၁၀ နှစ်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ဆီရောက်သွားတဲ့ဆု

Saturday, February 11, 2012

(ဓာတ်ပုံများ - ဧရာဝတီ)


၂၀၀၂ ခုနှစ်မှာ ကုလသမဂ္ဂ ယူနက်စကိုက ဒေါ်အောင်ဆန်းစုကြည်ကို ပေးတဲ့ဆုဟာ ၁၀ နှစ်အကြာမှာ ကာယကံရှင်လက်ထဲ ရောက်လာပါတယ်။
မနေ့တုန်းက ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ယူနက်စကို ညွှန်ချုပ်ရုံးက အရာရှိတဦးဖြစ်သူ Mr. Ryuhei Hosoya သွားရောက်ပြီး ဆုပေးခဲ့တာပါ။

ဆုအမည်က UNESCO-Madanjeet Sign Prize ဖြစ်ပြီး ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ပြသခဲ့တဲ့ သည်းခံခြင်း၊ အကြမ်းမဖက်ခြင်း အရည်အချင်းများကြောင့် ဒီဆု ပေးအပ်ခဲ့တာလို့ သတင်းဟောင်းတွေက ဆိုပါတယ်။

ဒီဆုဟာ ၁၉၉၆ မှာ စတင် ပေါ်ပေါက်လာတယ် လို့ ယူနက်စကို ၀က်ဆိုက် www.unesco.org/new/en/social-and-human-sciences/events/prizes-and-celebrations/unesco-prizes/madanjeet-singh-prize/ မှာ ရေးထားပါတယ်။ ၂ နှစ်တကြိမ် ဆုပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆုပေးဖို့ ရွေးချယ်ခဲ့တဲ့ ၂၀၀၂ ကတည်းက ဆုမှာ ပါဝင်တဲ့ ငွေသားကို ဒေုလာ တသိန်းအထိ တိုးမြှင့်ခဲ့ပါတယ်။

ယူနက်စကိုအဖွဲ့ကြီးရဲ့ ဆုတွေကို အခုလို တွေ့ရပါတယ်

1 comments :

  1. Anonymous said... :

    Congratulation Aunty Suu, we are proud of you.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved