သူရဦးရွှေမန်း တရုတ်ပြည် ဘာသွားလုပ်သလဲ
Monday, February 27, 2012
သူရဦးရွှေမန်း နဲ့ အမျိုးသား ပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ မစ္စတာ ၀ူဘန်ကို
အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ တရုတ်ပြည်ခရီးသတင်းကို ဒီနေ့ထုတ် အစိုးရအာဘော် သတင်းစာများမှာ အသေးစိတ် ဖော်ပြထားပါတယ်။
အနာဂတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်တဲ့အခါ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းခဲ့ရမှုကို သင်ခန်းစာယူမယ် တဲ့။
သတင်းတွေဖတ်နိုင်ဖို့ လင့် ၃ ခု ချိတ်ပေးလိုက်ပါတယ်။
စာမျက်နှာ ၁
လူစာရင်းတွေပါ။
စာမျက်နှာ ၂
ဦးရွှေမန်းက နေပြည်တော်မှာ အရေးကြီးတဲ့ အစည်းအဝေးတွေ ရှိနေချိန်မှာ တရုတ်ပြည်ကို သွားခဲ့တာပါ။ တရုတ်က ခေါ်လို့ သွားတာပါ တဲ့။ ဒီအကြောင်း ရေးထားပါတယ်။
ကြံ့ခိုင်ရေးပါတီနဲ့ တရုတ်ကွန်မြူနစ်ပါတီတို့ လက်တွဲဆောင်ရွက်ကြမယ် ဆိုတဲ့ ဆွေးနွေးချက်လည်း ပါပါတယ်။
မြစ်ဆုံစီမံကိန်းရပ်ရတာ ပြည်တွင်းအခြေအနေသာမက ပြည်ပအခြေအနေနဲ့လည်း ဆိုင်တယ် တဲ့။
စာမျက်နှာ ၃
ပူးတွဲစီမံကိန်းကြီးတွေ ဆက်လုပ်သွားမယ်၊ အနောက်နိုင်ငံတို့နဲ့ ပေါင်းနေပေမယ့် တရုတ်နဲ့လည်း ဆက်ပေါင်းပါမယ် တဲ့။
8 comments :
  1. Anonymous said... :
    တိုင်းပြည်ကိုအမှန်တကယ်ချစ်ရင်တရုပ်တွေနဲ့ကင်း
    အောင်နေပါ..လောလောဆယ် တရုပ်ကိုရောင်းမယ့်
    ရခိုင်ကထွက်တဲ့ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းကိုချက်
    ချင်းရပ်ပေးပါ..တရုပ်အားကိုးပုဆိန်ရိုး တရုပ်အကျိုးတို့
    အကျိုးလုပ်ရပ်တွေချက်ချင်းရပ်ပါ..
  1. Anonymous said... :
    လွှတ်တော်အချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုထဲက တရုတ်က မြန်မာကိုတိုက်ရိုက်အုပ်ချုပ်နေတဲ့ သဘောဖြစ်နေပြီး သေချာတယ် တရုတ်က မြန်မာကို ကိုလိုနီ အဖြစ်တိတ်တဆိတ်သိမ်းပိုက်ထားလိုက်ပြီး
  1. Anonymous said... :
    တိုင်းပြည်ကို အမှန်ချစ်ရင် တရုတ်နဲ့ ကင်းအောင်နေ အမေရိကန်ကြီးကို ဒယ်ဒီခေါ်။ ဒီလိုလား။ နိုင်ငံတိုင်းက ကိုယ့်ပြည်တွင်းကထွက်တဲ့ သယံဇာတကို ရောင်းချပြီး နိုင်ငံခြားငွေ ရှိကြရတာပဲလေ။ ကုန်ကြမ်းအတိုင်း ရောင်းတာနဲ့၊ value-added လုပ်ပြီး ရောင်းတာပဲ ကွာပါတယ်။ နိုင်ငံပိုင် နိုင်ငံခြားငွေ ရံပုံငွေ မရှိရင် ပြည်တွင်းငွေကြေးတန်ဖိုး ကမောက်ကမ ဖြစ်မှာပေါ့ဗျ။ တရုတ်နဲ့ မြန်မာ လွှတ်တော်ချင်း ပူးပေါင်းတာ တရုတ်က မြန်မာကို တိုက်ရိုက် အုပ်ချုပ်တာလို့ မြင်ရင် အမေရိကန်တို့ ဥရောပတို့က လွှတ်တော်အမတ်တွေ လာပြီး ဆရာလုပ်နေကြတာကိုကျ ခင်ဗျားတို့ ခွပ်ဒေါင်းတွေ ဘာလို့ အမြီးနံ့ပြီး ကြိုကြတာလဲ။
  1. Anonymous said... :
    Oh, that's clear china doesn't wants Western influerance to Burma, they instructed how to do to the SHWE MAN.
    That why as soon as shwe man come back from china they suddenly stop the parliment.
    Whatch out
  1. Anonymous said... :
    တခုပဲမေးချင်ပါတယ်၊
    ချမ်းသာတဲ့၊
    အရှေ့တောင်အာရှမှာဂုဏ်ရှိရှိနေနိုင်ခဲ့တဲ့၊
    တိုင်းပြည်ကို၊အစုပ်အနုပ်ဖြစ်သွားတဲအထိမြန်မာပြည်ဖြစ်ခဲ့ရတာ.
    (၁).အုပ်ချူပ်သူညံ့ဖျင်လို့လား၊
    (၂).အုပ်ချူပ်သူလူတန်းစားမသမာလို့လား၊
    (၃).အုပ်ချူပ်ခံလူတန်းစားညံ့လို့လား၊
    (၄).အုပ်ချူပ်ခံလူတန်းစားမသမာလို့လား၊
    အထက်ကအချက်အလက်တွေအပေါ်
    ယနေ့ထက်တိုင်အဖြေမထုတ်နိုင်သေးတဲ့သူဆိုရင်တော့၊ကိုယ့်ရဲ့အရည်အသွေးတွေက၀ဲစားအဆင့်ပဲရှိနေသေးကိုကျေကျေနပ်နပ်လိုက်ခံလိုက်ပါ။
  1. သံတမန်ဆက်ဆံတဲ့နေရာမှာ ကျွမ်းကျင်မှုလိုတယ်ဗျ..
    တရုတ်ကိုလည်း ကင်းလိုမရသလို အနောက်အုပ်စုကိုလည်းကင်းလို.မရဘူးဗျ..ဟိုဘက်ဒီဘက်မျှတအောင်ဆက်ဆံပြီး တိုင်းပြည်အတွက်အကျိုးရှိအောင် ဆက်ဆံတတ်တဲ့နည်းဗျူးဟာလည်းလိုတယ်..ပြီးတော့အုပ်ချုပ်သူလူတန်းစားကလည်းတကယ်စေတနာရှိဖို.လည်းလိုတယ်..ပြည်သူလူ.ထုလည်းစည်းကမ်းရှိဖို.လည်းလိုတယ်..အားလုံးကောင်းမှ တိုင်းပြည်ကောင်းမှာပါ..လူငယ်တွေသူများတိုင်းပြည်မှာ ကျွန်တစ်ပိုင်းဖြစ်နေကျတာကတော့ရင်နာစရာပါ..
  1. ဒုတိယသန်းရွှေ said... :
    ဘယ်ကောင်မှလာပြီးဆရာလုပ်တာမကြိုက်ဘူး။အရင်တိုင်းပဲကိုယ့်လူမျိုးကိုပဲသတ်ပြီးအုပ်ချုပ်တဲ့စနစ်ကိုကြိုက်တယ်။
  1. Anonymous said... :
    ဘူမသိ ကိုးမသိတဲ့ပြည်သူတွေကိုငတ်ပြတ်ပြီး
    ဒုတ်ခရောက်အောင်လုပ်တဲ့ EUက စီးပွားရေး
    ပိတ်ဆို့မှုတွေကိုအားပေးနေတဲ့ နိုင်ငံရေးဝဲစား
    တွေရဲ့ညံ့ဖျင်းမှုလို့ပဲထင်ပါတယ်။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved