နေဘုန်းလတ် နယ်မှာ အိုင်တီသင်တန်းပေးမယ်

Friday, February 24, 2012

ဓာတ်ပုံ - နေဘုန်းလတ် ဖေ့စ်ဘုတ်

မြစ်မခရဲ့ သတင်း ဖြစ်ပါတယ်
ဘလော့ကာ နေဖုန်းလတ် နယ်ဒေသများတွင် အခမဲ့အိုင်တီသင်တန်းပေးမည်
ဝင့်သင်ဇာကျော်
by Myit Makha Mediagroup on 24 Feb, 2012

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လည်လွတ်မြောက်လာသော ဘလော့ကာ နေဖုန်းလတ်သည် မြန်မာနိုင်ငံတွင် အိုင်တီနည်းပညာ ဖွံ့ဖြိုးမှု နည်းပါးနေသေးသောကြောင့် ပြည်နယ်များမှ အိုင်တီနည်းပညာကို စိတ်ဝင်စားသော လူငယ်များအတွက် နယ်ဒေသများသို့ သွားကာ သင်တန်းများပေးမည် ဖြစ်ကြောင်း သိရှိရသည်။

“နည်းပညာဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီးတော့ မည်သူမဆိုပေါ့ စိတ်ဝင်စားတဲ့လူငယ်တွေကိုတိုးတက်စေချင်တယ် နိုင်ငံရေးလမ်းကြောင်းကို ရပ်တည်မဲ့ လူငယ်တွေ စွမ်းဆောင်ရည်မြင့်တင်စေချင်တာလဲ ပါတာပေါ့” ဟု ဘလော့ကာ နေဖုန်းလတ်က ပြောသည်။

အဆိုပါ နည်းပညာကို နေပြည်တော်၊ မန္တလေးတိုင်း နှင့် ရန်ကုန်တွင်သာ အိုင်တီနည်းပညာကို ဖွံ့ဖြိုးတိုးတက်စေရုံသာမက အခြားသော ပြည်နယ်များနှင့် တိုင်းများတွင်ပါ နည်းပညာကို ကျယ်ပြန့်စွာ အသုံးချတတ်စေရန် ရည်ရွယ်ပြီး အခမဲ့သင်တန်းပို့ချပေးမည် ဖြစ်ကြောင်း သိရှိရသည်။

“ နေပြည်တော် ၊ မန္တလေးလို နေရာတွေမှာပဲ အိုင်တီကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တာမျိုးမဟုတ်ပဲ တကယ့် အိုင်တီကို သုံးတက်ချင်ရဲ့သားနဲ့ အခွင့်မရလို့ မသင်ရတဲ့လူငယ်တွေအတွက် နယ်ကအင်တာနက်ဆိုင် ဒါမှမဟုတ် wifi ရတဲ့နေရာမျိုးတွေမှာ အခမဲ့ သင်ပေးဖို့ အစီအစဉ်ရှိပါတယ်” ဟု ဘလော့ကာ နေဖုန်းလက်က ဆက်လက် ပြောဆိုသည်။


ညွှန်း -
Myit Makha Mediagroup http://www.myitmakhamediagroup.com/detail.php?newid=766

1 comments :

  1. Anonymous said... :

    ကိုနေဘုန်းလတ်ရေ ဒီအတိုင်းလေးသာ ဆက်သွားပါ။ ကိုနေဘုန်းလတ်ကို ကြိုဆိုပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved