စီးပွားရေးလုပ်ငန်းသစ်

Tuesday, March 27, 2012

ဆွေးနွေးပွဲမှာ တွေ့ရတဲ့ DVB သတင်းဌာနက တိုးဇော်လတ် ၊ Open News ဂျာနယ်က သီဟစော၊ ဧရာဝတီသတင်းဌာနက အောင်ဇော်၊ United Media Group က အောင်ရဲမောင်မောင်။

မနေ့က ဘန်ကောက်မြို့မှာ မြန်မာနိုင်ငံ
ကြားဖြတ်ရွေးကောက်ပွဲနဲ့ မီဒီယာ အပြောင်းအလဲအကြောင်း ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပရိသတ်တဦးက မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအလားအလာနဲ့ ပတ်သက်လို့ မေးမြန်းသွားပါတယ်။

ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်ဖြေဆို ပြောကြားသွားတဲ့ အနှစ်ချုပ်ကတော့ မြန်မာပြည် ငြိမ်းချမ်းရေး၊ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ စေ့စပ်ရေးမှာ ကြားဝင်လာသူတွေ၊ ပွဲစားလုပ်သူတွေနဲ့ Peace industry ဖြစ်လာနေပြီ၊ peace business ဖြစ်လာနေပြီဆိုပြီး ထောက်ပြသွားပါတယ်။

လတ်တလောမှာတော့ အရင်ဗိုလ်ချုပ်ဟောင်း၊ အခုလက်ရှိ အစိုးရဝန်ကြီးဌာန လက်ကိုင် ဝန်ကြီးများနဲ့ အတူ အရပ်ဖက်အဖွဲ့အစည်းတချို့က ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စမှာ ကြားဝင်ဆောင်ရွက်နေပါတယ်။

ဒါပေမယ့် အနောက်နိုင်ငံတချို့က ငြိမ်းချမ်းရေး ဆရာကြီးများကလည်း ငြိမ်းချမ်းရေး စေ့စပ်ပွဲများ ဝင်ပါကြဖို့ အတော်ကလေး ပြင်ဆင်နေကြကြောင်း သိရပါတယ်။

ဘယ်လောက်အထိ ခရီးရောက်နေသလဲဆို ငြိမ်းချမ်းရေး ပွဲတွေ ဖြစ်မြောက်ရေး ဒေါ်လာသန်းချီ ရန်ပုံငွေ စုစည်းတဲ့ အဆင့် ရောက်နေပါသတဲ့။

ဒါကြောင့် Peace business ကို ခါတော်မီ လုပ်လိုသူတွေအနေနဲ့ စီမံကိန်းစဆွဲသင့်နေပြီ ဖြစ်ပါကြောင်း ... လို့ မောင်းခတ်ရမလိုပါပဲ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved