အချိုရည်စက် နဲ့ ကြိုးမဲ့အင်တာနက်

Sunday, March 18, 2012

စက်တလုံးဟာ အလုပ် ဘယ်နှစ်ခု လုပ်နိုင်သလဲ?

တိုကျိုမှာတော့ ဘိလပ်ရေရောင်းတဲ့စက်တွေက အလုပ် ၂ မျိုး လုပ်ကိုင်နေပါတယ်။ မူလလက်ဟောင်း အချိုရည်ရောင်းနေတဲ့အပြင် ကြိုးမဲ့အင်တာနက်ကိုပါ တပ်ဆင်ထားတဲ့အတွက် စက်အနီးတ၀ိုက်မှာ အင်တာနက် သုံးလို့ ရနေပြီပေါ့။

အချိုရည် ပိုပြီး ၀ယ်ချင်စိတ်ဖြစ်လာအောင် လုပ်ပြတဲ့ နောက်ဆုံးပေါ် ၀န်ဆောင်မှုပေါ့။

Ito En ကုမ္ပဏီ ရဲ့ စက်တွေဆိုရင် လျှပ်စစ်စွမ်းအား အသုံးပြုမှု ၃၀ % လျော့နည်းအောင် လုပ်ထားတယ် တဲ့။ ဂျပန်နိုင်ငံတလွှားမှာ စက်အလုံးရေ တသိန်းခွဲ ရှိတယ်၊ အဲဒီစက်တွေကို၂ နှစ်အတွင်း စက်အသစ်များနဲ့ အစားထိုးမယ်

ဒီကုမ္ပဏီရဲ့ Green လက်ဘက်ရည်ကတော့ သိတဲ့အတိုင်း အရမ်း ပေါ်ပြူလာ ဖြစ်နေပါတယ်။ ဂျပန်မှာတင်မက နိုင်ငံတကာကိုပါ ထိုးဖောက်နေပါပြီ။

အဆာဟိ (Asahi) အချိုရည် ကုမ္ပဏီကလည်း ကြိုးမဲ့အင်တာနက်ဆင်ထားတဲ့ ဘိလပ်ရေရောင်းစက်တွေ ဆင်နေပြီ ဆိုပဲ။ ငါးနှစ်အတွင်း စက်ပေါင်း တသောင်း တပ်ဆင်သွားမယ် တဲ့။

ဟုတ်ပါတယ်၊ အင်တာနက်ကတော့ ပိုက်ဆံပေးစရာ မလိုပါဘူး။

ကိုယ့်မှာ စမတ်ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့ ပါလာရင် အင်တာနက် သုံးပေတော့။

အချိုရည် အရောင်းသွက်ဖို့ အင်တာနက်နဲ့ ဆွယ်တဲ့အတွက် အွန်လိုင်းတက်လိုသူများအတွက် အဆင်ပြေပါတယ်။ သူတို့အချိုရည်တွေလည်း ကြော်ငြာပြီးသားဖြစ်၊ တကယ်လည်း အရောင်းသွက်ပြီပေါ့။

2 comments :

  1. Anonymous said... :

    Ito En ကုမ္ပဏီ ရဲ့ စက်တွေဆိုရင် လျှပ်စစ်စွမ်းအား အသုံးပြုမှု ၃၀ % လျော့နည်းအောင် လုပ်ထားတယ် တဲ့။ ဂျပန်နိုင်ငံတလွှားမှာ စက်အလုံးရေ တသိန်းခွဲ ရှိတယ်၊ အဲဒီစက်တွေကို၂ နှစ်အတွင်း စက်အသစ်များနဲ့ အစားထိုးမယ်

    အဲ့ဒီစက်တွေ မြန်မာနိုင်ငံကို လာဆင်ပြီး blue mountain ရောင်းရင် ကောင်းမှာနော် တစ်ချက်ခုတ် လေးငါးချက်ပြတ်

  1. Anonymous said... :

    မြန်မာပြည်မှာတပ်ရင်စက်ကိုသံကြိုးအထပ်ထပ်နဲ့
    သော့ခတ်ထားရမှာဆိုတော့ကုန်ကျစားရိတ်များလို့
    လာမတပ်တာပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved