသိန်းစိန်တောင်လေးစားလောက်တဲ့နိုင်ငံဂုဏ်
    ဆောင်အမေစုလိုအထင်ကရဆိုတာပညာတက်သူတွေကသဘောပေါက်နေပါတယ်။
    ဦးသိန်းစိန်သမ္မတကြီးရှင့်
    ကျမတို့မြန်မာနိုင်ငံကိုဖွဲ့စည်းအုပ်ချုပ်ပုံတိုးတက်ရေးကအစပေါ့အမေစုလိုလူကိုလက်တွဲလို့မမှားလောက်ပါဘူးနော်။ဦးတင်၇ီတို့လိုအာဏာရူးတွေကို..လူမရှိလို့
    နေရာပေးထားတာဆိုရင်အချိန်မှီသေးတယ်။
    ပယ်ပစ်လိုက်ပါ။တိုင်းပြည်နာတယ်။တိုင်းပြည်အတွက်
    ကြည့်ကြတာမဟုတ်ဘူး။
    သူတို့အာဏာနဲ့အိတ်ထဲထည့်ပြီးကိုယ့်မျိုးကိုယ်ချစ်
    ကိုယ့်ဆွေကိုယ့်မျိုးချမ်းသာရေးကိုအဓိကထားတဲ့
    မဟာဗျူဟာကြီးကိုလက်ကိုင်ထားနေသူတွေကို
    တိုင်းပြည်မှာနေ၇ာမပေးသင့်ပါဘူး။
    အမေစုကိုပြစ်မှားစော်ကားသူအားလုံးကို
    လုံးဝရှုတ်ချတယ်။ကျမတို့တိုင်းပြည်အတွက်ကမ္ဘာမှာ
    အထင်ရှားဆုံးသူပါ။နိုင်ငံအတွက်အေ၇းပါအရာရောက်တဲ့
    အမျိုးသမီး၊ကျမတို့တိုင်းပြည်ရဲ့လွတ်လပ်ေ၇းကို
    အသက်ပေးပြီးရယူပေးခဲ့တဲ့ခေါင်းဆောင်ရဲ့သမီး၊
    ဒီသမီးကလည်းလူမမယ်ခလေးဘ၀ကတည်းကဖခင်မဲ့
    ဘ၀ကိုဖြတ်သန်းခဲ့ရသူ၊နောက်ပြီးမြန်မာပြည်သူ
    ပြည်သားတွေအတွက်အနှစ်၂၀အနစ်နာခံပေးခဲ့တဲ့
    မျက်နှာကိုထောက်ထားပြီးအမေစုဟာကျမတို့တိုင်းပြည်အတွက်ကျောက်ကောင်းတပွင့်ဆိုတာသံသယရှိဖို့မလိုလောက်ပါဘူးနော်။
    နောက်ထပ်အမေစုအတွက်ကာကွယ်ပေးစေချင်ပါတယ်။
    တပ်မတော်သားတိုင်းအမေစုအပေါ်ချစ်မြတ်နိုးသင့်ပါတယ်
    ကိုယ့်တိုင်းပြည်အတွက်အားကိုးလောက်တဲ့အရည်အချင်း
    တွေနဲ့ပြည့်စုံနေသူကိုနွေးထွေးတဲ့လက်နဲ့ကမ်းသင့်ပါပြီ။

  1. Anonymous said... :

    စနိုးထည့်တဲ့ကွန်မန်းကိုတင်ပေးပါ။

  1. minzaw741 said... :

    ပြည်သူလူထုခေါင်းဆောင်ဆိုတာက ကိုယ်ကိုယ်တိုင်က
    ဆင်းရဲခံ အနစ်နာခံပြီးတော့မှ ရရှီလာတဲ့ ဂုဏ်ထုးအဆုပါ
    ပြီးတော့ မြန်မာနိုင်ငံရေးအပြောင်းအလဲမှာ လူထုခေါင်း
    ဆောင်ဒေါ်အောင်ဆန်းဆုကြည်မပါပဲနဲ့ ဘယ်လိုမှသွားလို့
    မရဘုးဆိုတာကိုရော ဦးတင်ရီသိပါသလား..နိုင်ငံတော်
    သမ္မတဦးသိန်းစိန်ကိုယ်တိုင် ဆွေးနွေးတိုင်ပင်ခြင်းခံခဲ့ရပြီး
    ကမ္ဘာကို မြန်မာပြည်လို့ အသိအမှတ်ပြုလာအောင် စွမ်း
    ဆောင်နိုင်ခဲ့ သူဆိုတာကိုရော သိရဲ့ လား..ခင်များတို့ 
    ပါတီရဲ့ အမည်ကိုရော သေသေချာချာ မြင်လားဗျာ..ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီတဲ့ ဟုတ်တယ်နော်
    ဒါဆိုရင်ခင်များတို့ ပါတီကညီညွှတ်ရေးတွေ...
    တိုင်းရင်းသားငြိမ်းချမ်းရေးတွေဟိုတုန်းကရောယခုရော
    ဘာလုပ်ပေးခဲ့ဘုးလဲ..သူများလုပ်နိုင်တာကိုမနာလိုဘုး
    ဆိုရင်လည်းပြည်သူလူထုကခင်များတို့ ပါတီကိုဒဏ်
    ခတ်ပါလိမ့်မယ်..မယုံရင်ခြားဖြတ်ရွေးကောက်ပွဲမှာ
    ခင်များတို့ ပါတီဘယ်နေရာမှအနိုင်ရလိမ့်မယ်ဟုမယုံ
    ကြည်ပါ..ခင်များတို့ သဘောပေါက်ထားဖို့ က လူထုခေါင်းဆောင်နောက်မှာ..ပြည်သူလူထုကြီး
    အားလုံးကရပ်တည်နေတယ်ဆိုတာကိုအထူးသိထားစေချင်ပါတယ်အဲဒီလူထုကြီးမှာခေတ်ပညတတ်လူငယ်တွေ
    များစွာပါနေတယ်ဆိုတာကိုလည်းအထုးသတိထားပါ
    ငါမင်းသားမဖြစ်ရရင်ဆိုင်းဝိုင်းကြီးထိုးဖြတ်လိုက်မယ်
    ဆိုတဲ့ စိတ်နဲ့ တော့မလုပ်လိုက်နဲ့ နော်..သမိုင်းသေ
    သွားမယ်..ဘာမှတ်လဲ?..

  1. Anonymous said... :

    ဟေ့ကောင် တင်ရီ မင်းက ဘာမို့လို့ လူစွမ်းကောင်းလုတ်ချင်နေရတာလဲ မပြည့်စုံတာ မင်းကွ မင်းက ရဲရဲ ပြိုင်စမ်းဘာ ဂကြိုးဂဂျောင်နဲ့ ဟိုရေးဒီရေးနဲ့ မင်းမယှဉ်ရဲလို့မို့လား တိုင်းပြည်ကောင်းဘို့ဘဲ မင်းငြိမ်နေဘာလား အဆင့် မရှိတဲ့ကောင်

  1. the hold world know daw aung san suu gyi and own many prize. who are you and who know you dog tin ye .

  1. tint kywe said... :

    hi tin ye
    let me ask you
    what did you do for people in BURMA?
    do you know the ability of leader?
    do you know the meaning of decent vote?
    do you know the value of people power?
    don't be stupid TIN YE
    you should know the influential power of DAW AUNG SAN SUU KYI
    you won't win in that political race
    pity on you
    TRY TO HAVE GOOD DAYS IN YOUR FUTURE TIN YEE

    TINT KYWE

  1. Anonymous said... :

    TIN YE,

    Suggestion for you and your family, If you continuous against to our people leader Amay Suu, you and your family will suffer black list of in our country and will be labelled names as same as GALON U SAW.
    Why you choose this way for you and your family will be worsen hates by people in-future.

    Please re-consider for how to co-operative with people leader Amay Suu and how to you must support to our people leader, this way is for save your good name and family.

    May Phu Phu

  1. Anonymous said... :

    ဦးတင်ရီက ကန့်ကွက်တယ်၊ ကော်မရှင်က ပယ်ချတယ်။
    အီးယူတို့ အမေရိကန်တို့ သိအောင်သတင်းလွှင့်။ အော် နအဖ နအဖ အပြောင်းအလဲ အပြောင်းအလဲ ...တဖြည်းဖြည်း ကျေးဇူးတွေကြီးလာပီ။ သတိတော့ ထားနေပေါ့။ သတိဆိုတာ ပိုတယ်မှ မရှိတာ။

  1. Tin Gyi said... :

    အာလုံး ၀ိုင်းဝေဖန်နေတာ.. ကျွန်တော်မသိတာက ဘာအကြောင်းနဲ.ဘယ်ဥပဒေကြောင်အရ အမေစုကို ကန်.ကွက်တာလဲဆိုတာ အသေးစိတ် မပါဘူးနော်။

  1. Anonymous said... :

    ဦးတင်ရီခင်ဗျားနိုင်ငံရေးသမားစစ်စစ်ဆိုရင်တရားနည်းလမ်းကျကျဒေါ်စုကိုယှဉ်ပြိုင်ပါမလိုတမာစိတ်နဲ့ အကောက်မကြံပါနဲ့ ဗျာ၊ဒေါ်စုကိုစာနာသင့်ပါတယ်၊တနေ့ ကျရင်အား
    လုံးသေကြရမဲ့သူတွေချည်းပါ၊ခင်ဗျားလဲပညာတတ်တစ်
    ယောက်ပဲဘာမှမမြဲတဲ့လောကကြီးမှာမသေခင်သမိုင်းမှာ
    မှတ်တမ်းကောင်းအောင်လုပ်ခဲ့ပါ၊ဒီအချိန်ဟာပြည်သူအားလုံးဒေါ်စုကိုအားကိုးမျှော်လင့်နေကြတာပါ၊ပြည်သူအား
    လုံးရဲ့မျှော်လင့်ချက်ကိုဇျက်ဆီးတဲ့အထဲမှာခင်ဗျားလိုပညာတတ်ဒေါက်တာတစ်ယောက်မပါစေချင်ပါဘူး၊ခင်ဗျားမှာပါတဲ့ခေါင်းကိုအကောင်းဆုံးအသုံးချတတ်ပါစေဗျာ။

  1. Anonymous said... :

    ဦးတင်ရီရဲ့နောက်ကွယ်မှာ....ကြိုးကိုင်နေတဲ့သူတွေရှိနိုင်တယ်...ဒါနိုင်ငံရေ..ကစားကွက်တခုပဲ...အလေးအနက်ထားသင့်တယ်..ဒါပေမယ့်..ပြိုင်ဘက်ရှိတာကောင်းပါတယ်..မတူညီတဲ့ပုံစံ..အလိုမတူမှုတွေကြားက..အနိုင်ရခဲ့တယ်ဆိုရင်..အရသာပိုရှိတာပေါ့

  1. pyiphyo said... :

    ဦးတင်ရီသို့ . . .

    ကျွန်တော်ရေးထားတဲ့ဆောင်းပါးတစ်ပုဒ်ပါ . . . သေချာလေးဖတ်ပေးပါ . . . ဦးတင်ရီ အင်တာနက် မသုံးတတ်ရင် လည်း သိတဲ့လူက print လေး ထုတ်ပြီးပြပေးလိုက်ပါ . . . .

    စာတွေကများလို့ ပါ . . . အောက်ကလင့်မှာသွားဖတ်ကြည့်နိုင်ပါတယ် . . .

    http://www.pyiphyomgmgsoe.blogspot.com/

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved