အဖေတူ သမီး

Tuesday, March 27, 2012

အိမ့်သံစဉ်

ဓာတ်ပုံ Burma VJ Media Network http://www.facebook.com/burmavjmedia


မြန့်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြိတ် ခရီးစဉ်က အပြန်ရန်ကုန် လေဆိပ်သို့ အ၀င်
သူများ နည်းတူ စစ်ဆေးရေး ဂိတ်တွင် စစ်ဆေးမှု့ ခံယူနေသည့် ပုံကို facebookမှာ တွေ့ရှိရပါတယ်။

အများနည်းတူ အခွင့်အရေး မယူဘဲ သူ့ရဲ့ လုပ်ဆောင်မှု့ ကိုကြည့်ခြင်းအားဖြင့် ခေါင်းဆောင်ကောင်း ပီသကြောင်းကို ဖော်ပြနေသလို ပါဘဲ။
တခြား ခေါင်းဆောင်တွေလို့ ပြောနေသူတွေကို ဒီလိုပုံမျိုး တခါမျှ မမြင်ဘူးသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာလည်း ပြည်သူနဲ့ တသားတည်း မာန်မာန မထားဘဲ နေခဲ့၊ ကျင့်ကြံခဲ့တာလဲ သမိုင်းမှာ အထင်အရှားပါ။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင်နဲ့ တူတဲ့ သမီးတဦးလို့လည်း ပြောနိုင်ပါတယ် လို့
facebookမှာ ပြောဆိုနေကြပါတယ်။

4 comments :

  1. Anonymous said... :

    he he ha ha ho ho
    :D
    :D
    :D
    :D

    =P~
    =P~
    =P~

  1. Anonymous said... :

    စည်းကမ်း ဥပဒေ ဆိုတာ သူ့နေရာနဲ့သူနေရာတိုင်းမှာ
    ရှိကြတယ် လူအများစုအကျိုးကိုရည်ရွယ်ပြီးလုပ်ထားတာဖြစ်လို့
    လူအားလုံး မည်သူမဆိုလိုက်နာရမယ်
    ငါကဘာမို့လို့ ဆိုတဲ့အခွင့်အရေးယူတဲ့စိတ်ဟာ
    အောက်တန်းစား စိတ်ဓါတ်ဖြစ်တယ်
    ခေါင်းဆောင်ဆိုတာ လူထုအားလုံးရဲ့စံပြဖြစ်နေရမယ်

  1. Anonymous said... :

    သြစတေးလျမှာဆို ပြည်နယ်ရဲချုပ်ကြီးကိုယ်တိုင်လေဆိပ်မှာ ဒီလိုပဲ အစစ်ခံရတယ်။ တလောက သူ့ အိပ်ထဲမှာ ကျည်ဆံတစ်တောက်ကပ်ကျန်နေတာကို လေဆိပ်က လုံခြုံရေးအစောင့်ကတွေ့ သွားပြီး သတင်းစာထဲမှာဟိုးလေးတကျော်ဖြစ်သွားတယ်။ ရဲချုပ်ကြီးအလုပ်ပြုတ်မလိုတောင် နှုတ်ထွက်ခိုင်းတဲ့ ထိဖြစ်သွားခဲ့တယ်။ သူများတိုးတက်ပြီးနီုင်ငံမှာ ဥပဒေဆိုတာအဲလိုပါ။

    စစ်ဆေးတဲ့ လုံခြုံေ၇းဝန်ထမ်းက သာမန် ပုဂ္ဂလိက လုံခြုံေ၇းကုမ္ပဏီဝန်ထမ်းပါ။

  1. Anonymous said... :

    ဓာတ်ပုံနဲ့စာကလွဲနေသလိုပါ။ ဘိတ်အသွားဖြစ်ပါလိမ့်မယ်။ ရန်ကုန်အဝင်တစ်ခါမှ အစစ်မခံဖူးပါဘူး။ ပုံကြည့်ရတာလည်း လေဆိပ်ခန်းမထဲ အဝင်ပုံပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved