GW လှုပ်ရှားမှုနဲ့ အဆိုတော် ၂ ဦး

Wednesday, February 15, 2012

လင်းနစ် နဲ့ အောင်လ (ဓာတ်ပုံများ - Generation Wave)

မနေ့တုန်းက GW ခေါ် Generation Wave ရဲ့ လှုပ်ရှားမှုမှာ Reason, Wanted တီးဝိုင်းတို့နဲ့ အဆိုတော် ၂ ဦးကို တွေ့ရပါတယ်။

သူတို့ကတော့ သီချင်းတွေရေး သီချင်းတွေဆိုတဲ့၊ "ရင်ဘတ်ထဲက အိပ်မက်ဟောင်း" စီးရီးနဲ့ ဂီတလောကထဲ ရောက်လာတဲ့၊ "ဒီဇင်ဘာည" သီချင်း နဲ့ ထင်ရှားတဲ့ လင်းနစ်၊

ပြော၊ တောင်းပန်တယ်၊ အချိန်လွန်ငှက် စတဲ့ သီချင်းကောင်းလေးတွေ သီဆိုခဲ့တဲ့ တေးရေးတေးဆို အောင်လတို့ ဖြစ်ပါတယ်။

လင်းနစ် facebook fan page - http://www.facebook.com/pages/Linnith-Vocalist/185087744896539?sk=info

အောင်လ
facebook fan page - http://www.facebook.com/pages/Aung-La-Reason-/104024153015972?sk=info

Reason အဖွဲ့

Wanted အဖွဲ့

Wanted အဖွဲ့

မနေ့က ကန်တော်ကြီး၊ ရွှေတိဂုံဘုရားတို့မှာ ပြုလုပ်ခဲ့တဲ့ GW ရဲ့ "ကျည်ဆံတွေအစား ပန်းများပွင့်စေ ငါတို့ချစ်တဲ့ မြန်မာပြေ" လှုပ်ရှားမှုမှာ ၈၈ မျိုးဆက်တချို့လည်း ပါဝင်ခဲ့ပါတယ်။





၈၈ မျိုးဆက် မမီးမီး နဲ့ ခရီးသည် ၂ ဦး






4 comments :

  1. Anonymous said... :

    တစ်ခုလောက်ပြောပါရစေ ...လင်းနစ်ဆိုတဲ့ အဆိုတော်ဟာ ( ဒီဇင်ဘာည ) သီချင်းကို သူကိုယ်တိုင်ရေးတာလား ။ ချင်းတိုင်းရင်းသားလူမျိုးတွေရဲ့ သီချင်းကို ကော်ပီ ယူဆိုတာလား ရှင်းလင်းစွာသိပါရစေ . ( ဒီဇင်ဘာည ) ဆိုတဲ့ သီချင်းသံစဉ်ဟာ ချင်းတိုင်းရင်းသူ တစ်ယောက်သီဆိုထားတာ အတိအကျ ရှိနေပါတယ် ။ ဘယ်သူက ဘယ်သူ့ သီချင်းကို ယူဆိုတာလဲ သေချာရှင်းလင်းစွာ အဖြေထုတ်ပေးစေချင်ပါတယ် ခင်ဗျာ ။ ဒါမှ မဟုတ် ( ဒီဇင်ဘာည ) ဆိုတဲ့ သီချင်းဟာ နဂိုမူလ အစကိုက ကိုယ်ပိုင်သံစဉ် မဟုတ်ဘူးလား ဆိုတာ တိကျသေချာ ဖြေရှင်းပေးပါ ခင်ဗျာ ။ လင်းနစ် ဆိုတဲ့ အဆိုတော်မှာ ဒီကိစ္စကို မြန်မာပြည်ပရိသတ် ရှင်းလင်းသေချာစွာ ဖြေကြားပေးပါရန် တောင်းဆိုလိုက်ပါရစေ ။ ဖေ့စ်ဘွတ်ခ် ပေါ်မှ လည်း ဒီသီချင်းကိစ္စ အမှန်တရားပေါ်ပေါက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါသည် ။ ကိုယ်ပိုင်သံစဉ် သီချင်းချစ်သူတစ်ဦး ...........

  1. Anonymous said... :

    လှုပ်ရှားမှုတွေက များလွန်းလာတော့ အရေးပါတဲ့နေရာတွေမှာ စိတ်ဝင်စားမှု လျှော့ကျစေတာပေါ့ဗျာ။

  1. Htun said... :

    December night song is copy from Chinese song.

  1. ဒီဇင်ညသချင်းက မုရင်းကကိုရီးယားသချင်းလို့ထင်ပါတယ် ကျွန်တော်လည်းး အစကတော့မသိပါဘူး တရက် အပြင်သွားရင်းနားထောင်မိလို့ သံစဉ်ကိုနားထောင်တော့လည်းကိုရီးယားသံစဉ်ဖြစ်နေတာကြောင့် ကိုရီးယားသချင်းလို့ထင်မိပါတယ် တိတိကျကျသိခြင်းမဟုတ်ပါခင်ဗျာ ကိုယ်သိတာလေးဝင်ဖြေကြည့်ခြင်းပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved