ကာတွန်းထဲက ရေသူမ

Monday, February 20, 2012

လွန်ခဲ့တဲ့ အနှစ် ၅၀ ခန့်က မန္တလေးမြို့ လူထုသတင်းစာမှာ ဖော်ပြခဲ့တဲ့ ကာတွန်းတွေပါ။
ရေးဆွဲသူက ၀င်းဖေ ပါ။ အခု အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ စွယ်စုံရအနုပညာရှင် ဆရာဦးဝင်းဖေ ဖြစ်ပါတယ်။

သူ့ရဲ့ "၀င်းဖေနှင့်လူထု" ကာတွန်းပေါင်းချုပ်မှာ ရေသူမနဲ့ ပတ်သက်ပြီး ဆွဲထားတဲ့ ကာတွန်းတွေ ၁၀ ပုဒ်ထက်မနည်း ပါဝင်တာကို တွေ့ရမှာပါ။ အခု ရေသူမ ကာတွန်းများကို စုစည်း ဖော်ပြလိုက်ပါတယ်။

ရေသူမ ကာတွန်းတွေ ဆက်တိုက် ဆွဲဖြစ်ရတဲ့ အကြောင်းရင်းက ၁၉၆၂ စစ်အာဏာသိမ်းမှုနဲ့ သက်ဆိုင်ပါတယ် တဲ့။
ဆရာဦးဝင်းဖေက ဒီအကြောင်း ဘီဘီစီ အသံလွှင့်ဆောင်းပါးတပုဒ်မှာ အခုလို ရှင်းပြထားပါတယ်။

"၁၉၆၂ ခုနှစ် စစ်အစိုးရ တက်လာတော့ ဘယ်လိုသဘောထားနဲ့ ဘယ်လိုအုပ်ချုပ်မယ်မှန်း မသိသေးလေတော့ နိုင်ငံရေးကာတွန်းမရေးဘဲ သာမန် ရယ်ဘွယ်ကာတွန်းတွေ ရေးပါတယ်။ ဥပမာ သတင်းစာပါ နိုင်ငံရေးအခြေအနေတွေကို လုံးဝမကိုးကားတော့ဘဲ ပထမ တလမှာ တလလုံး “ဗုံ ” နဲ့ပတ်သက်တဲ့ ကာတွန်းတွေ ရေးပါတယ်။ “ဗုံ” ပုံ ဒါမှမဟုတ် ဗုံဆိုတဲ့ စကားလုံးပါတဲ့ ရယ်စရာဟာသ ကာတွန်းတွေ ရေးပါတယ်။ နောက်လကျတော့ တလလုံး ရေသူမ အရုပ် ဒါမှမဟုတ် စာလုံးပါတဲ့ ဟာသတွေ ရေးပါတယ်။ ဒါကိုစစ်တပ်က သူတို့ကို ဘုံဝါဒနဲ့ပတ်သက်လို့ ဝေဖန်တယ် ဒါမှမဟုတ် ရေသူမလို ဖားတပိုင်း ငါးတပိုင်းလို့ ဝေဖန်တာပဲ စသဖြင့် မလုံမလဲ မယုံမကြည်ဖြစ်နေပါတယ်"

အပေါ်ဆုံးမှာ ကူးယူဖော်ပြထားတဲ့ ကာတွန်းနဲ့ ပတ်သက်ပြီး ကြုံရပုံကို ဒီလို ရှင်းထားပါတယ် -
"ခြေထောက်မပါတဲ့ ရေသူမက စက်ဘီးစီးကြည့်ဖို့ ကြိုးစားနေပုံရေးပြီး ဘေးကကြည့်နေတဲ့ တံငါသည်တွေကို “ငါ့ဟာငါ ဘယ်လိုလို နင်းနင်း နင်တို့အပူလား” ဆိုတဲ့ စာတမ်းထည့်လိုက်ပါတယ် ။ “ဝ” မရှိဘဲ “ဝိ”လုပ်လို့ မရတာကို ဓမ္မဓိဋ္ဌာန် ရေးတဲ့ ကာတွန်းပါ၊ ဒီကာတွန်းကို စစ်တပ်က သူတို့ကို စောင်းပြောတယ်လို့ထင်ပြီး အယ်ဒီတာချုပ် ဦးလေးလှကို ခေါ်ပြီး သတိပေးပါတယ်"

ရယ်ကြ ပြုံးကြဖို့ လွန်ခဲ့တဲ့ အနှစ် ၅၀ ၀န်းကျင်က လက်ရာများကို စုစည်း ဖော်ပြလိုက်ပါတယ်။




























0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved