အမေရိကန်ဌာနတခု ဘလက်ဘယ်ရီကို ကန်ထုတ်တော့မယ်

Friday, February 10, 2012

ဘလက်ဘယ်ရီ
ခေတ်ပေါ်ဖုန်းတွေဟာ စကားပြောဆက်သွယ်ရေးအတွက် အသုံးကျရုံမက လက်တော့ပ်ကွန်ပျူတာတလုံးနီးပါး အလုပ်လုပ်နိုင်ပါပြီ
အသုံးကျလွန်းလို့ လူသုံးများခဲ့ပေမယ့်လည်း ဘလက်ဘယ်ရီဟာ နောက်ပေါ် စမတ်ဖုန်းတွေလောက် ရေပန်းမစားတော့ပါဘူး။

အမေရိကန်အစိုးရဌာနတခုဖြစ်တဲ့ သမုဒ္ဒရာနှင့် လေထုဌာန (National Oceanic and Atmospheric Administration) က သူ့ဝန်ထမ်းအများအပြားကို ဘလက်ဘယ်ရီပေးပြီး အလုပ်ခိုင်းထားရာကနေ အခုတော့ iPhone, iPad တို့နဲ့ လဲပေးတော့မယ် တဲ့။

အဲဒီဝန်ထမ်းတွေဟာ လက်ရှိကိုင်ထားကြတဲ့ ဘလက်ဘယ်ရီတွေကို မေလအထိပဲ သုံးရတော့မှာပါ။

သမုဒ္ဒရာနှင့် လေထုဌာနမှာ အချိန်ပြည့်ဝန်ထမ်းပေါင်း နှစ်သောင်းဝန်းကျင်ရှိတာ သူတို့ထဲက သုံးထောင်ဝန်းကျင်ကို ဘလက်ဘယ်ရီပေးပြီး အလုပ်ခိုင်းထားတာပါ။ မေလမှာ iPhone, iPad တို့ ပေးမယ် ဆိုပေမယ့် ၀န်ထမ်းအရေအတွက်
ဘယ်လောက်ကို ပေးမယ် ဆိုတာ မသိရသေးပါ။

iPhone

ဌာနရဲ့ ပြန်ကြားရေးအရာရှိချုပ် Joe Klimavicz က Bloomberg သတင်းဌာနကို ဒီလို ပြောပါတယ် -
“အချိန်တွေပြောင်းလာတာနဲ့အမျှ နည်းပညာတွေကလည်း ပြောင်းလာတယ်၊ ပိုပြီး ထိထိရောက်ရောက် လုပ် ကိုင်နိုင်ဖို့ ဆိုရငကျနော်တို့ သုံးနေတဲ့ နည်းပညာတွေကို ပြန်လေ့လာရမယ်”

ပြောင်းလဲအသုံးပြုမယ်ဆိုရင် အကုန်အကျလည်း ပိုသက်သာမယ်လို့ သူက ဆိုပါတယ်။

ဘလက်ဘယ်ရီဟာ တချိန်က လုပ်ငန်းခွင်သုံး တယ်လီဖုန်းအမျိုးအစားပါ။ အခုတော့ လုပ်ငန်းခွင်ထဲကို iPhone, iPad တို့ အစားထိုးလာနေကြပါပြီ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved