"သတင်းလုံခြုံမှု" ဆိုပဲ

Saturday, February 18, 2012

ဂျာနယ်တွေမှာ သတင်းတွေ လုပ်ကြံရေးသားနေတယ် တဲ့။
သတင်းလုံခြုံမှု ဂရုစိုက်ပါ တဲ့။ ပညာရေးဌာနတွင်းပေးစာတစောင်ပါ။

"သတင်းလုံခြုံမှု" ဆိုတဲ့ စကားလုံး သုံးရလောက်အောင် ပညာရေးဌာနဟာ သတင်းထွက်ရာဌာနကြီးဖြစ်လာနေပြီလား၊ စိတ်ဝင်စားစရာပါပဲ။

9 comments :

  1. Anonymous said... :

    ပညာရေးဝန်ကြီးသမီးရဲ့မင်္ဂလာဆောင်အတွက် လက်အောက်ဝန်ထမ်းတွေကို လက်ဖွဲ့ငွေ အဓမ္မကောက်ခံတဲ့ကိစ္စ ပေါက်ကြားလို့ ထင်ပါရဲ့ဗျာ။

  1. Anonymous said... :

    အစိုးရ၀န်ထမ်းတွေအားလုံးဟာ official secret act မြန်မာနိုင်ငံ ၀န်ထမ်းများ လျှို့ဝှက်ချက်အက်ဥပဒေကို လိုက်နာရပါတယ်။ ၀န်ထမ်းတွေအားလုံး (သမတ မှစပြီး ပြည်သူ့လစာစားနေတဲ့ အောက်ဆုံးက ၀န်ထမ်းထိ။ စစ်သားများအပါအ၀င်) အားလုံး အကျုံးဝင်ပါတယ်။ သတင်းယူမဲ့သူတွေက တော့ လုပ်မှာပဲ။ ကိုယ်လုပ်တာ မှန်နေရင် သတင်းဆိုးမဖြစ်ဘူးပေါ့။ ပြည်သူ့ဝန်ထမ်းများအားလုံး ပြည်သူ့အကျိုးဆောင်ရွက်နိုင်ကြပါစေ။

    ရုဇော

  1. မုံရွာသူ said... :

    ပညာရေးဝန်ကြီးရဲ့သမီးမင်္ဂလာဆောင်တုန်းက
    လက်ဖွဲ့တွေပို့ပေးရပါတယ်။
    မုံရွာတက်ကသိုလ်ကပေးရတာတွေစာရင်းဇယားနဲ့တကွ
    ပေါါက်ကြားသွားလို့ဖြစ်ပါတယ်။

    Thithtoolwin မှာဖတ်ကြည့်ပါ။

  1. ပုပ်လို့အနံ့တွေလုံအောင်မထိန်းနိုင်လို့ပေါ်
    လာတာပါ...၀န်ကြီးဌာနတိုင်းမှာ အပုပ်တွေချည်း(လူအပုပ်၊မူအပုပ်)ပဲ ဆိုတော့ တနိုင်ငံလုံးအလုပ်နံ့လှိုင်တာ မဆန်းပါဘူ......ကြီးကြီး ကျယ်ကျယ် သတင်းလုံခြုံမှုတွေဘာေ တွလျှောက်နေတယ်။..မဟုတ်တာတွေ အလွယ်တကူလုပ်လို့မရတော့လို့ပါ...၀န်ကြီးသမီးပွဲ ၀န်ထမ်းတွေမထည့်မနေရကိစ္စက သတင်းပြန့်နေပီလေ။။။ အ၇ှက်တစက်မှမရှိသူတွေ

    February 18, 2012 9:46 PM

  1. Danabala said... :

    Thank the staff from the Ministry of Education who gave this Information to Irrawaddy.
    The similar instruction was circulated to all the Government Ministries in Nay Pyi Taw.
    The present government is now very sensitive to the media like in all the democratic states.
    No government personnel can do anything wrong in this age of IT.

  1. ဟားဟားဟား အရမ်းရယ်ရတယ် ၀န်ကြီးသမီးမင်္ဂလာဆောင်အတွက် လက်ဖွဲ့ငွေကို အတင်းအဓမ္မတောင်းတာကို သူခိုးလိုမိသလို ဖြစ်နေတော့ မနေတတ်မထိုင်တတ်ဖြစ်ပြီး
    မီဒီယာကိုအပြစ်ပြောနေပါလားဟေ့-- နှစ်ပေါင်းများစွာမင်းတို့ သောင်းကျန်းခဲ့တာတွေကို အခုမှပါးပါးလေးပဲ ဖေါ်ထုတ်တာပါ ---- ကိုယ်မဟုတ်ရင်တော့ခံပေါ့ ----- တဆိတ်မရှိ မင်းတို့ကိုထိတာနဲ့ နိုင်ငံတော်ကိုထိသလိုလိုနဲ့ ဥပဒေတွေကလည်းထုတ်လိုက်တာလွန်ရော-- မင်းတို့မှန်တာကောင်းတာလုပ်ရင် သူများကောင်းတာရေးမှာပေါ ဒါပေမဲ့မင်းတို့ကိုဘာဟာကိုကြည့်ပြီးတော့ ကောင်းတာရေးရမှန်းကိုမသိဖြစ်နေတယ်ကွာ စိတ်ညစ်ဖို့ကောင်းလိုက်တာ ဘာကောင်တွေအုပ်ချုပ်နေမှန်းကိုမသိဘူး

  1. Anonymous said... :

    တနိုင်ငံလုံးက ပညာရေးဝန်ထမ်းတွေ ချစ်လို့၊ ခင်လို့ပေးကြတာကို သူတို့က မနာလိုလို့ လိုက်ရေးနေကြတယ်၊ မယ်မယ်ကြိုင့် သမီး မင်္ဂလာဆောင်တုံးက ၀တ်ထားတဲ့ စိန်တွေကလည်း သူ့အဖေ ကိုသန်းရွှေ အကို သူ့ဘကြီး ကျောက်ဆည်က ငှက်ပျောခြံက ငှက်ပျော သုံးခိုင် ခုတ်ရောင်းပြီး ၀ယ်ထားတာပါဆိုတာ မယုံကြဘူး၊ ဒီမီဒီယာနဲ့တော့ ခက်ပါတယ် စိတ်ရှုတ်ပါဘိ၊ မီဒီယာတွေကို လက်ပိုက်ကြည့်နေတဲ့ အင်တာနက် ဥကဌကို တရားစွဲမယ် - စွဲမယ် - စွဲကိုစွဲအုံးမယ်

  1. Anonymous said... :

    ဝေဖန်တဲ့လူကြီးမင်းများ
    ကျောင်းဆရာဘ၀သိအောင်
    တစ်နှစ်လောက်ပဲလုပ်ကြည့်ပါဗျာ
    မီဒီယာမမှန်ရင်ကော ကျွန်တော်တို့
    ထိထိရောက်ရောက်အရေးယူမယ်လေဗျာ

  1. Anonymous said... :

    ကျောင်းဆရာဘ၀ကိုနှစ်ပေါင်းများစွာကျင်လည်ခဲ့တဲ့သူပါ
    ဒီစာထဲမှာပါတဲ့အဓိကအကြောင်းအရာကတော့ဆရာဆရာမတွေကို ၀န်ကြီးဌာနမကောင်းကြောင်း၊မတရားသဖြင့်လုပ်နေတာတွေကို သတင်းမီဒီယာတွေမပေါက်ကြားအောင် မြန်မာနိုင်ငံလျို့ဝှက်အက်ဥပဒေနဲ့ခြိမ်းခြောက်အကြပ်ကိုင်လိုက်တာပါ။ ဒီစာကိုအဓိကထုတ်ပြန်တဲ့သူနှစ်ဦးကတော့ ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ ဒေါက်တာမြအေးနဲ့ ညွန်ကြားရေးမူးချူပ် ဒေါက်တာစိုးဝင်းတို့ပါဘဲ။ ကျောင်းဆရာ၊ဆရာမတွေက ကိုယ်ဌာနတွင်း ကိုယ်အကြီးအကဲ၊ ကိုယ့်ဆရာကြီးတွေအကြောင်းမကောင်းပြောဖြစ်ဖို့တော်တော်လေးဝန်လေးကြပါတယ်။ မတရားသဖြင့်လုပ်ကြလွန်းလို့သာ ပွင့်အန်ထွက်လာတာပါ။ ကိုမြအေးနဲ့ကိုစိုးဝင်းလက်ထက် ပညာရေးမှာဘာတွေများတိုးတက်လာခဲ့လို့တုန်း။ စာရင်းဇယားနဲ့အချင်းမများရအောင် တိတိကျကျလေးရှိရင်ပြောကြပါဗျာ။ ပြီးတော့ဒေါက်တာမြအေး ဓာတုဗေဒပါမောက်ခဘဝ
    ၁။ ဆယ်တန်းစာမေးပွဲ စာစစ်မှူးချုပ်ဖြစ်စဉ် အောင်စာရင်းမထွက်ခင် ဘယ်ကျူရှင်၊ ဘယ်ဘော်ဒါတွေနဲ့ တွင်တွင်ကျယ်ကျယ်ကြီးလုပ်စားခဲ့တာ(တစ်ကျောင်းလုံးအသိပါ သက်သေအနေနှင့် ဌာနရှေ့ကပန်းခြံ၊ မီးစက်၊ ရှစ်ပေစလောင်း)နှင့် အိမ်တွင်းပစ်စည်းများ။
    ၂။ ဓာတုဗေဒပါမောက်ခဘ၀ ပါရဂူဘွဲ့အတွက်သုတေသန လုပ်ရင် ဂျပန်ကို sample ပို့ ပြီးရလာဒ်ယူတဲ့အခါ ဂျပန်ပါမောက်ခက Dataယူ သူက ပိုက်ဆံယူနည်းနဲ့လုပ်စားတာ တစ်ရာကျော်။
    ၃။ ပြီးတော့ ဌာနတွင့်းသုတေသနခန်းတွင်း ၊ စာသင်ခန်းအတွင်း၊ ဘီယာဝိုင်းဖွဲ့ပြီးသောက်လိုက်ကြတာတစ်ရှန်းရုန်း ဆီးချိုဖြစ်ပြီးသေမလိုဖြစ်ပြီးမှ နားလိုက်တာတစ်ကျောင်းလုံးအသိ။
    ၄။ ပြီတော့အချစ်တော်ဆရာမပေါက်စလေးနဲ့ စာသင်ခန်းတွင်း၊သုတေသနခန်းတွင်း ဇာတ်လမ်းကချောင်းကြည့်ပြီးပြုံးပြလက်တို့ကြတာ တစ်ကျောင်းလုံး(ပါမောက်ခချုပ်ဖြစ်လို့အငြိမ်းစားယူသည်အထိချစ်နေကြတုန်း)အခုတော့ဒီဆရာမလေးကို ကလေးတက်ကသိုလ်ပို့ထားတယ်ဆိုလား
    ၅။ ပါမောက်ခချုပ်ဘ၀မှာ နယ်မြေအင်ဂျင်နီယာနဲ့ပေါင်းပြီးကျောင်းပိုင်ဘာတွေကိုယ်ပိုင်လုပ်တာ၊ တစ်ကျောင်းလုံးအသိဆုံး။(နောက်ဆုံးစားလွန်းတော့ အင်ဂျင်နီယာကတောင် မရိုမသေနဲ့ အကြပ်ကိုခြိမ်းခြောက်တာ အငြိမ်းစားယူပြီးပြီးချင်းကျောင်းကနေနှင်ထုတ်၊ကားသိမ်း)
    ၆။ ၀န်ကြီးဘ၀မှာလည်းဝန်ထမ်းတွေအပြောင်းအရွေ့ ရာထူးတိုးတွေမှာ ညွန်ချုပ်ဒေါက်တာစိုးဝင်း၊ ညွန်ကြားရေးမှူး ကိုလှရွှင် နဲ့ပေါင်းပြီး ပေးသူတွေကို ပေးသည့်အလျောက်၊ မုန်းလျှင်မုန်းသည့်အလျောက် စို့စို့ပို့ပို့ဝါးခဲ့ပြီးလုပ်ခဲ့ကြတာ အကုန်အသိ။
    ၇။ အဆိုးဆုံးကတော့ သူတို့နှစ်ဦးလက်ထက် ရုကဗေဒဌာနမှူးဆရာမကြီးက သူအမြင်ကပ်တဲ့ပါရဂူဘွဲ့ကြိုတန်းကျောင်းသူဆရာမကိုစာမေးပွဲချဖြစ်လိုက်တာ . . အဲဒီဆရာမက မကျေနပ်လို့ ပြန်လည်စစ်ဆေးပေးဖို့ တင်ပြတိုင်တန်းလို့ PE DEစစ်ဆေးပြီးဌာနမှူးမှားယွင်းကြောင်းဆုံးဖြတ်ပြီး နှစ်လလောက်ကြာမှ အောင်စာရင်းပြန်ထွက်ပေးခဲ့တာတောင်မှ ဒီဌာနမှူးကိုအခုအချိန်ထိ ပန်းပန်လျှက်ရှိခြင်း(အဲဒီဌာနမှူးကတော့ ၀န်ကြီးနဲ့ညွန်ချုပ်ကိုဘယ်လိုပိုင်ကြောင်း၊ရွှေဘယ်လောက်သားကန်တော့ရကြောင်းလေလုံးထွာပြီး မာန်တက်နေလေရဲ့ )ကျောင်းဆရာ၊ဆရာမဘ၀မှာ စာမေးပွဲမသမာမှုဟာအကြီးမားဆုံးပါ ကျောင်းသားမသာမာမှုလုပ်ရင်တောင်သုံးနှစ်ထုတ်ပယ်ပါတယ်။
    ၈။ ဒေါက်တာစိုးဝင်းပါမောကခချုပ်တွေခန်ွှတဲ့နေရာမှာ ရွှေဘယ်လောက်သားကန်တော့လို့ရခဲ့တယ်ဆိုတာ ပေးခဲ့ရတဲ့သူရော . . ဇနီးဖြစ်သူဝတ်ထားတွေကသိသာစေပါတယ်။
    ဒါတွေက အသေးဖွဲလေးတွေဘဲရှိပါသေးတယ်
    ဒီအကြောင်းတွေကိုဆရာ၊ဆရာမတွေကဘယ်မီဒီယာကိုမှမပြောခဲ့ပါဘူး၊ သူတို့နှစ်ဦးကမလုံလို့ လိုက်ပြီးပိတ်နေတာရှက်စရာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved