ပေါလိုက်တဲ့စာတွေ

Monday, February 20, 2012


မြန်မာနိုင်ငံမှာ ပရိသတ်ဆီကလာတဲ့စာကို ဘယ်သူအများဆုံး ရသလဲ။
မိုးဟေကို လား၊ အေသင်ချိုဆွေ လား။

စနေနေ့ထုတ် သတင်းစာများအရ ဆိုရင်တော့ စာအများဆုံးရသူဟာ သမ္မတ ဦးသိန်းစိန် ဖြစ်ပါလိမ့်မယ်။

၉ လတာ ကာလ (၅-၄-၂ဝ၁၁ နဲ့ ၃၁-၁-၂ဝ၁၂) အတွင်း သမ္မတကြီးဆီကို စာပေါင်း ၆၆၆ဝ ရောက်လာတယ် တဲ့။

ဒီစာတွေ ဘယ်လိုအခြေအနေ ရှိပါသလဲ။

စိစစ်ပြီးစာပေါင်း ၂၇၈ဝ
စိစစ်ဆဲက ၁၉၅၁ လို့ ဆိုတယ်။
"အဆင့်မမီ၊ အကြိမ်ကြိမ် တိုင်ကြားမှု" ဆိုပြီး သတ်မှတ်ခံရတာက ၁၉၂၉ စောင် ဆိုပဲ။

သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က သောကြာနေ့ အမျိုးသားလွှတ်တော်မှာ ပြောပြတာပါ တဲ့။ သူ့ဌာနက ဒီစာတွေဖတ်တဲ့တာဝန် ယူရတာပါ။

ဒီစာတွေ ဖတ်ပြီး အရေးယူ ဆောင်ရွက်နေပါတယ်လို့ ၀န်ကြီးက ဆိုထားပါတယ်။

4 comments :

  1. Anonymous said... :

    မတရားတာ လူ့အခွင့်အရေး ခြိုးဖောက်တာ ခံနေရပြီး အဲ့ဒိလိုခံနေရမှန်းတောင် မသိတဲ့လူတွေရယ်၊
    သိပါလျက် ဘယ်ကို စာရေးတိုင်ရမယ် ဘယ်လိုရေး ဘယ်လိုပို့ရမယ်ဆိုတာ မသိလို့ ငြိမ်ခံနေရတဲ့သူတွေရယ်က နောက်ထပ် သန်းခြောက်ဆယ်လောက် ရှိသေးတယ်ဗျို့။

    ပြည်သူပြည်သားတွေ အဆင့်မှီတဲ့တိုင်စာတောင် မရေးတပ်မတိုင်တပ်အောင်လဲ အာဏာရှင်တွေနဲ့ စစ်အစိုရအဆက်ဆက်က
    စနစ်တကျဖျက်စီးခဲ့ကြတာပဲ။

    အဆင့်မမှီဘူးဆိုရင်လဲ ဘာကြောင့် အဆင့်မမှိဘူးဆိုတာကို ပြည်သူလူထုကို ချပြရှင်းပြဖို့ ပြည်သူ့ဝန်ထမ်းဖြစ်တဲ့ အစိုးရမှာတာဝန်ရှိတယ်။

  1. Anonymous said... :

    ထင်ပါတယ် - စက်ကူစက်တခုထောင် ပြော့ဖတ်လုံပ် စက်ကူပြန်ထုတ်ဖို့ အမိန့်ထွက်လာတော့မှာပါ

  1. Anonymous said... :

    အားလုံးကိုချပြရှင်းပြခိုင်းနေတော့တာပဲ၊ ဇွတ်။

  1. Anonymous said... :

    ချပြရှင်းပြ အများပြည်သူအတွက်မှ မလုပ်ချင်ကြဘူး ဆိုရင်လဲ လွှတ်တော်ထဲ ဝင်မထိုင်ကြနဲ့လေဗျာ၊ တိုင်းပြည်နာတယ်။
    ဓါးပြဂိုဏ်း မာဖိးရားဂိုဏ်းထောင်၊ အမှီးကျက် အမှီးစား၊ ခေါင်းကျက်ခေါင်းစား အဆင့်မရှိတဲ့ခါင်းဆောင်(gangster)တွေ လုပ်ကြပေါ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved