တပေါင်းလပြည့်နေ့တိုင်း အဖေနေ့ ကျင်းပလာတာ ဒီနှစ်ဟာ စတုတ္ထမြောက်နှစ်ပါ။
အဖေနေ့ကို တပေါင်းလပြည့်နေ့မှာ ကျင်းပကြဖို့ ဖြစ်လာတာက သီတဂူဆရာတော် အရှင်ဉာဏိဿရရဲ့ မိန့်ကြား လမ်းညွှန်ချက်ကြောင့်ပါ တဲ့။
ဂေါတမဘုရားရှင်က ခမည်းတော်သုဒ္ဓေါဒနမင်းကြီးထံ သွားရောက်ပြီး တရားဟော ကျေးဇူးဆပ်ခဲ့တာဟာ တပေါင်းလမှာ ဖြစ်တာကြောင့်
အဖေနေ့ကို တပေါင်းလပြည့်နေ့မှာ ကျင်းပကြတာ အင်မတန် သင့်လျော်ပါတယ် လို့ မန္တလေးက စာရေးဆရာတဦးက ပြောပါတယ်။
အဖေနေ့ ကျင်းပတဲ့ မန္တလေးဟာ အမေနေ့ကိုလည်း ပြာသိုလပြည့်နေ့တိုင်း အလေးအမြတ်ထား ကျင်းပလာတာ ဆယ်နှစ်ကျော်ပါပြီ။
စာရေးဆရာ ဒါရိုက်တာ ဦးသုခရဲ့ ကမကထပြုမှုနဲ့ ပေါ်ပေါက်လာတာပါ။
ပြီးခဲ့တဲ့ ပြာသိုလပြည့်နေ့ (ဇန်န၀ါရီ ၈ ရက်နေ့)က ၁၆ ကြိမ်မြောက် မန္တလေးအမေနေ့ ဆိုပြီး ကျင်းပခဲ့ပါတယ်။
နိုင်ငံအများအပြားမှာတော့ အဖေနေ့၊ အဖေများနေ့၊ အမေနေ့၊ မိခင်များနေ့ ဆိုပြီး သတ်မှတ်ကြ ကျင်းပကြတာ ကြာပါပြီ။
(သရုပ်ဖော်ပုံက ပန်းချီဝသုန်ရဲ့ လက်ရာပါ။
စာရေးဆရာမ မေငြိမ်းရဲ့ ဘလော့မှာ တွေ့ရတဲ့ အဖေပေးခဲ့တဲ့အမွေ http://maynyane.blogspot.com/2007/06/blog-post_649.html ရွှေအမြုတေ ၀တ္ထုတို သရုပ်ဖော်ပုံ ဖြစ်ပါတယ်)
0 comments :
Post a Comment