ပဋိပက္ခကာလမှာ စစ်ရေးလေ့ကျင့်မှုသတင်း ထုတ်ပြန်

Saturday, March 17, 2012

ကာချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်

ခြေလျင်၊ အမြောက်နဲ့ သံချပ်ကာတပ်ဖွဲ့များ စစ်ရေးလေ့ကျင့်ခန်းလုပ်တယ်၊ ကာချုပ်ကိုယ်တိုင် တက်ရောက်ကြည့်ရှုတယ် လို့ ဒီနေ့ထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်။ ဘယ်လို လေ့ကျင့်ကြတယ် ဆိုတာကို အသေးစိတ် ဖော်ပြထားပေမယ့် ဘယ်တုန်းက ဘယ်နေရာမှာ လုပ်တယ်ဆိုတာတွေကိုတော့ ဖော်ပြမထားပါ။ ဘင်္ဂလားဒေ့ရှ် မြန်မာ ရေပိုင်နက်အငြင်းပွားမှုအကြောင်း လူပြောများနေချိန်၊ တိုင်းရင်းသားတပ်ဖွဲ့များ အထူးသဖြင့် KIA နဲ့ တိုက်ပွဲဖြစ်နေချိန်မှာ ဒီသတင်း ထုတ်ပြန်တာ ဖြစ်ပါတယ်။

ဒီမှာ http://2.bp.blogspot.com/-8au0ESBRCJE/T2QV96KYb6I/AAAAAAAAT7o/-jP_patpoL0/s1600/421361_387818551230932_100000083724020_1523146_1712492234_n.jpg ဖတ်နိုင်ပါပြီ။

ညွှန်း - ကြေးမုံမှာ ပါတဲ့ သတင်းစာဖြတ်ပိုင်းကို Facebook ကနေ ယူပါတယ်။

5 comments :

  1. Anonymous said... :

    နောင်ဒီထက်ကြီးတဲ့ လေ့ကျင့်မှုတွေဆက်လုပ်စေချင်ပါတယ်.....ရန်သူဆိုတာ အမြစ်ကျန်နေလို့မရဘူး............

  1. Anonymous said... :

    ရှင်းပါတယ် စစ်ရေးလေးကျင်.မှုမှာ ရဟတ်ယဉ်မသုံးပါဘူး ၂၁ ရာစုစစ်ပွဲတွေမှာ လေယဉ်ပစ်ကူ လေကြောင်းချီတက်ဖွဲ.တွေဟာ အသက်သွေါ်ကြောပါ ပြည်ပကျူးကျော်စစ် ဆင်နွဲတဲ.အခါ ဒါပေမဲ. အခု ကြည်း အမြေက် သံချပ်ကာ ပူပေါင်းစစ်ဆင်ရေးမှာ ရဟတ်ယဉ် (တပ်မတော် လေ) မပါဝင်ပါဘူး ပြီးတော. ပြည်တွင်းစစ် (Civil war )မှာ လေကြောင်းပစ်ကူ လေယဉ်တွေ သုံးလို.မရပါဘူး အဲဒီတော. လယ်ပြင်မှာဆင်သွားတာမှ သေးနေရင် ဘာလဲခန်.မှန်းရခက်သေးတယ် ကျိန်းသေပါတယ် KIA ကို အပြုတ်ဖြုတ်ဖို.ပါ ။ မြန်မာ.တပ်မတော်ဆိုတာ ဘာလဲဆိုတာ ပြတော.မှာပါ ။

  1. မောင်ကြီး said... :

    KIA ကို ချိမ်းချောက်တယ်ဆိုတာ ဖြစ်နိုင်ချေရှိပါတယ်။ အ၇င် ဆွေးနွေးပွဲတွေကြည်.၇တယ် ဗိုလ်ချုပ် ဂွမ်မောင်ပြောတာ သူတို့ အစိုး၇ဘက်က မကြိုက်ဘူး။ ပြောတာတွေ မှန်ညားသော်လည်း သူတို.ကလက်ရှိ အင်အားကြီးတဲ. တ၇ားဝင်စစ်တပ်။အထက်စီးကပြောတာ မကြိုက်ဘူး။ KIA က နိုင်ငံေ၇းပဲ ဆွေးနွေးလိုတယ် FEDERAL ပဲလိုချင်တယ် ပြောတာမို.လား။ လောလောဆယ် အပြစ်၇ပ် ထားတဲ.အဖွဲ.တွေလည်း စာရွက်ထဲပဲ၇ပ်တာကိုး။ ညှိတာ အဆင်ပြေပါစေလို.ပဲ ဆုတောင်း၇မယ်။ ကြားထဲက ကချင် ပြည်သူတွေပဲ နာတယ်။

  1. Anonymous said... :

    မင်းအောင်လှိုင် ဘာလည်း ဘယ်လည်း

  1. Anonymous said... :

    တခြားတိုင်းရင်းသားတွေကိုပါ အုပ်ချုပ်ချင်ရင်
    ပညာတတ်အောင်အရင်သင်၊ပြီးမှ သိက္ခာရှိရှိနဲ့
    တိုင်းပြည်တိုးတက်အောင်စွမ်းဆောင်နိုင်တဲ့အရည်
    အချင်းရှိမှ အုပ်ချုပ်ကြပါလို့ တောင်းဆိုပါတယ်။
    အခုတော့ဗျုာ ဦးနှောက်မရှိ ပညာမတတ်တဲ့သူခိုး
    အလုပ်ပဲလုပ်တတ်တဲ့ ခေါင်းဆောင်သူတွေလက်အောက်မှာ လုံချုံမှုဆိုတာလဲ
    မရှိ။မြန်မာပြည်မှာလူဖြစ်ရတာကိုက ကံဆိုးတာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved