ကော့မှူးခရီး နဲ့ NLD အဖွဲ့ဝင်များ

Tuesday, February 21, 2012

မျိုးဆက်သစ်လူငယ်များ

ပြီးခဲ့တဲ့လက မော်လမြိုင်ထောင်ကနေ ပြန်လွတ်လာတဲ့ ကိုကျော်အေးနိုင်

ဒီကနေ့ ကော့မှူးခရီးစဉ်မှာ လိုက်ပါသွားတဲ့ ရန်ကုန်က NLD အဖွဲ့ဝင်တွေထဲမှာ ကိုကျော်အေးနိုင်လည်း ပါပါတယ်။
သူ့ကို ထောက်လှမ်းရေးတွေက ၁၉၉၉ ခုနှစ်မှာ ဖမ်းပြီး ထောင်ထဲ ထည့်လိုက်ပါတယ်။
၁၀ နှစ်ကျော် အကြာမှာတော့ အစိုးရမင်းတို့ရဲ့ သဘောထားကြီးမှုကြောင့် အပြင်လောက ပြန်ရောက်လာပါပြီ။

နှစ်ပေါင်းများစွာ ဒီမိုကရေစီ လှုပ်ရှားမှုမှာ ပါဝင်သူများအတွက် နိုင်ငံရေးအဖွဲ့တွေက ဘာမှ မပေးနိုင်ပါဘူး။ ကိုယ့်စရိတ်ကိုယ်စားပြီး အိတ်စိုက် လုပ်ကိုင်ကြသူတွေပါ။
သူတို့ အဖမ်းခံရလို့ ဥပဒေကြောင်းအရ ကူညီတဲ့ ရှေ့နေတွေကိုယ်တိုင်တောင် ထောင်ကျခဲ့ကြတာမဟုတ်လား။

ပင်နီအင်္ကျီနဲ့ တံဆိပ်နဲ့ မျိုးဆက်သစ်တွေ၊ အပင်ပန်း အဆင်းရဲခံပြီး ဒီမိုကရေစီအရေး
လှုပ်ရှားမှုမှာ ကာလရှည်ကြာ ဆက်လက်လုပ်ကိုင်နေသူတွေကို ဒီကနေ့ ကော့မှူးခရီးစဉ် ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။

ဒီမိုကရေစီ ဆိုတဲ့ မျှော်လင့်ချက်ပဲ ပေးနိုင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်နေတုန်း ထောင်ထဲရောက်သွားသူတွေ မနည်းမနောပါ
ပဲ။
သူတို့ထဲမှာ ကိုကျော်အေးနိုင်က ကံကောင်းတယ်လို့ ဆိုရမယ်
ထင်ပါတယ်၊ သူက ထောင်ထဲကနေ အရှင် ထွက်နိုင်ခဲ့လို့ပေါ့။


2 comments :

  1. Anonymous said... :

    ကိုကျော်အေးနိုင် လဲ ပြန်လွတ်လာပြီကိုး ... ဝမ်းမြောက်မိပါတယ် ... အခုလို မပြီးဆုံးသေးတဲ့ ရည်မှန်းချက် ပန်းတိုင်ကို ယုံကြည်မှုအပြည့်နဲ့ ဆက်လက် လျှောက်လှမ်းခဲ့တဲ့ အတွက် ...
    ဟုတ်ပါတယ် ... ယုံကြည်ချက်အတွက် ကြံ့ကြံ့ခံ ရပ်တည်လှုပ်ရှား ကျော်ဖြတ်ခဲ့ကြတဲ့ သူတွေအတွက် ... ရခဲ့တဲ့ ဆုလဒ်တွေက ထောင်ဒဏ် ... ကိုယ့်ရဲ့ကိုယ်ပိုင် လွတ်လပ်မှု အခွင့်အရေးတွေ ... ခါးသီးတဲ့ ဒုက္ခ မျိုးစုံ ... ဖိနှိပ်ချုပ်ချယ်ခံရမှု ... စသဖြင့် မြောက်များစွာပါပဲ ... လူမသိ သူမသိ ပေးဆပ်စွန့်လွှတ် ခဲ့ကြရတဲ့ အဖြစ်တွေ အများကြီးပါ ... ဒါပေမဲ့ နောက်မတွန့်ဘဲ ... သူတို့ ဆက်လက်လျှောက်လှမ်းနေကြပါတယ် ... အသိမှတ် အပြုမခံရတဲ့အပြင် ... ကဲ့ရဲ့ ပြစ်တင်တာတွေကို ကြားရတဲ့အခါ ... စိတ်မကောင်း ဖြစ်မိတယ် ... သူတို့ဘာလုပ်နေကြသလဲ ဆိုတာကို ပြစ်တင်ဝေဖန် နေကြတဲ့သူတွေကို ... တခုပြော ချင်ပါတယ် ... အဲဒီသူတွေရဲ့ ကြုံတွေ့ဖြတ်သန်း နေကြရတဲ့ အဖြစ်အပျက်တွေကို သိအောင်ကြိုးစားပြီး မေးကြည့်ပြီးမှ ပြောကြ ဝေဖန်ကြပါလို့ ... သူတို့ လစာမရကြပါဘူး ... ကိုယ့်အိတ်ကိုယ်စိုက် ... ကိုယ့်အားကိုယ်ကိုးပြီး ... ကိုယ့်လိုမျိုး အများသူငါ အကျိုးခံစားစေချင်တဲ့ စေတနာနဲ့ လုပ်ခဲ့ကြတာပါ ... ကြံ့ဖွံ့က ပြောတာ ကြားမိပါတယ် ... ထောင်ထွက်တွေ ထောင်ထွက်ပါတီတဲ့ ... ဟုတ်ပါတယ် ထောင်ထွက်တွေပါ ... အများအတွက် ကိုယ့်ရဲ့ဘဝကို ထောင်ကျမယ်မှန်း သိရက်နဲ့ စတေးခံပြီး လုပ်ခဲ့တဲ့ ထောင်ထွက်တွေပါ ... သူများကို ဒုက္ခပေးမဲ့... သူများကို ဒုက္ခပေးခဲ့တဲ့ ထောင်ထွက်တွေတော့ မဟုတ်ပါ ............

  1. ဟားဟားဟား ရယ်ရတယ် ဘာလဲ ကြံ့ဖွံက ပြောတယ် ထောင်ထွက်ပါတီတဲ့ ဟုတ်တာပေါ့ တိုင်းပြည်အတွက်အလုပ်လုပ်တဲ့သူက ထောင်ထဲမှာ တိုင်းပြည်ကို ထင်တိုင်းလုပ်ပြီး ခိုးဝှက်နေတဲ့ သူတွေက
    အပြင်မှာလေကွာ သူခိုးအားပေး လူမိုက်အားပေး လုပ်သူတွေကို လွတ်လပ်ခွင့်ပေးထားတာ မင်းတို့ပဲမဟုတ်လား ခိုးလားမခိုးလား မင်းတို့ရဲ့လွတ်တော်မှာ ဥက္ကဌကိုယ်တိုင်တောင်ပြောနေပြီလဒ်စားတယ်ဆိုတာ လေ အဲဒါ သူခိုးလို့ပြောတာကွ အဲဒါတွေကို ဘယ်သူတွေလုပ်လဲ ပြည်သူတွေ နိုင်ငံရေးသမားတွေ
    တယောက်မှ မလုပ်ဘူး ဘယ်ပါတီကလူတွေလုပ်နေလဲသေချားစဉ်းစားပေါ့ကြံ့ဖွံ့ရယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved