facebook မှာ ရောက်နေတဲ့ မှားယွင်းမှု

Sunday, February 26, 2012

Facebook သုံးသူ မြန်မာပြည်သားတွေ ဖြန့်နေကြတဲ့ အမျိုးသမီး ငါးဦး ဖဲရိုက်နေပုံရဲ့ မူရင်းက ကမ္ဘောဒီးယားကလို့ ဆိုနေကြပါတယ်။

ကွန်ပျူတာတက္ကသိုလ် ယူနီဖောင်းက လုံချည်အရောင် စိမ်းပြာလေးနဲ့လို့ ဆိုပါတယ်။

သို့သော်.. ကွန်ပျူတာ
တက္ကသိုလ်ကလိုလို.. နည်းပညာတက္ကသိုလ်ကလိုလို....မသိသူများ အမျိုးမျိုးက
ပညာရေးတိုးတက်အောင် လေ့လာနေကြတာပါဆိုတဲ့ ပုံစံမျိုးနဲ့... နှိမ့်ချပြီး Share လုပ်ကြပါတယ်.. တဲ့


http://moreimagesrally.blogspot.com/2011/12/blog-post_1516.html
ကမ္ဘာဒီယားက ခမာဘာသာနဲ့ ရေးထားတဲ့ Blog Site တစ်ခုကပုံဖြစ်ပါတယ်... တဲ့

ဒါကို မူလပထမဦးဆုံး ရှယ်ယာ စလုပ်သူက....
ဘယ်လို ရည်ရွယ်ချက်နဲ့လုပ်ပါသလဲ...
ကိုယ့်တိုင်းပြည်.. ကိုယ့်လူမျိုး... သိက္ခာကျအောင် လုပ်တာဆိုရင်
အင်မတန်မှကို အောက်တန်းကျတဲ့လုပ်ရပ်တစ်ခုအဖြစ်
သတ်မှတ်ပြီး ကန့်ကွတ်ရှုတ်ချပါတယ်....

လင့်ခ်အမှန်ကို လက်လှမ်းမှီရာများမှာ.. ပြန်လည်ဖြန့်ဝေခြင်းဖြင့်
မိမိတို့ ဂုဏ်သိက္ခာ... ကျောင်း၏ ဂုဏ်သိက္ခာ.... နိုင်ငံ့ဂုဏ်သိက္ခာကို
ပြန်လည် မြှင့်တင်ပေးကြပါ

စသဖြင့် တိုက်တွန်းနေကြပါတယ်။

2 comments :

  1. Anonymous said... :

    မြန်မာမတွေ ဖဲရိုက်တော့ရော ဘာဖြစ်သလဲကွာ။ သိက္ခာကျစရာ ဘာအေူကာင်းရှိလဲ။ ငါတို့အဒေါ်ကြီး အပျိုကတည်းကဖဲရိုက်လာတာ အခု ၈၅ ရှိပြီ။ ရိုက်တုန်း။ ပျော်လို့ရွှင်လို့။

  1. Anonymous said... :

    အေးလေ.. မြန်မာမှ ကမ်ဘောဒီးယားမှ မဟုတ်ဘူး.. ဖဲဆိုတာ နေရာတကာမှာ ရိုတ်တယ်.. နေရာတိုင်းမှာ စာကြိုးစားသူရှိသလို အပေအတေတွေလဲ ရှိတယ်..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved