ရွှေပါရမီရဲ့ မြ၀တီမြို့ ဆေးခန်း

Monday, March 5, 2012

မြ၀တီမြို့ ဆေးခန်းဖွင့်ပွဲနေ့ မှာ တွေ့ရတဲ့ ဆရာတော် အရှင်ဆန္ဒာဓိက (ဓာတ်ပုံ - ရွှေပါရမီတောရ)

ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ အခမဲ့ဆေးခန်းတခုကို မကြာသေးခင်က ထိုင်းမြန်မာနယ်စပ် မြ၀တီမြို့မှာ ဖွင့်ခဲ့ပါတယ်။

ဆရာဝန်အယောက်(၂၀)တို့ က
တပတ် နှစ်ရက် (ကြာသာပတေးနေ နဲ့ တနင်္ဂနွေနေ့များမှာ) အလှည့်ကျ ကုသပေးသွားမယ် တဲ့။

ဟိုတုန်းကတော့ ဒီဒေသခံတွေ ဒီဒေသရောက်နေသူတွေဟာ ကျန်းမာရေးအတွက် တဘက်ကမ်း မဲဆောက်မြို့မှာ ရှိတဲ့ ဒေါက်တာစင်သီယာမောင်ဆေးခန်းကို အားကိုးအားထားပြုခဲ့ကြပါတယ်။

မြ၀တီဆေးခန်းဟာ အရှင်ဆန္ဒာဓိကရဲ့ ၃ ခုမြောက် ဆေးခန်း ဖြစ်ပါတယ်။
ယခင် ဖွင့်ခဲ့တဲ့ ဆေးခန်းတွေက သထုံ နဲ့ ချောက်မြို့နယ်တို့မှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၁ သြဂုတ် - သထုံ
၂၀၁၂ ဇန်န၀ါရီ - ချောက်
၂၀၁၂ ဖေဖော်ဝါရီ - မြ၀တီ

ဆရာတော်ရဲ့ ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းက နယ်လှည့်ကျန်းမာရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။

သက်တော် ၄၀ ကျော်အရွယ်
အရှင်ဆန္ဒာဓိကဟာ မကြာသေးမီကလည်း ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ဇာတ်ကား ရိုက်ကူးရေးအတွက် လှူဒါန်းမှု ပြုခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာ ဆရာတော် သက်တော် ၄၄ နှစ်ပြည့်ခဲ့ပါတယ်။

ဒီကနေ့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတဲ့ မြ၀တီမြို့ မေတ္တာဆေးခန်းသတင်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved