ကလေးအဖေ မီးဖွားခွင့်

Monday, February 20, 2012


ဘန်ကောက်မှာ လုပ်တဲ့ ဖခင်များအခွင့်အရေးလှုပ်ရှားမှု မြင်ကွင်းတခု (ဓာတ်ပုံများ- ဘန်ကောက်ပို့စ်/THITI WANNAMONTHA)

ထိုင်းမှာတော့ အမျိုးသမီးအခွင့်အရေးအဖွဲ့အစည်းတွေက အစိုးရကို ပြောနေပါပြီ - ကလေးအဖေတွေ မီးဖွားခွင့် ယူကြဖို့ (သူတို့ဇနီးများ မီးဖွားစဉ်ကာလ ခွင့်ယူကြဖို့) တိုက်တွန်းပေးပါ တဲ့။

ဝန်ကြီးချုပ်ရုံးရဲ့ ဇန်န၀ါရီ ၂၄ ထုတ်ပြန်ချက်အရ ဆိုရင် ကလေးဖေဖေတွေ ခွင့် ၁၅ ရက် (၃ ပတ်) ရတယ်လို့ ဆိုတယ်။

ဒီထုတ်ပြန်ချက်က လူသိနည်းလို့ အမျိုးသားတွေ သတိမထားမိကြဘူးလို့ ဒီအဖွဲ့တွေက ပြောပါတယ်။

မိခင်များအတွက် ဆိုရင်တော့ မီးဖွားခွင့်က ရက် ၉၀ ပါ။

အစိုးရက အမျိုးသားများခွင့်ယူရေး တိုက်တွန်းရုံတင်မက ပုဂ္ဂလိကဌာနတွေမှာလည်း ဒီ ကလေးအဖေ မီးဖွားခွင့် ဆိုတာကို လက်ခံ ကျင့်သုံးဖို့ တိုက်တွန်းပါ၊
ကလေးမမွေးခင် နဲ့ မွေးပြီးကာလမ ကလေးအဖေများရဲ့ အရေးပါပုံ၊ မိခင်နဲ့ကလေးကိုစောင့်ရှောက်ဖို့ လိုအပ်ပုံတို့ကို ဌာနဆိုင်ရာအကြီးအကဲများ သဘောပေါက်ထားဖို့ လိုတယ် တဲ့။

အမျိုးသမီးအဖွဲ့တွေက ပြောနေတာပါ။

ညွှန်း - ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာ မျက်နှာဖုံးသတင်း http://www.bangkokpost.com/learning/learning-from-news/280697/dads-told-to-take-time-off-from-work

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved