ကိုယ့်ကိုယ်ကို မီးရှို့တဲ့ တိဗက်လူငယ် သေဆုံး

Wednesday, March 28, 2012

အိန္ဒိယကိုလာမယ့် တရုတ်သမတ ဟူကျင်တောင်းကို ဆန္ဒပြတဲ့ အနေနဲ့ ကိုယ့်ကိုယ်ကို မီးရှို့ခဲ့တဲ့ တိဗက်လူငယ် ဂျန်ဖယ်လ်ရာရှီဟာ ဒီနေနေ့လည်မှာပဲ သေဆုံးသွားပါပြီ။

ခန္ဓာကိုယ်တခုလုံးရဲ့ ၉၈ ရာနှုန်းမီးလောင်ကျွမ်းလို့ ရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။


“၂၁ ရာစုမှာ ဒီလို ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြကြတယ်ဆိုတာ တိဗက်လူမျိုးတွေ ဘယ်လောက်တောင် ခံစားနေရတယ်ဆိုတာကို ကမ္ဘာကသိအောင် ပြနေတာပဲ” လို့ ဂျန်ဖယ်လ်ရာရှီရဲ့ လက်ရေးနဲ့စာကို သူ့အခန်းထဲမှာ တွေ့ရတယ်လို့ တိဗက် တက်ကြွသူတွေက ပြောပါတယ်။

သူဟာ တိဗက်ဒေသမှာ မွေးဖွားပြီး ဖိနှိပ်မှုတွေကြောင့် အိန္ဒိယနိုင်ငံဖက်ကို ထွက်ပြေးတိမ်းရှောင်လာရသူဖြစ်ပါတယ်။ အိန္ဒိယရောက်တော့လည်း တိဗက်လူငယ်အဖွဲ့မှာ တက်တက်ကြွကြွပါဝင် လှုပ်ရှားသူတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဟူကျင်တောင်းရဲ့ အိန္ဒိယခရီးစဉ်ကို နယူးဒေလီမြို့ ဂျန်တားမန်တားမှာ မတ်လ ၂၆ ရက်နေ့က တိဗက်တက်ကြွသူတွေ ဆန္ဒပြကြတုန်းမှာ ဂျန်ဖယ်လ်ရာရှီက သူ့ကိုယ်သူ မီးရှို့ခဲ့တာပါ။

တိဗက်ဒေသမှာ ဖြစ်နေတဲ့ တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေကို ဆန္ဒပြတဲ့အနေနဲ့ ကိုယ့်ကိုယ်ကို မီးရှို့သူတွေ အယောက် ၃၀ ကျော် ရှိနေပြီး ၂၀ ကျော်ကတော့ အသက်သေဆုံးခဲ့ကြတယ်လို့ တိဗက်လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

6 comments :

  1. Anonymous said... :

    ကိုယ့်ကိုယ်ကို မီးမရှို့ဘဲ ဟူးကျင်းတောင်းကို အနီးကပ်ပြီး လုပ်ကြံနိုင်ရင် ပိုပြီးအရာရောက်မယ်ထင်တယ်။

  1. Anonymous said... :

    right, good idea

  1. Anonymous said... :

    ကိုယ့်ကိုကိုယ် သတ်သေပြီး ဆန္ဒပြတာဟာ ရခဲလှတဲ့ လူ့အသက်ကို အလွန်နှမြောဘို့ ကောင်းတဲ့ လုပ်ရပ်တခုပါပဲ...နိုင်ငံတကာ မီဒီယာတွေက တရုတ်အစိုးရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကျတော့ ရေငုံနှုတ်ပိတ်နေနေကြပါလား.....
    နောက်ဆုံးဆန္ဒပြင်းပြလွန်းပြီး ဖိနှိပ်မှုတွေ မခံမရပ်နိုင်ဖြစ်လာလျှင်တော့ ကိုယ့်ကိုကိုယ့် သတ်သေမဲ့ တက်ကြွလူငယ်တွေစုစည်းပြီး အသေခံလုပ်ကြံသတ်ဖြတ် နည်းဗျူဟာ ကို ကျင့်သုံးကြပေါ့

  1. Ye Khaung said... :

    The world should rise up against to this Chinese Aggressor. Hello Tibet people, We Burmese people are supporting your just cause. Down with the China.....

  1. Anonymous said... :

    ကိုယ့် ကို ကိုယ် သက်သေ တာ ကတော့ လောက ကြီး ကို အရှုံးပေးပြီး၊ ဟူကျင်းတောင် ရင် မဆိုင် ရဲ လို့ လွတ်မြောက် ရာ ကို ထွက် ပြေး သွားတာနဲ့ အတူတူ ပါပဲ..ဟူကျင်းတောင် ကတော့ ဒီ သတင်း ကို ဖတ်ရပြီး သူ့ ကို ဆန့် ကျင် တဲ့ သူတစ်ယောက် လျော့ သွားတာပဲ ဆိုပြီး ဝမ်းသာ နေမှာ တော့ အမှန် ပဲ.ဒါ ဟာ မလုပ်သင့် ပါဘူး..ဒါ ဟာ မိုက်ရူး ရဲဆန် တာပဲ.အခြားဆန့်ကျင် တဲ့ နည်းတွေ ကို သုံးပါလား. ကမ္ဘာ ကတော့ အသိအမှတ်ပြု ရုံ က လွဲ ပြီး ဘာမှ တတ်နိုင်ကြမှာ မဟုတ်ပါဘူး.နောက် ထပ် ဒီ လို မိုက် ရူး ရဲ ပုံ စံ မျိုး တွေ နောင် လာ နောက်သား တိဘတ်လူမျိုး တွေ အတု မခိုး နိုင် ကြ ပါစေနဲ့ လို့ ပဲ..ဆုတောင်းရင်း

  1. Anonymous said... :

    Dear fellow Tibetans,

    We support you. But please don't burn yourself anymore. Do something with your community, with your groups, please continue your other good works of today. We totally understand about your action though. We hope we definitely will help you one day.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved