ပြည်တွင်း အင်တာနက်

Tuesday, March 27, 2012

ဧပြီ ၉ ရက်မတိုင်မီ အင်တာနက် Bandwidth 10GB အထိ တိုးမြှင့်မည်

လာမည့်ဧပြီလ ၉ ရက်နေ့မတိုင်မီ အင်တာနက် Bandwidth 10GB အထိ တိုးမြှင့်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိအနေဖြင့် အင်တာနက် Bandwidth စုစုပေါင်း 3.72 GB ချိတ်ဆက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

Sea-Me-We 3 မှ 3.2GB အား မတ်လ ၂၈ ရက်နေ့အပြီး ချိတ်ဆက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်-မြဝတီ(ထိုင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်း)မှ 2.5 GB အားလည်းကောင်း စုစုပေါင်း 10GB အထိ WCDMA မိုဘိုင်းတယ်လီဖုန်းများ စတင်ရောင်းချမည့် ဧပြီလ ၉ ရက်နေ့မတိုင်မီ အပြီးချိတ်ဆက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

မိုဘိုင်းဖုန်းများ၌ အင်တာနက် အသုံးပြုရာတွင် WCDMA နှင့် EDGE စနစ်နှစ်မျိုးဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

WCDMA စနစ်မှာ ( UMTS) စနစ် 3rd Generation Mobile Data စနစ်ဖြစ်ပြီး အမြန်နှုန်း 500KB မှ 2MB အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း EDGE မှာ 2.5 G သာဖြစ်၍ အမြန်နှုန်း 80 KB မှ 130KB အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

4 comments :

  1. Ko Lay said... :

    ပြောပြန်ရင်လည်း အနူတ်သဘော ဆောင်တယ်ဖြစ်ဦးမယ် ... တကယ်တမ်းတော့ 10GB ဖြစ်ခြင်း မဖြစ်ခြင်းထက် public အတွက် bandwidth ဘယ်လောက်ခွဲ ပေးမှာလဲက အရေးကြီးပါတယ်။ ရတနာပုံ တယ်လီပို့မှာ ADSL ,Broadband, Wimax, IPstar, Metro Ethernet ,Dial-up ,FTTH ဆိုပြီး ရန်ကုန် မန်းလေး အခြေပြုသော service plan ခုနှစ်မျိုး ၊ ဆက်သွယ်ရေးက တိုင်းနှင့် ပြည်နယ်အနှံ့ မှာ ADSL ,IPstar, Dial-up ဆိုပြီး service plan သုံးမျိုးဖြင့် public ကိုရောင်းထားပါတယ်။
    ကျန် Maxwell တို့ ၊ RedLink(Wimax) တို့ ၊ Elite(CDMA internet) တို့ဆိုတာတွေက virtual ISP များဖြစ်ပါတယ်။ သူတို့မှာ ကိုယ်ပိုင် Infrastructure မရှိပါဘူး။ End user နှင့် သူတို့ base station ကြားအတွင်းသာ ချိတ်ဆက်မှု ရှိအောင် ဆောင်ရွက်နိုင်ပါတယ်။ သူတို့၏ DNS server , Proxy server တို့ကို ရတနာပုံ တယ်လီပို့မှ ဆာဗာများသို့ point လုပ်ကာ ထွက်ကြရပါတယ်။ဒါ့ကြောင့် အနှစ်ချုပ်ကြည့်ရင် ရတနာပုံ တယ်လီပို့က ထွက်တာ ဆက်သွယ်ရေးကထွက်တာ ရှိမယ်။
    ယနေ့ဒို့တိုင်းပြည်မှာ bandwidth စုစုပေါင်း 7GB ၀န်းကျင်ရှိတယ်။ ဒါပေမယ့် ရတနာပုံ တယ်လီပို့ နဲ့ ဆက်သွယ်ရေးနှစ်ခုပေါင်းပြီး public အတွက် စုစုပေါင်းရတာက 1.2GB မကျော်ဘူး။ ဒီကိန်းဟာ ဒီနေ့ အင်တာနက် လိုင်းတွေကောင်း တယ်လို့ လူတွေပြောကြတဲ့ အချိန်မှာ ရတဲ့ bandwidth ပါ။ အများအားဖြင့် 1GB အောက်သာရှိပါတယ်။ကျန်တာတွေ ဘယ်သူတွေသုံးလို့ ဘယ်ရောက်နေလဲ မသိပါ။ ဒါ့ကြောင့် 10GB မကလို့ 100GB ရပါစေဦး public အတွက်မပေးရင် ဘာမှမထူးဘူး။ မြန်အောင်ပေးချင်ရင် ခုကတည်းကပေးလို့ ရပါတယ်။ သိပ်ဝမ်းသာမျှော်လင့် နေကြမှာစိုးလို့ ကြိုတင်သတိပေးတာပါ။ နောက်မှ လက်မတို့ ဘူး အပြစ်မဆိုကြနဲ့

  1. Anonymous said... :

    ထောက်ခံပါတယ်

  1. Pyartamar said... :

    ကြိုက်တယ်ဗျာ၊ ကွန်မင့်ရေးတယ်ဆိုတာ ဒီလိုမှပေါ့။ အားအားယားယားဆဲဖို့ဆိုဖို့ရေးတာတွေက ကွန့်မင့်ကောင်းတွေကို တိမ်မြှပ်စေပါတယ်။ ကွန်မင့်ရေးတာကို အားပေးတယ် ၊ အကျိုးရှိအောင်ရေးကြဖို့ပါ။ မကြိုက်တာကိုလည်း အချက်အလက်နဲ့ လူကြီးလူကောင်းဆန်ဆန်ရေးသင့်ပါတယ်။ ကွန်မင့်ရေးခြင်းသည် ဆဲဖို့သက်သက်မဟုတ်ပါ။ စာရေးသူနဲ့ သက်ဆိုင်ရာ သတင်း၊ဆောင်းပါးစသည်တို့အပေါ် ဝေဖန်ထောက်ပြခြင်း၊ဖြည့်စွက်ခြင်းဖြစ်ပါသည်။ အကောင်းချည်းပြောရမည်မဆိုပါ။ ဆန့်ကျင်နိုင်သည်၊ ကန့်ကွက်နိုင်သည်၊ ထို့အတူ သဘောလည်းတူနိုင်သည်။ လွတ်လပ်စွာသဘောထားကွဲလွဲခြင်းအပေါ် လူကြီးလူကောင်းစိတ်ဓာတ်၊ ဒီမိုကရေစီစိတ်ဓာတ်ဖြင့် ရှုမြင်ရန်ဖြစ်သည်။

  1. နိုင်ပညာ said... :

    အပေါ်၂ယောက် သုံးသပ်တာနဲ. ပြည်.စုံလုံလောက်သွားပါပြီ။yes

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved