နိုင်ငံတော်သမ္မတကြီး မဲဆွယ်နေသည်

Thursday, March 22, 2012

ကြားဖြတ်ရွေးကောက်ပွဲမှာ သမ္မတကြီးလည်း မဲဆွယ်ပါသတဲ့။
၂၀၁၀ မှာ သူအနိုင်ရခဲ့တဲ့ နေပြည်တော်ဇဗ္ဗူသီရိမှာ ဆွယ်ခဲ့တာလို့ ဆိုပါတယ်။

၂၀၁၀ တုန်းက မဲမဆွယ်ခဲ့ရလို့လား၊ ဒါမှမဟုတ် အဲဒီနေရာမှာ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် နိုင်အောင် ဆွယ်ပေးတာလား မသိရသေးပါဘူး။

NLD ကတော့ ဒီကိစ္စကို အော်ချက်ထုတ်လိုက်ပါပြီ။
သမ္မတကြီး ဒီကိစ္စ ဘယ်လိုရှင်းမလဲ မသိပါ။

အဲဒီနယ်မြေမှာ NLD ဘက်က ဒေါ်စန္ဒာမင်း၊ သမ္မတကြီးရဲ့ ပါတီ ကြံ့ခိုင်ရေးဘက်က ဦးဝင်းဌေး စသဖြင့် စသဖြင့် ပြိုင်ကြပါမယ်။

NLD ရဲ့ "သမ္မတဦးသိန်းဆွေမဲဆွယ်မှု" ကြေညာချက်မှာ လျှပ်စစ်မီးအကြောင်းလည်း ပါပါတယ်။
နေပြည်တော်ကြီး ထိန်ထိန်ညီးနေပေမယ့် ဇဗ္ဗူသီရိမှာရှိတဲ့ NLD ရုံးတရုံးကို မီးမပေးဘူး တဲ့။
အင်း ... ဒီလို ညစ်ထားရိုးမှန်ရင်တော့ ဘယ်ကောင်းမလဲ သမ္မတကြီးရယ်။


NLD ရဲ့ နောက်ထပ် ကြေညာချက်တစောင်က ၃ မျက်နှာ ရှိပါတယ် -
Link၀ိဥာဉ်များ မဲပေးခွင့်ရနေတဲ့အကြောင်းပါ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ အစီအမံတွေကြောင့်ပါ တဲ့။ ကဲ ... ကလစ်ပြီး ဖတ်နိုင်ပါပြီ။

ဦးသိန်းစိန် မဲဆွယ်ချက် -

Link၀ိဥာဉ်များ မဲပေးခွင့်ရပြန်ပြီ
စာ - ၁
စာ - ၂
စာ - ၃ -



2 comments :

  1. Anonymous said... :

    Really Disgusting U Thein Sein...
    Do you know, what kind of people are you???? You shouldn't do like childish....you behave shamefully!!!

  1. Anonymous said... :

    ဦးလေးရာ...အရင်အမှုလည်းမပြီးသေးပဲနဲ့ 

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved